ကဒါဖီ တို့ သား အဖ ပုန်းအောင်း နေရ
လစ်ဗျား စံတော် ချိန် အင်္ဂါ နေ့ မနက် အစော ပိုင်း လောက် မှာ လစ်ဗျား လက်နက် ကိုင် တွေ ဖမ်း
ဆီး ထား တဲ့
လစ်ဗျား စံတော် ချိန် ညနေ ငါးနာရီ နောက် ဆုံး ရရှိ တဲ့ သတင်းတွေ အရ လစ်ဗျား လက်နက်
ကိုင် တပ် ဖွဲ့  တွေဟာ ကဒါဖီ ရဲ့  ဗီဒီယို နဲ့  အသံ သွင်း တိပ်ခွေတွေ ကို ထုတ်လွှင့် ပေး ခဲ့တဲ့
လစ်ဗျား ရုပ်မြင် သံကြား ဌာန ကို သိမ်းပိုက် လိုက် ပြီ ဖြစ်ပါတယ်။
လစ်ဗျား ခေါင်းဆောင် မွမ်မာ ကဒါဖီ ဟာ ဗင်နီဇွဲလားဒါမှ မဟုတ် အယ်(လ)ဂျီးရီးယား နိုင်ငံ
ကို ထွက် ပြေး နိုင်တယ် လို့  ခန့် မှန်းကြပါတယ်။
နိုင်ငံခြား သတင်း ထောက်များ ရှိရာ ရီဇို ဟိုတယ် နားမှာ စခန်းချထား တဲ့ ကဒါဖီ သစ္စာခံ
တပ် တွေ ၊ ကဒါဖီ ပုန်းအောင်နေတယ် လို့  ယူဆရတဲ့ Bab al-Azizia စစ်စခန်းတွေ ကို
လစ်ဗျာဟ လက်နက် ကိုင် တွေ က အပြင်း အထန် ထိုး စစ်ဆင်နေ ပါတယ်။
ဖေဖေါ်ဝါရီလ ဆန္ဒပြပွဲ ဖြစ်စဉ် က ဆန္ဒပြသူ တွေ ကို နှိပ်ကွပ် ဖို့  အမိန့် ပေး စေခိုင်းမှု မှာ
မစ်ဆူရာတာ က ရောက် ရှိ လာတဲ့ တပ် ဖွဲ့  တွေ က  ဆိပ် ကမ်း မှာ မထင် မရှား ပုံသဏ္ဍန်
အသွင် နဲ့  ထွက် ပြေး ဖို့  လုပ် နေတုန်း ဖမ်းမိတာ ဖြစ်ပါတယ်။  CNN သတင်းမှာ တော့
သူဟာ အိမ်မှာ သတင်း ဌာန တစ်ခု နဲ့  ဖုန်းပြော နေတုန်းမှာ အဖမ်း ခံရတာ လို့  ဆိုပါတယ်။
သူဟာ ဖေဖော် ၀ါရီ လမှာ ဆန္ဒပြ သူ တွေ ကို လေယာဉ် နဲ့  ဗုံးကြဲ ပြီး တိုက် ခိုက် ဖို့  ဆုံး ဖြတ်
ခဲ့ သူ ဖြစ်ပါတယ်။
__________________________________________________________
ကဒါဖီ ရဲ့  တွေး ပုံ.…… ……………ထရီပိုလီ မြို့ ဟာ ကဒါဖီ အုပ်ချုပ် ရေး နှစ် ၄၀ မှာ ကောင်
စား ခဲ့ တဲ့ ကဒါဖီ သစ္စာ ခံ ၇၀ ရာ ခိုင် နှုန်း ကျော် နေကြတာ ဖြစ်ပါတယ်။ ကဒါဖီ က တော့ မြို့  ထဲ ကို ဒီ
လူတွေ ၀င် လာရင် သူထုတ် ပေး ထား တဲ့ လက်နက် တွေ နဲ့  ခံ တိုက်မယ် လို့  ထင်ထားတယ်။
