၁၉၇၀ ခုနှစ် မှာ လက်ထပ် ခဲ့ တဲ့ ကဒါဖီ ရဲ့  ဒုတိယ မြောက် ဇနီး ဖြစ်တဲ့ ဆာဖီယာ ဖာကရှ် ဟာ
သူ့  ရဲ့  သား နှစ် ဦး သမီး တစ်ဦး နဲ့  အတူ လစ်ဗျား နိုင်ငံ နဲ့  အိမ် နီး ချင်း အယ်(လ)ဂျီးရီးယား
နိုင်ငံ ထဲ ကို ထွက်ပြေး ခိုလှုံ ခဲ့ တယ် လို့  အယ်(လ)ဂျီးရီးယား နိုင်ငံခြားရေး ၀န်ကြီး က
အတည် ပြုပြောကြား ပါတယ်။
ကဒါဖီ မိန်းမ နဲ့  အတူ ထွက်ပြေးခဲ့ တဲ့ ထဲမှာ အတူ လိုက်ပါ သွား တဲ့ သားသမီး တွေ ကတော့
မူတာဆင် ကဒါဖီ ၊ ဟန်နီဘော ကဒါဖီ နဲ့  အီရှာ ကဒါဖီ တို့  လို့  အယ်(လ)ဂျီးရီးယား က
လာတဲ့ သတင်း တွေ မှာ ဖော်ပြ ထားပါတယ်။
မူတာဆင် ကဒါဖီ ဟာ သူ့ ဖခင်ရဲ့ လက်ရုံး တစ်ဦး ဖြစ်ပြီး ၂၀၀၉ ခုနှစ် ဧပြီ လ က ၀ါရှင်
တန် မှာ အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် နဲ့  တွေ့ ဆုံ ခဲ့ ပါတယ်။
မူတာဆင် ဟာ ဒတ်ခ်ျ မော်ဒယ်(လ) တစ်ဦး နဲ့  ချစ်ကျွမ်းဝင် ခဲ့ ပြီး ဖေဖော်ဝါရီလ လစ်ဗျား
မှာ တော်လှန်ရေး တွေ စတင် ချိန် အထိ အဲဒီ မော်ဒယ်(လ) နဲ့  ထရီပိုလီ မှာ အတူ ရှိနေခဲ့
ပါတယ်။
ကဒါဖီ မိန်းမ နဲ့  အတူ ပါသွား တဲ့ သမီး ဖြစ်သူ အီရှာ ကဒါဖီ ဟာ ညွှန့် ပေါင်း တပ်ဖွဲ့  တွေ ရဲ့ 
ဖမ်းဆီးခြင်း ကို ခံထားရတဲ့ အီရတ် အာဏာရှင် ဟောင်း ဆက်ဒမ် ဟူစိန် ကို ရှေ့ နေ လိုက်
ပေး ခဲ့ တဲ့ ဥပဒေ အကျိုးဆောင် တစ်ဦး ဖြစ်ပြီး သမ္မတ ဘုရှ် အီရတ် ကို လာလည် စဉ် က
ဖိနပ် နဲ့  ပေါက် ခဲ့ တဲ့ ဂျာနယ်လစ် ကို လည်း ရှေ့ နေ လိုက် ပေး ခဲ့ သူ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၉ ရက် နေ့  အထိ လစ်ဗျား ခေါင်းဆောင် ဟောင်း ကဒါဖီ ဘယ်မှာ ပုန်းနေလဲ
ဆို တာ ကို လစ်ဗျား လက်နက် ကိုင် တွေ က အခု ထိ စုံစမ်း လို့  မရသေး ပါဘူး။
ကဒါဖီ ရဲ့  နောက်ထပ် သား တစ်ဦး ကတော့ တူနီးရှား နယ်စပ် က တိုက်ပွဲ တစ်ခု မှာ
ကျဆုံး ခဲ့ ကြောင်း လစ်ဗျား လက်နက်ကိုင် တပ်ဖွဲ့  က ဒုတိယ အကြီး အကဲ
Mahdi al-Harati က ပြောပါတယ်။
ထရီပိုလီ ရဲ့  နောက်ဆုံး အခြေအနေ
လစ်ဗျား နိုင်ငံ ရဲ့ မြို့ တော် ထရီ ပိုလီ မှာ အခြေ အနေ တွေ ပြန် လည် ငြိမ်သက် စ ပြုနေ
ပေမယ့် အချို့  နေရာ တွေ မှာ ကဒါဖီ ကို သစ္စာ ခံ တဲ့ တပ်တွေ နဲ့  လူမျိုးစု လက်နက် ကိုင်
