အမေရိကန် တစ်ဒေါ်လာ သည် ယနေ့ မနက် ဈေးကွက် ဖွင့် ချိန် တွင် ၇၆၅ ကျပ် မှာ ၇၇၀ ထိ
ဈေးပြန် လည် မြင့် တက် ခဲ့ သည် ဟု FNG မှ သတင်း ရရှိ သည်။ ယခု သီတင်းပတ် ဆန်း က
၆၅၀ ထိ ကျဆင်း သွား ခဲ့ သည့် ဒေါ်လာ ဈေးမှာ ဗုဒ္ဓဟူးနေ့  နေ့ ညနေ ဈေးကွက် ပိတ်ချိန်
နှင့် ကြာသပတေး နေ့  ညများ တွင် ပြန်လည် မြင့် တက်သွား ခဲ့ သည် ဟု သတင်း ရရှိ သည်။
ယမန်နေ့ ညက ၆၅၀ ကျပ် နှင့် ဈေးပိတ် သွား သည့် FEC မှာ လည်း ၆၇၅ ကျပ် သို့  ပြန်လည်
မြင့် တက် ခဲ့ သည်။
ဒေါ်လာဈေး ပြန်လည် မြင့်တက်ရခြင်း နှင့် ပတ် သက်ပြီး ရန်ကုန် မြို့ မှ လေကြောင်း ခရီးသွား
လာရေး ၀န်ဆောင်မှု လုပ်ငန်း ရှင် တစ်ဦး က ” အခု စီးပွား ရေး သမား တွေ က ဒေါ်လာ ပြန်
ဝယ် နေကြ ပြီလေ ၊ အစိုး ရ ၀န်ကြီး ဌာန တွေ က လည်း မ၀ယ် မနေ ရ တစ်ဌာ န ကို အနဲ
ဆုံး တစ်သိန်း ၀ယ် ရတယ် ” ဟု ပြောသည်။
အမေရိကန် ဒေါ်လာ ဈေးသည် ထပ်မံ ၍ မြင့်တက် လာ နိုင်စရာ အကြောင်း ရှိ သည်မှာ
ဟု ယုံကြည်ရသည် ဟု ကမ္ဘောဇ ဘဏ်မှ အကြီးတန်း ၀န်ထမ်း တစ်ဦး က ပြောသည်။
အမေရိကန် ဒေါ်လာ ဈေး သည် လစ်ဗျား နိုင် ငံ တွင် ကဒါဖီ ၏ နေ အိမ် ခြံဝန်း ကို သူပုန်
များ သိမ်း ပိုက် ပြီး ချိန် တွင် ကမ္ဘာ့ ငွေကြေး ဈေး ကွက် တွင် ပါ မြင့် တက် လာသည်။
အမေရိကန် ဒေါ်လာ သည် လစ်ဗျား သူပုန် များ အောင်ပွဲ ခံ ပြီးနောက် ဂျပန် ယန်း၊ ဥရောပ
ယူရို၊ ဗြိတိသျှ ပေါင်၊ ထိုင်း ဘတ် ၊ တရုတ် ရီမင်ဘီ ငွေကြေး တို့  နှင့် နှိုင်း ယှဉ် လျှင် ဈေး
ပြန်လည် မြင့်တက် သွားသည်။
ဒေါ်လာ ဈေး မြင့် တက်ရခြင်း မှာ မြန်မာ အစိုးရ ၏ စွမ်းဆောင်ရည် ကြောင့် မဟုတ် လဲ
အမေရိကန် ဒေါ်လာ တန် ဖိုး ကိုယ် ဉ် က ပြန်လည် မြင့်တက် လာခြင်းကြောင့် ဖြစ်သည်
ဟု ငွေကြေး ကစား သူ တို့  က သုံး သပ် ကြသည်။
နိုင်ငံ တကာ တွင် ရွှေ ဈေး နှုန်း မှာ တစ် အောင် စလျှင် ပြီး ခဲ့ သည့် အပတ် က အမေရိကန်
ဒေါ်လာ ၁၈၀၀ ကျော် ရှိ နေရာ မှာ ၁၇၀၀ သို့  ပြန်လည် ကျဆင်း သွား သည်။

ဘယ်ပျော်မလဲဗျ…
အခြေခံနဲ. လူလတ်တန်းစား တော်တော်များများက အစိုးရက လောက်ငအောင် ဖန်တီးမပေးနိုင်တော.
စီးပွားရေးအတွက် တစ်အိမ်တစ်ယောက်လောက် နိုင်ငံခြား ထွက် အလုပ်လုပ်နေကြရတာကို….:)))
မြန်မာတွေ မပျော်တဲ့ မြန်မာငွေဈေးတက်ခြင်းနှင့် ဒေါ်လာဈေးကျခြင်း………
good news for all.
ယမန်နေ. 24th Aug, 2011(Wed) မှ စတင်ပြီး ဒေါ်လာဈေးတက်လာသောကြောင်. ရန်ကုန်ပဲ လောကအတွင်းမှ ကုန်သည် တချို. (နောက်ကွယ်တွ င်ငွေကြေးတောင်.တင်းသော သူဋ္ဌေးများ_အမည်မဖေါ်လိုသူ နံမည်ကြီး မြန်မာသူဋ္ဌေးများ / အမည် မဖေါ်လိုသော တရုတ် ကုလား သူဋ္ဌေးများ ပါဝင်လျက်ရှိ) ဒေါ်လာလိုက်လံစုဆောင်းလျက်ရှိရာ ကျွန်တော် ကိုယ်တိုင်သိရသော သူဋ္ဌေးတစ်ဦးတည်းမှ ဒေါ်လာ ခြောက်သိန်းခွဲ.ခန်. (နေရာမျိုးစုံမှ) ယနေ.စုဆောင်းရရှိကြောင်း သိရှိရပါသည်..ရနိုင်သမျှ ကို ငွေအလုံးအရင်းဖြင်. လိုက်လံစုဆောင်းနေပါသည်…
အခြားစီးပွားေ၇းသမားများ Company များ မှ လည်း လိုက်လံစုဆောင်းနေကြောင်း ကြားသိရပါသည်…
ထိုကဲ.သို.သော စီးပွားရေး သမားများကြောင်.ငွေ ဈေးတက်မှုကြမ်းမည်ဟု ထင်မြင်မိပါကြောင်း…..
ကုန်သည် စီးပွားရေးသမားများ၏ နံမည်နှင်. Company များ အချို.ကို အတိအကျသိသော်လည်း ဖွင်.ပြောရန် မလွယ်ကူသောကြောင်. By name မပါရှိသည် ကို နားလည်ပေးစေလိုပါသည်…
(မှတ်ချက်။ ။ ငွေဈေးတက်နိုင်မည်ဆိုခြင်းမှာ မိမိ၏ ကိုယ်ပိုင်ထင်မြင်ချက်မျှသာ ဖြစ်ပါသည်…
စီးပွားရေး သမားများ(လက်ကြီး အချို.) ပါဝင်ပတ်သက်လာမှုကြောင်. ငွေဈေး အတက်အကျ ကြမ်းနိုင်သည်ဟု ဆင်ခြင်ချိန်ဆနိုင်ကြပါရန် ဆိုလိုရင်း ဖြစ်ပါသည်/)
သတင်းကောင်း တစ်ပုဒ်ပါ