(၂၀၀၂ ခုနှစ် မှာ ဆက်ဒမ် ဟူစိန် က လက် နက် ထုတ်ပေး ထားတဲ့ ဖီဒါ ယင်း ပြည် သူ့  စစ်တွေ
လို  ပေါ့)
ထရီပိုလီ မြို့ ခံ တွေ ရဲ့  တွေး ပုံ…………..စစ်ဦး ဘီလူး ဖြစ်တာ ကြောင့် ခံ တိုက်နေရင် အပို ပဲ
ကဒါဖီ လို ကောင်မျိုး သစ္စာ ခံ နေ လို့  အပို ပဲ …
သူပုန် တွေ ကိုယ် ကိုယ်စား ပြု တဲ့ အလံ တွေ ကို အိမ် ထဲ မှာ အဆင်သင့် ချုပ် ထား ကြတယ်။
သူပုန် တွေ ၀င် လာ တော့   အဲဒီ အလံ တွေ ကို လေထဲမှာ ဝှေ့  …. ကဒါဖီ ပေးထား တဲ့ သေနတ်
တွေ ကို လေထဲ မှာ ဖောက် ပြီး ကြိုဆို ကြတယ်။ အဲဒီ ထဲ မှာ ကဒါဖီ ရဲ့  ထိပ်တန်း ဗိုလ်ချုပ် တွေ
ပါပါ ၀င်တယ်။
_________________________________________________________
လစ်ဗျား စံတော် ချိန် မနက် ရှစ်နာ ရီ မှာ နောက် ဆုံး ရရှိ ရတဲ့ သတင်း တွေ အရ ကဒါဖီ ရဲ့ 
နေအိမ် ကို အပြင်း အထန် တိုက် ခိုက် နေကြ ပေမယ် ထရီပိုလီ မှာ ရောက်နေတဲ့ အယ်(လ)
အာရေးဗီးယား သတင်း ထောက် က တော့ ကဒါဖီ ဟာ တစ်နေ ရာရာ မှ မထင် မရှား နဲ့ ဇာတ်
သိမ်း သွား တာ ဖြစ် နိုင်တယ် လို့  သတင်း ပို့  ပါတယ်။
လစ်ဗျား အသွင် ကူးပြောင်း ရေး ကောင်စီ ရဲ့ လက်နက် ကိုင် တပ်ဖွဲ့  တွေ ဟာ ထရီပိုလီ မြို့ ထဲ
က လစ်ဗျား အသံ  လွှင့် ရုံ ကို သိမ်း ယူ ဖို့ ကြိုး စား နေ သလို့  ထရီပိုလီ မြို့ ထဲ က  အကြီး ဆုံး
စစ်စခန်း ဖြစ်တဲ့ ဘဘ်အယ်(လ) အက်ဇီဇီယား ကို လည်း ၀ိုင်း ပတ် ပိတ် ဆို့ ထား ပါတယ်။
ဒီစခန်း မှ ကဒါဖီ ပုန်းအောင် နေတယ် လို့  ယူဆထား ကြပါတယ်။
လစ်ဗျား နိုင်ငံခြား ရေး ၀န်ကြီးက တော့ သူပုန် တွေ ကြောင့် ထရီပိုလီ မြို့ ခံ ၁၃၀၀ ကျော်
လောက် အပြစ်မဲ့ စွာ အသက် ဆုံး ရှုံး ကြတယ် လို့  ဆိုပါတယ်။
လစ်ဗျား စံတော် ချိန် မနက် လေး နာရီ နောက် ဆုံး ရရှိ တဲ့ သတင်း တွေ အရ မြို့ ထဲ ကို လက်
နက် ကိုင် တွေ ၀င်လာ တဲ့ အခါ ကြီးမား တဲ့ ခုခံ မှု တွေ နဲ့  ကြုံရမယ် လို့  ခန့် မှန်း ခဲ့ ပေမယ့်