အချို့  က ပြန်လည် ခုခံ မှု တွေ ပြု နေပါတယ်။
လစ်ဗျား နိုင်ငံ ထရီပိုလီ မြို့  မှာ သောက်သုံးရေ၊ဆေးဝါး၊ စားနပ် ရိက္ခာ နဲ့  လျှပ် စစ်မီး
တွေ ပြတ်တောက် နေ ပေ မယ့် လစ်ဗျား အသွင် ကူးပြောင်း ရေး ကောင်စီ က လူတန်း
စေ့ နေရ အောင် အမြန် ဆုံး စီစဉ် ပေး မယ် လို့  ကတိပေးထား ပါတယ်။
ကဒါဖီ ရဲ့  မွေးဇာတိ ဖြစ်တဲ့ ဆာတ်မြို့ ကို လစ်ဗျား လက်နက်ကိုင် တွေ က ၀န်းရံ ပိတ်ဆို့ 
ထား ပြီး လစ်ဗျား အသွင် ကူး ပြောင်း ရေး ကောင်စီ ကတော့ အရပ် သား တွေ ထိခိုက်မှု
မရှိ အောင် လက်နက် ချ ပေး ပါ လို့  မြို့ ထဲ မှာ ရှိ တဲ့ ကဒါဖီ လို လား သူ တွေ ကို ပန်ကြား
ထား ပါတယ်။ ဒီမြို့  ဟာ အရင် လစ်ဗျား စစ်တပ် က ထိပ်တန်း အရာ ရှိ ကြီး တွေ အများ
ဆုံး နေထိုင် ကြပါတယ်။
အဘူ ဆလင် က လွှတ် လိုက် တဲ့ သူတွေ ထဲ မှာ စစ်သွေးကြွတွေ ပါ
ထရီပိုလီ မြိ့  ကို သူပုန် တွေ ထိမ်းချုပ် ပြီး နောက် နာမည် ဆိုး နဲ့  ကျော်ကြားတဲ့ အဘူ ဆာလင်
အကျဉ်းထောင် က အကျဉ်း သား တွေ ကို လွှတ် ပေး ခဲ့ ရာ မှာ အယ်(လ) ကယီဒါး အကြမ်းဖက်
အဖွဲ့  ကို လိုလား တဲ့ အစ္စလာမ် မစ် အစွန်း ရောက် အကြမ်းဖက် သမား တွေ အများ အပြား ပါ
သွား ခဲ့ ပါတယ်။
အစွန်းရောက်တွေ လွတ်မြောက် သွားတာ ကို အနောက် နိုင်ငံ တွေ က စိုးရိမ် ကြ ပေမယ့်
လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကို တော် လှန် တဲ့ နေရာမှာ ဒီ စစ်သွေးကြွ တွေ က တပ်ဦး
ကနေ ရွပ်ရွပ် ချွံ ချွံ ဆောင် ရွက် ခဲ့ တာကြောင့် မလွှတ် ပေး လို့  မရ ဘူး လို့  သူပုန် တွေ
က ပြော ပါတယ်။
နေတိုး ဗုံးကြဲတော့ အကျဉ်းသား တွေ ကို လူသား ဒိုင်းလုပ်
မတ်လ နှောင်း ပိုင်းမှာ နေတိုး က လစ်ဗျား နိုင်ငံ ကို ဗုံးကြဲ တော့ ကဒါဖီ က ဖေဖော်ဝါ
ရီ လ အတွင်း က သူ့ ကို ဆန့် ကျင် ဆန္ဒ ပြ ခဲ့ သူတွေ ကို လူသား ဒိုင်း လုပ်ပြီး အကာအ
ကွယ် ယူခဲ့ တယ် လို့  မသေ ပဲ ကျန် ရစ် ခဲ့တဲ့ အကျဉ်း သား တွေ က အယ်(လ) ဂျာဇီးယား
သတင်း ဌာန ကို ပြောပါတယ်။
Gadaffi

the new global world has shown to neglect any ditactors by Kadaphi’s final images.