လစ်ဗျား အသွင် ကူးပြောင်း ရေး ကောင်စီ ရဲ့  အကြီး အကဲ တစ်ဦး ဖြစ်သူ Mahmoud Jibril
က လက်နက် ကိုင် တွေ ဟာ ထရီပိုလီ တစ်မြို့  လုံး ကို သိမ်း ပိုက် နိုင် ပြီ လို့  ဆိုပါတယ်။ တရုတ်
အစိုးရ က လည်း လစ်ဗျား အတိုက် အခံ များ ကို လို အပ် သည့် အကူအညီ များ ပေးမည် ဟု
ကမ်းလှမ်း ခဲ့ ပြီး ဆန္ဒပြည့်ဝ အောင် ပြုလုပ် နိုင် သည့် ပြည်သူများ ကို ချီးကျူး သည် ဟု ပြော
ဆို ခဲ့ သည်။
ထရီပိုလီ မြို့ ထဲ ကို ၀င်ရောက် လာတဲ့ လက်နက် ကိုင် ဒီမိုကရေစီ ရေး လှုပ်ရှား သူ တွေ ကို
ထောက် ခံ တဲ့ အနေနဲ့  အချို့ အိမ် တွေ ဟာ အတိုက်အခံ တွေ ရဲ့  အလံ တွေ ကို လွှင့် ထူထား
ခဲ့ ပါတယ်။
၁၉၆၉ ခုနှစ် ကဒါဖီ အာဏာသိမ်းစဉ် ကထိပ်တန်း စစ်ဗိုလ်ချုပ် တစ်ဦး ဖြစ်တဲ့ Abdel Salam
Jalloud က လစ်ဗျား လက်နက်ကိုင် တွေ နဲ့  ပူပေါင်း ခဲ့ ပါတယ်။ သူက “ကဒါဖီ ဟာ အများဆုံး
ဆယ်ရက် ပဲ လို့  ထုတ် ဖော်ပြောကြား ခဲ့ ပါတယ်။
လစ်ဗျား အစိုးရ (ကဒါဖီ) အာဘော် ရုပ်သံ တင်ဆက်သူက သေနတ် ကိုင်ပြကာ ရုပ်မြင်သံ
ကြားလိုင်း ကို သူပုန် များ မသိမ်း ပိုက် မိရန် အသေခံ ပြီး ခုခံ သွား မည် ဟု ဆိုသည်။ လက်
နက် ကိုင် တွေ မြို့  တွင်း ကို ၀င်ရောက်လာရာမှ ခုခံ မှု တွေ မရှိ သလောက် ဖြစ်ပြီး မြို့ တော်
ရဲ့  အနောက် ပိုင်း နဲ့  တောင်ပိုင်း ဟာ ကဒါဖီ လိုလား သူ တွေ လက်အောက် ကို ကျရောက်
သွား ပြီ ဖြစ်ပါတယ်။
ကဒါဖီ ကို ဆန့် ကျင် သူတွေ ဟာ စစ်ကြောင်း သုံးကြောင်းနဲ့  ချီတက် လာပြီး မြို့  ရဲ့  တောင်
ဘက်ပိုင်း ကနေ ၀င်လာ တဲ့ လစ်ဗျား လက် နက် ကိုင် တွေ ဟာ ထရီပိုလီ မြို့ စွန် မှာ ရှိ တဲ့
ကဒါဖီ ဆန့် ကျင်သူတွေကို ဖမ်းဆီးထောင် ချထား ရာ အဘူ ဆာလင် အကျဉ်းထောင်ကို
သိမ်းပိုက် နိုင် ပြီး မြို့  အရှေ့ ပိုင်း က နေ ၀င် ရောက် လာတဲ့ လက်နက် ကိုင် တွေ က တော့
မာတီဂါ နိုင်ငံ တကာ လေဆိပ် ကို သိမ်း ပိုက် နိုင် ပြီ ဖြစ် ပါတယ်။
Two Hours Ago လစ်ဗျား စံတော်ချိန် မနက် မိုးလင်း မှာ ရေဒီယို နဲ့  ရုပ်သံ က နေ ကဒါဖီ က
ကျုးကျော် သူ တွေ ကို ခု ခံ ကြ တိုက် ခိုက် ကြ လို့  ဆို ပေမယ့် ကဒါဖီ က မြို့  ထဲ မှာ မရှိ တော့ ဘူး
လို့  ကောလဟာလ တွေ လဲ ထွက် ပေါ် နေ ပါတယ်။ ကဒါဖီ ရဲ့ သား ဖြစ်သူ Saif al-Islam ကလည်း
တစ်ည လုံးရေဒီယို ကနေ အသံသွင်း ထားတဲ့ တိပ် နဲ့  ကျူးကျော် သူတွေ ကို နောက် ဆုံး သွေး