ထရီပိုလီ မြို့ ခံ တွေ နဲ့  လက်နက် ကိုင် အဖွဲ့  တွေက သောင်းသောင်း ဖျဖျ ကြိုဆို ကြပါတယ်။
လစ်ဗျား နက် ကိုင် တွေ ဟာ ထရီပိုလီ မြို့ လည် ကို ထိမ်း ချုပ် ထား နိုင် ပြီး ပင်လယ်ဆိပ်ကမ်း
ဆီ ကို ဦး တည် ချီတက် နေကြပါတယ်။
Updated လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကို ဆန့် ကျင် တဲ့ လစ်ဗျား လက်နက် ကိုင် တွေ ဟာ
တိုယိုတာ ပစ်ကပ် ကား အစီး နှစ်ရာ ကျော်လောက် နဲ့  ထရီပိုလီမြို့ ထဲ ကို ၀င်ရောက် လာကြ
ပြီး အာဇာနည် ရင် ပြင် လို့  အမည်ပြောင်း ခေါ် ထား တဲ့ အစိမ်းရောင် ရင် ပြင် မှာ သေနတ် တွေ
မိုးပေါ် ထောင် ပစ် ၊ မီးရှုး မီး ပန်း တွေ ပစ် ဖောက် ပြီး အောင် ပွဲခံ နေကြပါတယ်။
လစ်ဗျား အသွင် ကူးပြောင်း ရေး ကောင်စီ ရဲ့  လက်နက် ကိုင် တပ် ဖွဲ့  တွေ ထဲ က အထူးတပ်
ဖွဲ့  တွေ ဟာ ထရီပိုလီ မြို့ ထဲ မှာ ပဲ ပုန်းအောင် နေမယ် လို့ ထင်ရတဲ့ ကဒါဖီ ကို လိုက်လံ ရှာ
ဖွေ နေကြပါတယ်. သူ့ ရဲ့  သား နှစ် ဦး သည် ဟိဂ် နိုင်ငံ တကာ တရား ရုံး ကို မကြာခင် လွှဲ
ပေး မယ် လို့  ဆိုပါတယ်။
နောက်ဆုံး ရရှိ တဲ့ သတင်း တွေ အရ လစ်ဗျား အသွင် ကူးပြောင်း ရေး ကောင်စီ ရဲ့  လက်နက်
ကိုင် တပ် ဖွဲ့  တွေ ဟာ ထရီပိုလီ နိုင်ငံတကာ လေဆပ် နဲ့  အဝေး ပြေး လမ်းမကြီး တွေ ကို ဖမ်း
ဆီး နိုင် ခဲ့ ပြီး မိုမန် ကဒါဖီ ကို မကြာမှီ ဖမ်း ဆီး နိုင် တော့ မယ် လို့  ဆိုပါတယ်။
နောက်ဆုံး ရရှိတဲ့ သတင်း တွေ အရ ကဒါဖီ ရဲ့ ကိုယ်ရံ တော် တပ် ဖွဲ့  ၀င် တပ်က လည်း လက်
နက်ချ အညံ့ ခံ လိုက် ပြီ လို့ အယ်(လ)ဂျာဇီးယား ရုပ်သံ က ထုတ် လွှင့် သွား ခဲ့ ပါတယ်။
လစ်ဗျား ခေါင်းဆောင် မိုမာ ကဒါဖီ ရဲ့  သား နှစ်ဦး ဖြစ်တဲ့ Saif al-Islam and Saadi  တို့ ကို
ထရီပိုလီ မြို့ ထဲ ၀င်ရောက် လာတဲ့ လစ်ဗျား လက်နက်ကိုင် ဒီမိုကရေစီ လိုလားသူ တွေ က ဖမ်း
ဆီးလိုက် ပါတယ်။ ကာရစ်ဘီယံ ကျွန်းမှာ အပန်းဖြေထွက် စဉ် က တစ်ရက် တည်း ကို ဒေါ်လာ
