သူပုန် တွေ က လစ်ဗျား ခေါင်းဆောင် ဗိုလ်မှုးကြီး ကဒါဖီ ရဲ့  ဘဘ်အယ်(လ)ဇာဇီယာ နေအိမ်
ဝန်းကြီး ကို သိမ်း ပိုက်ပြီး နောက် သူ ရဲ့  ခမ်းနား လှတဲ့ ခန်းမ ဆောင် တွေ နဲ့  စာဖတ်ခန်းမှာ
အမေရိကန် သမ္မတ ဂျော့ ဘုရှ် ရဲ့  ဒု သမ္မတ သက်တမ်းမှာ နိုင်ငံခြား ရေး ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့ မစ် ကွန်ဒိုလီဇာ ရိုက်(စ) ရဲ့  ဓာတ် ပုံ တွေ ကို အယ်(လ)ဘမ် မှတ်တမ်း တစ်ခု
အဖြစ် သေချာ စုဆောင်း ထား ပြီး သူ့ ရဲ့  အရေး ကြီး တဲ့ စာရွက်စာ တမ်း တွေ ထည့် တဲ့ ဘီရို
ထဲ မှာ ထည့် ထား တယ် လို့  ဒါ ကို ရှာ ဖွေ တွေ့ ရှိတဲ့ သူပုန် တွေ က ပြောပါတယ်။
ကွန်ဒိုလီဇာ ရိုက် (စ) ဟာ ၂၀၀၈ ခုနှစ် စက်တင် ဘာ ၅ ရက် နေ့ မှာ လစ်ဗျား ခေါင်းဆောင် ကဒါဖီ
နဲ့  ထရီပိုလီ မြို့  က သူ့  ရဲ့  နေအိမ် မှာ တွေ့ ဆုံ ခဲ့ ပြီး အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး တစ်
ယောက် အနေ နဲ့  နှစ် ငါးဆယ် အတွင်း လစ်ဗျား နိုင်ငံ ကို ပထမ ဦး ဆုံး သွား တဲ့ ခရီး စဉ် ဖြစ်ပါတယ်။
ကဒါဖီ ဟာ သူ့  ကို အလွန်အင်မတန် နှစ် သက် ကြောင်း ကွန်ဒိုလီဇာ ရိုက်(စ) ကို ထောက် ခံ မှု
ပြုတာ ဟာ ပထမ ဦး ဆုံး အာဖရိကန် နွယ်ဖွား အမျိုး သမီး တစ်ဦး အနေနဲ့  အမေရိကန် နိုင်ငံခြား
ရေး ၀န်ကြီး နေရာ ကို ရယူ နိုင် ခဲ့ တဲ့ အတွက် ဖြစ်တယ်လို့  ဆို ပါတယ်။
ကွန်ဒိုလီဇာ ရိုက်(စ) ဟာ ထရီပိုလီ မှာ အမေရိကန် သံ ရုံး ပြန်ဖွင့် ပြီး နှစ် နှစ် အကြာမှာ အခု သူပုန်
တွေ သိမ်းထား တဲ့ နန်းတော် ကြီး ထဲ မှာ ကဒါဖီ နဲ့  ဆုံ တွေ့  ခဲ့ တာ ဖြစ်ပါတယ်။
ပြီးခဲ့ တဲ့ ရက် ပိုင်း က အဏာ လက်လွတ် ဖြစ် ခဲ့ ရတဲ့ ကဒါဖီ ဟာ သူ့  ရဲ့  ဇာတိ မြို့  ဖြစ်တဲ့ Sirte ဒါ
မှ မဟုတ် လစ်ဗျား တောင် ပိုင်း က Sabha ဆို တဲ့ မြို့  မှာ ပုန်းအောင်း နေဖွယ် ရှိ တယ် လို့  သူပုန်
တွေ က ခန့်  မှန်း ကြပါတယ်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကို ဆန့် ကျင် တဲ့ လစ်ဗျား အသွင် ကူး ပြောင်း ရေး ကောင်စီ ဟာ
သူ တို့  ရဲ့  ဌာန ချုပ် ကို ထရီပိုလီ မှာ ဖွင့် လှစ် ဖို့  အတွက် ပြောင်း ရွှေ့  လာကြ ပါတယ်။
ကဒါဖီ ထွက်ပြေး တိမ်းရှောင် ပြီး နောက် လစ်ဗျား သူပုန် တွေ ဟာ အကျဉ်းထောင် တွေ ကို ဖွင့် ပေး
ခဲ့ ရာ မှာ အီရတ်၊ အာဖဂန် နစ္စတန်၊ ဆိုမာလီယား တို့  ကနေ လွှဲ ပြောင်း ပေး ထားတဲ့ လစ်ဗျား
အယ်(လ) ခိုင်ဒါ အဖွဲ့  ၀င် တွေ ပါ လွတ်မြောက် သွား ခဲ့ တယ် လို့  ထရီပိုလီ က လာ တဲ့ သတင်း
တွေ မှာ ဖော် ပြထား ပါတယ် ။
နောက်ဆုံး ရရှိ တဲ့ သတင်း တွေ အရ တော့ ကဒါဖီ ရဲ့  ဇာတိမြို ဖြစ်တဲ့ ဆာတ် မှာ ရှိ တဲ့ မြေအောက် ဗုံး
ခို ကျင်းတွေ ကို ဗြိတိသျှ တော်နေဒို တိုက် လေယာဉ် တွေ က အပြင်း အထန် တိုက် ခိုက် နေပါတယ်။