တစ်စက် ကျန်တဲ့ အထိ တိုက် မယ် ဆိုပေမယ့် သူ တို့  တွေ မရှိ တော့ ဘူး လို့  ဖေဖော်ဝါရီလက ထရီ ပိုလီ မှာ
ကဒါဖီ ဆန့် ကျင် ဆန္ဒပြ ပွဲ တွေ စတင် စဉ် က ဦးဆောင် ခဲ့ သူ Bashir Sewehli က အယ်(လ)
ဂျာဇီယား သတင်း ဌာန ကို ပြောပါတယ်။
လစ်ဗျား စံတော်ချိန် မနက် လေးနာရီ မှာ ထရီပိုလီ မြို့ ထဲ မှာ အရမ်း ကျယ်လောင် တဲ့ ပေါက်ကွဲ
သံ ငါးခု ကြား ရပြီး တစ်ခု ကတော့ ထရီပိုလီ ရဲ သိပ္ပံ နား မှာ ဖြစ် ပြီး မနက် လင်းစမှာ ရဲ တွေ လည်း
သူတို့ ရဲ့  စခန်း တွေ က နေ ထွက် ပြေးကြတယ် လို့ ဆိုပါတယ်။
(Four Hours Ago) လစ်ဗျား လေတပ်စခန်း ရှိ တဲ့ မီတီဂါ လေဆိပ် ကို လစ်ဗျား လက်နက်
ကိုင် တွေ က သိမ်းပိုက် ထားလိုက် ပြီး အယ်(လ)ဖာတက် တက္ကသိုလ် ဘက်မှာ တော့ ထရီပို
လီ မြို့ ခံ တွေ ဟာ သူ တို့ လှို့ ဝှက် ထား တဲ့ လက်နက် တွေ နဲ့  ထွက်လာ ပြီး မြို့ ထဲ ၀င်ရောက်
လာတဲ့ လက်နက် ကိုင် တွေ နဲ့  ပူးပေါင်း တယ် လို့  လစ်ဗျား အတိုက် အခံ ရေဒီယို က ကြေငြာ
ပါတယ်။
(Six Hours Ago) လစ်ဗျား စံတော် ချိန် နံနက် သုံးနာရီ မိနစ် ၃၀ အချိန် နောက်ဆုံး သိရတဲ့ သတင်း တွေ အရ
ကဒါဖီ ရဲ့  တပ်တွေ ဟာ ၀င်ရောက် လာတဲ့ လက်နက် ကိုင် တပ် တွေ ကို လက်နက် ချပြီး အညံ့
ခံ ကြပါ တယ်။ မြို့ ခံ လူထု က လည်း ကဒါဖီ ကို ဆန့် ကျင် သူတွေ ကို သောင်းသောင်း ဖျဖျကြို
ဆိုကြပါတယ်။

(Twelve Hours Ago) ခြောက်လကြာ လစ်ဗျား ခေါင်းဆောင် မွမ်မာ ကဒါဖီ ကို အန်တုန် နေကြတဲ့ လစ်ဗျား လက်နက်
ကိုင် ဒီမိုကရေစီ လို လား သူ တွေ ဟာ နောက်ဆုံး မှာ တော့ ထရီပိုလီမြို့  ထဲ ကို ၀င်ရောက် သွား
ကြပါပြီ။ လစ်ဗျား မြို့ တော် ထရီပိုလီ မှာ စနေ နေ့ တစ်ညလုံး ပေါက်ကွဲ သံ တွေ သေနတ် ပစ်
သံတွေ နဲ့  ဆူညံ နေတယ် ပါတယ်။ ထရီပိုလီ က နိုင်ငံခြား သတင်း ထောက် တွေ ဟာ သူ တို့ 
တည်း နေတဲ့ ဟို တယ် က နေ ပေါက် ကွဲ သံ တွေ ကို ကြား နေရတယ် လို့  ဆိုပါတယ်။
လစ်ဗျား လက်နက် ကိုင် တွေ ဟာ ထရီပိုလီ မြို့  ကို အရှေ့  နဲ့  အနောက် က ၀င်ကြတာ ဖြစ်ပြီး
မစ်ဆာရာတာ မြို့ က နေ ဇီလ်တန် မြို့  ကို သိမ်းယူ ပြီး တဲ့ လက်နက်ကိုင် တွေ ဟာ အရှေ့ ဘက်
ကနေ ၀င်ပြီး အနောက်ဘက် တောင်တန်း တွေ ကနေ ဇ၀ီယာ မြို့  ကို သိမ်းယူ ပြီး တဲ့ လက်နက်
ကိုင် တွေ က တော့ အနောက် ဘက် နဲ့  မြေထဲပင် လယ် ကမ်း ခြေ ဘက် က ၀င်တာ ဖြစ်ပါတယ်။