နှစ်သန်း ကျော် ထိ သုံး စွဲ ခဲ့ တဲ့ သားအကြီး Saif- Al- Islam  က သူ့ ကို သူပုန် တွေ ဖမ်း
ဆီး ရမိတော့ သည်းထန် စွာ ငိုကြွေးတယ် လို့  ဆိုပါတယ်။
အဖမ်းခံ ရစဉ် မှာကြူကြူ ပါအောင် ငိုကြွေးတဲ့ ကဒါဖီ ရဲ့ သားအကြီး ဆာအိဖ် ကဒါဖီ
သားအကြီး ကို ဖမ်းဆီး ရမိတာ ဖြစ်ပြီး သား အငယ် က တော့ လက်နက် ချ အညံခံ လိုက်တာ
ဖြစ်ပါတယ်။
အခုဖမ်းဆီးရမိတဲ့ သူထဲက တစ်ဦး ဖြစ်တဲ့ Saadi ဟာ ဖေဖေါ်ဝါရီလ လစ်ဗျား မှာ လူထုအုံကြွမှု
မစတင်ခင် နှစ်ရက် အလိုက အမေရိကန် အစိုး ရ က ဖိတ်ကြားမှု နဲ့  အမေရိကန် နိုင်ငံ ကော်လို
ယာဒို ပြည်နယ် ၊ ကော်လိုယာဒို စပရင်းက အမေရိကန် ရဲ့  လေတပ် စခန်း ကို လာရောက် လည်
ပတ် ခဲ့ ပါတယ်။
Saif al-Islam Gadhafi  ကို International Criminal Court ကလည်း အလို ရှိ နေတာ ဖြစ်
ပါတယ်။ သူဟာ ကဒါဖီ ရဲ့  အစိုး ရ အဖွဲ့  ထဲ မှာ လက်နက် ကိုင် တပ် များ ကို ညွှန်ကြား ရတဲ့ အရေး
ပါဆုံး သူ တစ်ဦး ဖြစ်ပါတယ်။
လစ်ဗျား လက်နက် ကိုင် တွေဟာ  မြို့ ရဲ့  ၆၅ ရာ ခိုင် နှုန်း ကို သိမ်းပိုက် နိုင် ခဲ့ ပြီး နာမည် ကျော်
Green Square ကို Martyr Square လို့  အမည် ပြောင်း ခဲ့ ပါတယ်။ ဒီရင် ပြင် ဟာ ဖေဖော်ဝါရီ
လက ကဒါဖီ ကို ဆန့် ကျင် တဲ့ အုံ ကြွမှု တွေ စတင် ခဲ့ တာ ဖြစ်ပါတယ်။
ထရီပိုလီ တွင် လစ်ဗျား ပြည်သူများ အောင်ပွဲ ခံနေစဉ်
အတိုက်အခံ တွေ ထိမ်းချုပ် ထား ရာ ဘန်ဂါဇီ မြို့  မှာ တော့ ပြည် သူ တွေ က ညလုံး ပေါက် အောင်
ပွဲ ခံ နေကြပါတယ်။
ကဒါဖီ က အသံသွင်းထား တဲ့ တပ်ခွေ ကနေ ပြည်သူ တွေ ကို ပြောကြား ရမှာ လက်နက် စွဲ ကိုင် ပြီး
ကျူးကျော် သူတွေ ကို မောင်း ထုတ်ကြ ၊ အိမ် ထဲ မှာ မနေ ကြ နဲ့  လို့  ဆို ပါတယ်။ ဗိုလ်မှုးကြီး မွမ်မါ
ကဒါဖီ ဟာ ၁၉၆၉ ခုနှစ် က အာဏာသိမ်း ယူ ခဲ့ ပြီး ၄၂ ကြာ နိုင်ငံ အာဏာ ကို သိမ်းပိုက် ထား ခဲ့ ပါ
တယ်။
Absolute power may let to absolute crazy. (Watch this Gaddafi Video Joke)