ကဒါဖီ့ နေအိမ်ဝန်း ကို ဒီမိုကရေစီ လိုလား သူတွေ သိမ်းပိုက် လိုက်ပြီ (Video)

လစ်ဗျား စံတော်ချိန် ညနေ လေးနာရီ မှာ ကဒါဖီ ရဲ့  ဘဘ် အယ်(လ) အဇီဇီယာ နေအိမ် ခြံဝန်း
ကို သိမ်းပိုက် လိုက် နိုင်ပါတယ်။ ဒီအိမ်ခြံဝန်း ထဲ မှာ ရွှေ နဲ့  ပြုလုပ် ထားတဲ့ ကဒါဖီ ရဲ့  ရုပ်တု ကို
ဖြိုချလိုက်ပါတယ်။ လေယာဉ် ပစ် အမြောက် တွေ ပါထား ရှိတယ် ဆိုတဲ့ ကဒါဖီ ရဲ့  ခြံဝန်းမှာ ဗလီ
တစ်ခု ရှိ ပြီး ဒီတပ်စခန်း နဲ့  တွဲလျှက် ရှိ တဲ့ ခြံဝန်းဟာ လစ်ဗျား နိုင်ငံ က အာဏာရှင် စနစ် ရဲ့ 
သင်္ကေတ လို့ ဆိုပါတယ်။

၁၉၈၆ ခုနှစ် အမေရိကန် လေတပ် က  Bab Al Azaziya တပ်စခန်း ကို တိုက်ခိုက် စဉ် က
ပထမ ဦးဆုံး ပျက်ကျခဲ့ တဲ့ လေတပ် တိုက်လေယာဉ် ကို ကျစ်ကျစ် ပါတဲ့ လက်သီး နဲ့  ဆုပ်ကိုင်
ထား တဲ့ ရုပ်တု နဲ့  ဗုံးဒဏ်ကြောင့် ပျက်စီး နေတဲ့ အဆောက် အဦ တစ်ခု ကို မပြင်ဆင် ပဲထား
ရှိပါတယ်။

နိုင်ငံ အရှေ့ ပိုင်း ရပ်(စ)လာနုဖ် မြို့  က  ရေနံ တွင်း တွေ ကို လည်း လစ်ဗျား လက်နက် ကိုင် တွေ
က သိမ်းပိုက် နိုင်တဲ့ အတွက် ရေနံ ဈေး တွေ ကျဆင်း သွား ခဲ့ ပါတယ်။

လစ်ဗျား အသွင်ကူး ပြောင်း ရေး ကောင်စီက ထရီပိုလီ မြို့ သိမ်း တိုက်ပွဲ နဲ့  ပတ်သက်ပြီး သတင်း
ထုတ်ပြန်ရာမှာ လူ လေးရာ ကျော် သေဆုံးပြီး ၂၀၀၀ ကျော် ဒဏ်ရာရရရှိ ခဲ့ တယ်လို့  ဆိုပါတယ်။

ကဒါဖီ ၏ အထိမ်းအမှတ် ပျက်ကျသွားသည့် အမေရိကန် လေယာဉ် ရှိ ရာ ဘဘ် အယ်(လ)ဇာဇီယာ တပ်စခန်း

လစ်ဗျား နိုင်ငံ နဲ့  ပတ်သက်ပြီး နောက် ဆုံး သိရတဲ့ သတင်း တွေ အရ တော့ ကဒါဖီ ပုန်းအောင်း
ရာ နေရာ ကို လက်နက်ကိုင် တွေ က ၀ိုင်းပတ် ပိတ် ဆို့ ထား ပြီး ၊ လေဆိပ် မှာ လည်း တိုက် ပွဲ
တွေ ပြင်း ထန် နေတယ် လို့  ဆိုပါတယ်။

ကဒါဖီ ရဲ့  သား ဖြစ်သူက ထရီပိုလီ မြို့  ကို သူ့  အဖေ ထိမ်းချုပ်ထား နိုင်တယ် ပြောပေမယ့်
အမေရိကန် သမ္မတ အိုဘားမား ကတော့ ကဒါဖီ ရဲ့  ခောတ် ကုန် သွား ပြီ လို့  ဆိုပါတယ်။
ကမ္ဘာ့ သမိုင်းမှာ အဆိုးဆုံး အာဏာရှင် ဇာတ်သိမ်း သွားပြီ လို့  အိုဘားမား က ပြောဆိုခဲ့ တာ
ဖြစ်ပါတယ်။


နောက်ဆုံး ရရှိ တဲ့ သတင်း တွေ အရ လစ်ဗျား ပြည်သူတွေ ဟာ အင်တာနက် ကို ပြန်သုံး နိုင်
ပြီ ဖြစ်ပါတယ်။ ကဒါဖီ အစိုးရ ဟာ ဖေဖော်ဝါရီ လမှ သူ့  ကို ဆန္ဒပြမှု တွေ စတင် ကတည်းက
ဖြတ်တောက် ထားတာ ဖြစ် ပြီ ထရီပိုလီ မြို့  မှာ တော့ အင်တာနက် ဖြတ်တောက် ခံ ထား ရ
တာ ခြောက်လ ကျော် ပြီ  ဖြစ်ပါတယ်။