စနေ့ နေ့ မနက် အာရုံတက် နဲ့  သောကြော နေ့ ညဘက် မှာ နေတိုး က လေကြောင်း ပစ် ကူ နဲ့ 
ထရီပိုလီ မြို့  ကို စစ်ရေး ပစ်မှတ် တွေ ကို ဆက်လက် တိုက် ခိုက်ရာ မှာ ကဒါဖီ ရဲ့  ထောက်လှမ်း
ရေး ညွှန်ကြားရေး မှုး ချုပ် နဲ နိုင်ငံခြား ရေး ၀န်ကြီး ရဲ့  ညီတွေ ထိမှန် ပြီး သေဆုံး ခဲ့ ပါတယ်။
ထရီပိုလီ မြို့  ထဲ ကို ၀င်ရောက်လာတဲ့ သူပုန် တွေ ကို ဖမ်းဆီး နိုင်ခဲ့ တယ် လို့  လစ်ဗျား နိုင်ငံခြား
ရေး မူဆာ အီဘရာ ဟင်က ပြော ပါတယ်။ ကဒါဖီ က သူ့ ကို လိုလား သူတွေ ကို လက်နက် တွေ
ထုတ်ပေး ပြီး သင်တန်း တွေ ပေး နေ ပေမယ့် အခု သူပုန်တွေ မြို့  ထဲ ၀င်လာ တဲ့ အထိ အပြင်း
အထန် ခုခံ မှု တွေ မတွေ့ ရ ဘူး လို့  အယ်(လ)ဂျဇီးယား ရုပ်သံ က ထုတ်လွှင့် သွား ပါတယ်။
The Battle for Libya (New York Times Photo Gallery)
လစ်ဗျား နိုင်ငံ က အကြီး ဆုံး ရေနံ သန့် စင် စက်ရုံ ရှိ တဲ့ ဘရီဂါ မြို့  ကို မနေ့ က လစ်ဗျား လက်
နက် ကိုင် တွေ က သိမ်း ပိုက် ထား လိုက် နိုင် ပြီး ရစ် လာ နုဖ် နဲ့  ကဒါဖီ ရဲ့  ဇာတိ မြို့  ဖြစ်တဲ့ ဆာတ်
မြို့  တွေ ကို သိမ်းပိုက် ဖို့  ဆက်လက် ချီတက် နေကြပါတယ်။
ထရီပိုလီ မြို့  သိမ်း တိုက်ပွဲ ကို လစ်ဗျား လက်နက် ကိုင် တွေ က Operation Mermaid လို့ 
အမည်ပေး ထား ပြီး နေတိုး ရေတပ် က သင်္ဘော တွေ က လည်း လစ်ဗျား ရေပိုင် နက် အပြင်
ကနေ ထရီပိုလီ မြို့  ကို ၀န်းရံ ပိတ် ဆို့  ထား ကြပါတယ်။ Mermaid (ရေသူမ) ဆိုတာ ထရီ
ပိုလီ မြို့  ရဲ့  နာမည် တစ် ခု ဖြစ်ပြီး အခု မြို့  သိမ်း တိုက် ပွဲ ကို Operation Mermaid Dawn လို့ 
အမည် ပေးထား တာ လို့  လက်နက်ကိုင် တပ်ဖွဲ့  က ဗိုလ်မှုးကြီး ဖာဒါလ ဟာရွန် က ပြော
ပါတယ်။
ထရီပိုလီ မြို့  ကို စသိမ်းတာ ရာမာဒန် ဥပုတ် ကာလ ရဲ့  ၂၀ ရက်နေ့ မြောက်မှာ ဖြစ်ပြီး
A.D. 624 မွတ်စလင် တွေ မက္ကာ မြို့  ကို တိုက်ခိုက် သိမ်းပိုက် နိုင်တဲ့ ဘာဒါ တိုက် ပွဲ
ကို အစွဲ ပြု ပြီး ဒီနေ့ မှာ စတိုက် တာ လို့  လစ်ဗျား အသွင် ကူးပြောင်း ရေး ကောင်စီ
က သတင်း ထုတ် ပြန် ပါတယ်။
Source : Al Jazeera, AFP, Reuters, Fox News, Guardian, France 24, Al Arabia.
Tripoli Post.
Freedom News Group သည် လစ်ဗျား မြို့ သိမ်း တိုက်ပွဲ သတင်း ကို အချိန် နှင့် တပြေးညီ
တင်ဆက် သွား ပါမည်။

