ရခိုင် ပြည်နယ် စစ်တွေ မြို့  သဲချောင်း ကျေးရွာ တွင် ယနေ့ နေ့  လည် ၂ နာရီ အချိန့် ခန့် က ဗုံး
ပေါက် ကွဲမှု ကြောင့် အနည်း ဆုံး ၇ ဦး သေဆုံး သည် ပြီး ၆ ဦး ဒဏ်ရာ ရရှိ သည် ဟု FNG မှ သိ
ရှိ ရသည်။
ဗုံးပေါက် ကွဲ မှု ဖြစ်ပွား ပြီး နောက် နယ်မြေခံ တပ် များ စစ်တွေ မြို့  မှ ရဲတပ် ဖွဲ့  ၀င် များ နှင့် သဲ
ချောင်း ကျေးရွာ မှ ရဲတပ် ဖွဲ့  ၀င် များ လာရောက် စစ်ဆေး မှု များ ပြု သည် ဟု သိရသည်။
ဗုံးပေါက်ကွဲ မှု တွင် ယနေ့  ည ၇ နာရီ အထိ သေဆုံး သူ ၇ ဦး ရှိ ကြောင်း စစ်တွေ ရဲ စခန်းက
အတည် ပြု ပြောကြားသည်။
ဗုံးပေါက်ကွဲမှု တွင် သေဆုံး သူ အများ စု မှာ အစ္စလာမ် ဘာသာ ၀င် များ ဖြစ်ပြီး ဆေး ရုံးည ရောက်
ပြီး နောက် သေဆုံး သူများ အနက် ၂ ဦး မှယ ကလေး များ ဖြစ်သည်။
ဗုံးပေါက် ကွဲ မှု ကြောင့် ထိခိုက် ဒဏ်ရာ ရရှိ သူများ ကို စစ်တွေ ဆေးရုံကြီး သို့  ပို့ ဆောင် ထား သည်။
ပေါက်ကွဲ သည့် ဗုံးမှာ တိုက်ခိုက် ဖျက်ဆီး ရေး နှင့် ပြည်သူကြား ထိတ်လန့် တုန် လှုပ် ရေး တို့  အတွက်
တမင် ရည်ရွယ် ထားသည့် ဗုံး မဟုတ် ပဲ ဒုတိယ ကမ္ဘာ စစ်လက် ကျန် ဗုံး ဖြစ်ပြီး ပိဿာ ချိန် နှင့်
ရောင်း စားရန် အတွက် စီစဉ် ရာ မှ စပြီး ပေါက် ကွဲ ခြင်း ဖြစ်သည်။
