မြန်မာ အစိုးရ ရုံး စိုက်ရာ နေပြည်တော် မြို့ သို့  ရောက်ရှိ နေသည့် ဒေါ်အောင်ဆန်း စုကြည်
သည့် ယနေ့ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေး ပွဲ သို့ တက်ရောက် သည် ဟု
နေပြည်တော် မှ လာသည့် ရိုက်တာ သတင်း တစ် ရပ် တွင် ဖော်ပြထား သည်။
ဆွေးနွေး ပွဲ သို့  တက်ရောက် လာသည့် ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတ ၏ အကြံပေး သူ
ဖြစ်သည့် စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့် မှ ကြိုဆို နှုတ်ဆက်ကာ နေရာချထား ပေး
သည်။
ခန်းမ တွင်း ၀င်လာ သည့် ဒေါ်အောင်ဆန်း စုကြည် ကို တက်ရောက် လာသူ အား လုံး က သောင်း
သောင်းဖျဖျ ကြိုဆို နှုတ်ဆက် ကြသည်။
FNG မှ ထိုဆွေးနွေး ပွဲ သို့ တက်ရောက် လာသည့် လုပ်ငန်း ရှင် တစ်ဦး ကို ဆက်သွယ် မေးမြန်း
ကြည့် ရာ သူက အတို ချုံး ၍ ” အန် တီ ၀င်လာ တော့ မီး ကို ရေ နဲ့  ငြိမ်း လိုက် သလို ပဲ အား
လုံး ပျော်ကြတယ် ” ဟု တိုတို တုတ် တုတ် ပြောကြာ သွား သည်။
ဆွေးနွေးပွဲ သို့ တက်ရောက် လာသည့် ဒေါ်အောင်ဆန်းစုကြည် ကို မိုးလေ၀သ ပညာရှင် ဒေါက်
တာ ထွန်းလွင်၊ စစ်ဘက် အရာ ရှိ များ ၊ ၀န်ကြီးများ ၊ စီးပွား ရေး လုပ်ငန်း ရှင်များ ဖြစ်သည့် ဦးဇော်ဇော်
၊ ဦး ထွန်းမြင့် နိုင် (စတီဗင် လော)ဦးအောင်ကိုဝင်း၊ ဦးဝင်းအောင်၊ ဇေကမ္ဘာ ဦးခင်ရွှေ
တို့  မှ ခရီးဦး ကြို ပြု ကြသည်။
နေပြည်တော်တွင် ကျင်းပသည့် Macro Economic Reform Workshop စီးပွါးရေး အလုပ်ရုံဆွေးနွေးပွဲ
ကို တက်ရောက်ခဲ့ သည့် ဒေါ်အောင်ဆန်း စုကြည် သည် ယနေ့ ညနေ တွင် ရန် ကုန် မြို့  နေအိမ် သို့ ပြန်လည်
ရောက် ရှိ မည် ဖြစ်သည်။
ယမန်နေ့ က ပြည်ထောင်စု သမ္မတ ဦးသိန်းစိန် နှင့် တွေ့ ဆုံ ရခြင်း သည် အားရ စရာ ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာန သို့ ပြောကြားသည်။



Coming Soon ….
The Hobbit : An Unexpected Journey
( Director : Peter Jackson) (Prequel of the Lord Of the Ring)



” အန် တီ ၀င်လာ တော့ မီး ကို ရေ နဲ့  ငြိမ်း လိုက် သလို ပဲ အား
လုံး ပျော်ကြတယ် ”(မေတ္တာတရားသည်အရာရာကိုအောင်စေသည်) ၀မ်းသာလိုက်တာ အမေ ရယ်။ဒုက္ခရောက်နေတဲ့မြန်မာပြည်သူ ပြည်သားအားလုံးကိုအမြန်ဆုံးကယ်နိုင်ပါစေ။
ဒေါ်စုက..ဘယ်နေရာမဆိုထိုင်နိုင်ပါတယ်…ပြည်သူတွေပျော်နေတာကိုပဲမြင်ချင်တဲ့သူပါ။အမေစုကိုဒီထက်ပိုမြင့်ပြီးထိုက်တန်တဲ့နေရာမှာမြင်ရတော့အတိုင်းအဆမရှိပျော်ကြရမှာပေါ့နော်။
အမေစုကိုဒီထက်ပိုမြင့်တဲ့ထိုက်တန်တဲ့နေရာတခုမှာမြင်ချင်ပါသေးတယ်။