NTC ( လစ်ဗျား အသွင် ကူးပြောင်း ရေး ကောင်စီ) ရဲ့  လက် နက် ကိုင် တွေ ဟာ ထရီပိုလီ မြို့ 
က လစ်ဗျား အင်တာ နက် နဲ့  ဆက်သွယ် ရေး ရုံး (Libya Internet) ကို သိမ်းပိုက် ပြီး နောက်
ပြည်သူ တွေ ကို အင်တာ နက် သုံး နိုင် ခွင့် ကို ပြန် လည် ခွင့် ပြု လိုက်တာ ဖြစ်ပါတယ်။

လစ်ဗျား လက်နက် ကိုင် တွေ ဟာ ဘရီဂါ ၊ ရစ် လာ နူဖ် နဲ့  ထရီပိုလီ က အကျဉ်းထောင် တွေ
ရဲ စခန်း တွေ မှာ ချုပ် နှောင် ဖမ်းဆီး ခံထား ရတဲ့ လစ်ဗျား နိုင်ငံ ရေး အကျဉ်းသား တွေ ကို
ပြန်လည် လွှတ် ပေး လိုက် ပြီ ဖြစ်ပါတယ်။

လစ်ဗျား နိုင်ငံ မှာ ကဒါဖီ ရဲ့  အုပ် ချုပ် ရေး က ပြီး ဆုံး သွား တာ မှန် ပေမယ့် နိုင်ငံ အာဏာကို
၄၂ ကြာ ချုပ်ကိုင် ထားတဲ့ ကဒါဖီ တို့  သား အဖ တစ် တွေ လွတ် မြောက် နေဆဲ ရှိ ပါတယ်။
အင်္ဂါ နေ့ မနက် အစော ပိုင်း က ကဒါဖီ ရဲ့  သား အကြီး ဆုံး Saif Islam Gadaffi ဟာ လူမြင်
ကွင်း ကို ထွက် လာ ပြီး သူ အဖမ်း အခံ ရတာ မမှန် ဘူး။ သူပုန် တွေ လိမ်တာ… ၊ ဒီ ကလေက
ဝ တွေ ကို မောင်း ထုတ် မယ် ဆို ပြီး သူ့ ကို ထောက်ခံ တွေေ ရှ့ မှာ ပြော ခဲ့ ပါတယ်။

လစ်ဗျား လက်နက် ကိုင် တွေ ဖမ်းထား တဲ့ နောက်ထပ် သား တစ်ဦး က လည်း သူပုန် တွေ
က ခေတ္တဌာန ချုပ် ဖွင့် ထား တဲ့ ထရီပိုလီ မြို့  အရှေ့ ဘက် က ဟိုတယ် တစ်ခု က နေ ထွက်
ပြေး လွတ် မြောက် သွားတယ် လို့  ဆိုပါတယ်။

ထရီပိုလီ မြို့  ရဲ့  ကိုးဆယ် ရာ ခိုင် နှုန်း ကို သိမ်းမိထား တဲ့ ဒီမိုကရေစီ လိုလား တဲ့ လက်နက်
ကိုင် တွေ ဟာ ကဒါဖီ ကို ဖမ်းဆီး မိ နိုင် ရေး နဲ့  သူ့ ရဲ့  ကာကွယ် ရေး ၀န်ကြီး ကို ဖမ်းဆီး မိ
နိုင် ရေး တို့  အတွက် လိုက်လံ ရှာ ဖွေ မှု စစ်ဆင် ရေး ကို စတင် နေကြပါတယ်။

ကဒါဖီ ရဲ့  သားအကြီး ဆုံး က သူ့ ဖင် ဟာ လုံခြုံ စွာ ရှိတယ် လို့   ရိုဇာ ဟို တယ် မှာ သတင်း
ထောက် တွေ ကို ပြော ပါတယ်။

ကဒါဖီ ရဲ့  ဇာတိ မြို့  ဖြစ်တဲ့ ဆာတ် မှာ တော့ ကဒါဖီ ကို သစ္စာ ခံ တဲ့ တပ် တွေ က ဆက်လက်
ထိမ်းချုပ် ထား ဆဲ ဖြစ် ပြီး အဲ ဒီ မြို့  က နေ စကဒ် ဒုံး ကျဉ် တွေ နဲ့  အတိုက် အခံ တွေ ထိမ်း
ချုပ်ထား တဲ့ မစ်ဆာရာ တာ မြို့  ကို လှမ်း ပစ် နေ တယ် လို့ လစ်ဗျား က လာတဲ့ သတင်း တွေ
မှာ ဖော်ပြထား ပါတယ်။

One thought on “ကဒါဖီ့ နေအိမ်ဝန်း ကို ဒီမိုကရေစီ လိုလား သူတွေ သိမ်းပိုက် လိုက်ပြီ (Video)

  1. စာလုံးပေါင်းလေးတွေ သေချာစိစစ်စေချင်ပါတယ် .. ဒီဆိုဒ်ကို မနက်တိုင်း ဖွင့်ကြည့်နေကျပါ .. တစ်ခါတလေ စာလုံးပေါင်းတွေ မမှန်ရင် စိတ်ထဲမှာ တစ်မျိုးဖြစ်တယ် .. ခုဘဲ ကြည့်လေ (ကဒါဖီ ရဲ့  သားအကြီး ဆုံး က သူ့ (ဖင်) ဟာ လုံခြုံ စွာ ရှိတယ် လို့  ရိုဇာ ဟို တယ် မှာ သတင်းထောက် တွေ ကို ပြော ပါတယ်။) ဖခင် ဟာ လို့ ပြောပေမဲ့ ခ ကျနေတော့ တော်တော် ကသိကအောက်ဖြစ်ပါတယ် ..

Comments are closed.