ထောက်လှမ်းရေး ဟောင်းတွေ တစ်စခန်းထ

ပြည်ထောင်စု လွှတ်တော် အစည်း အဝေး စတင် ပြီး ဒုတိယ မြောက် နေ့ မှာ မြန်မာ အစိုးရ ရုံး
စိုက် ရာ နေ ပြည်တော် မြို့  မှာ လုံခြုံရေး အင်အား သိသိသာသာ တိုးမြှင့် ချထား တယ် လို့ သိ
ရပါတယ်။

ဘာကြောင့် အခု လို တိုးမြှင့် ချထား လဲ ဆို တာ နဲ့  ပတ်သက် ပြီး နေပြည်တော် လေဆိပ် ဆောက်
လုပ် ရေး လုပ်ငန်း ခွင်က ၀န်ထမ်း တစ်ဦး ကတော့ ” ၀န်ထမ်းတွေ အရပ်သား တွေ နေတဲ့ ဘက်မှာ
တော့ ဘာမှ မဖြစ်ဘူး ၊ အစိုးရ အဖွဲ့ က လူတွေ နေတဲ့ ဘက်မှာ ပဲ … အဲဒီ ဘက်မှာ ဆောက်လုပ်ရေး
တွေ လဲ ရပ်ထား တယ် အပြင် လူ ပေး မ၀င် တော့ ဘူး ” လို့ ပြောပါတယ်။

နေပြည်တော် လုံခြုံ ရေး တိုးမြှင့် တဲ့ သတင်း နဲ့  တစ်ဆက်တစ်ဆပ် တည်း ကြားရတဲဘသတင်း
တစ်ခု ကတော့ ယခင် မြန်မာ စစ်အစိုးရ ရဲ့  စစ်ထောက်လှမ်း ရေး ညွှန်ကြား ရေး မှုး ဒုတိယ ဗိုလ်
ချုပ်ကြီး ခင်ညွှန့် ဟာ သူ့ ကို ဖမ်း ဆီး ချုပ် နှောင် ထား ခြင်း ကို တရား ဥပဒေ နဲ့  အညီ စစ်ဆေး
ပေး ပါလို့  လွှတ်တော် ခေါ် ယူ နေတဲ့ ပြည်ထောင် စု သမ္မတ ဆီ ကို ဒီနေ့ စာ ပို့ တယ် လို့  သိရပါ
တယ်။

ဒီသတင်း နဲ့  ပတ်သက်ပြီး FNG က သီးခြား အတည် ပြုချက် ရယူ နိုင် ခြင်း တော့ မရှိ ပါဘူး ။

ဇူလိုင်လဆန်းက အကျဉ်းသား အချို့ နဲ့  နိုင်ငံ ရေး အကျဉ်း သား အချို့  ပြန်လွှတ် တဲ့ ဖြစ်စဉ် မှာ
အကျဉ်းဦး စီး ဌာန ညွှန်ကြား ရေး မှု က ဗိုလ်ချုပ်ကြီး ခင်ညွှန့် ကို ဖမ်းဆီးထား ခြင်း ဟာ ထောင်
ထဲ မှာ ရှိ မနေတဲ့ အတွက် အကျဉ်းထောင် ဥပဒေ တွေ အကျဉ်းထောင် လျှော့ ရက် တွေ နဲ့  မသက်
ဆိုင် ဘူး လို့   သတင်းထောက် တွေ ကို ပြောကြား ခဲ့ ပါတယ်။

၂၀၀၄ ခုနှစ် က ရာထူး က ဖယ်ရှား ခံရတဲ့ ဒုတိယ ဗိုလ် ချုပ်ကြီး ခင်ညွှန့် ဟာ ဆင်းရဲ ကျပ်တည်း
စွာ နေရ တယ် လို့  မြန်မာ စစ်ထောက်လှမ်းရေး အရာရှိ ဟောင်း တစ်ဦး က FNG ကို ပြောပါတယ်။

သူဟာ မကြာခင် ပြန်လွတ် တော့ မယ် လို့  သတင်းတွေ ထွက် နေပေမယ့် ဒါဟာ မဟုတ်မှန်ကြောင်း
ထောက်လှမ်းရေး အရာရှိ ဟောင်း တစ်ဦး ရဲ့  သမီး ဖြစ်သူက ပြောပါတယ်။ သူမ က ” သူတို့  ဗိုလ်
ချုပ်ကြီး ခင်ညွှန့် ကို အရမ်း အညှိုးထား တယ် ပြန်လွှတ် ဖို့  ဆိုတာ မဖြစ် နိုင် ဘူး” လို့  ပြောပါတယ်။

စစ်ထောက်လှမ်းရေး အဖွဲ့  ကို ဖယ်ရှား ပြီး နောက် ထောက်လှမ်းရေး အရာ ရှိ အတော်များများ လည်း
ထောင်ဒဏ် နှစ် ရှည် ချမှတ် ခြင်း ခံရပါတယ်။

2 thoughts on “ထောက်လှမ်းရေး ဟောင်းတွေ တစ်စခန်းထ

  1. ခေါင်းစဉ်နဲ့သတင်းကလွဲနေသလားလို့..

  2. He was the no 1 responsible person for torture, oppression and killing.( Like taking RIT students to prisoners by smiling face in RIT compound in the morning of 15th March, 1988.)
    With his wicked idea to deny power on NLD’s victory in 1990 election, his 0 toleration to democrats are proved himself to be a dangerous figure for Burmese Democratic Reform that we r doing now. He should be remained in custody for life. That will serve best interest for the Burmese Democratic and Economic Reform.

Comments are closed.