ရန်ကုန် မြို့  တွင်း မြို့ နယ် ၁၆ မြို့  နယ် သို့  လက်ဝဲ ရစ် လက်ယာ ရစ် ဖြင့် ဘဲဥ ပုံ လမ်းကြောင်း
အတိုင်း ပြေးဆွဲ ပေး နေ သည့် မြို့  ပတ် ရထား ခရီးစဉ် များ အနက် မှ ရထား တစ်စီး ၏ နောက်
ဆုံး တွဲ သည် ယမန်နေ့  နေ့ လည် ၂ နာရီ အချိန် ခန့် က ကမာရွတ် ဘူတာ နှင့် လှည်တန်း ဘူ
တာကြား တွင် လမ်း ချော် တိမ်းမှောက် သွား သည် ဟု သတင်း ရရှိ သည်။
အဆိုပါ ရထား တွဲ လမ်းချော် တိမ်းမှောက် မှု ကြောင့် လူလေးဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ ပြီး ရန်
ကုန်ဆေးရုံကြီး သို့  အရေးပေါ်လူနာ အဖြစ် ပို့ ဆောင် ထား ရသည်။
ရထား တွဲ တိမ်းမှောက် ရာ သို့  ရထား ပို့ ဆောင် ရေး ၀န်ကြီး နှင့် ရန်ကုန် တိုင်း စစ်ဌာန ချုပ် တိုင်း
မှုး တို့  ရောက် ရှိ လာပြီး ရန်ကုန် တိုင်း တိုင်း မှုး က သတင်း ထောက် များ ကို ပြောကြား ရာတွင်
ပယောဂ ကြောင့် တိမ်းမှောက် ခြင်း မဟုတ် ဘဲ သဘာဝ အလျှောက် သာ ဖြစ်ပွား ခြင်း ဟု ပြော
ဆို သွား သည်။
ယခင်လ က ရန် ကုန် မြို့  တွင် မိုးသည်းထန် စွာ ရွာ သွန်းမှု ကြောင့် ရေ၀ပ် ခြင်း ၊ ရေကြီးခြင်း တို့ 
ကြောင့် မော်တော် ကား လမ်း ပိုင်းများ ပါ ပျက်စီးလျှက် ရှိ ရာ ရထား ပြေး လမ်း အချို့  တွင် မြေ
ပျော့ ပြီး ဇလီ ဖား တုန်းများ နိမ့် ၀င် ရာ မှ အဆို ပါ ရထား သည် သံလမ်း ပေါ် မှ လမ်း ချော် ကာ
လမ်းဘေး သို့  လဲ ကျ တိမ်းမှောက် ခြင်း ဖြစ်သည် ဟု မြန်မာ့ မီးရထား ၀န်ထမ်း တစ်ဦး က FNG
သို့  ပြောသည်။
တိမ်းမှောက် သွား သည့် ရထား တွဲ ကို ညနေ ၃ နာရီ အချိန် ခန့် တွင် ၀န်ချီ စက် များ အကူအညီ ဖြင့်
ပြန်လည် မတင် ကြသည်။
ရန်ကုန် မြို့ တွင်း ပြေးဆွဲ နေ သည့် မြို့  ပတ် ရထား များ သည် နေ့ စဉ် (တနင်္ဂနွေ နေ့ မှ အပ)
နံနက် ၄း၀၀ နာရီ မိနစ် ၃၀ မှ ည ၁၁ နာ အထိ ရန်ကုန် မြို့  တွင်း ပြေး ဆွဲ ပေး လျှက် ရှိ သည်။
ထို မြို့  ပတ် ရထား ပြေးဆွဲ မှု မှာ နေ့ စဉ် ခရီး သည် ၂ သိန်း ခန့် ၏ သွား လာမှု ကို အကျိုး ဖြစ်ထွန်း
စေသည် ဟု သိရသည်။

ရထား တွဲ တိမ်းမှောက် ရာ သို့  ရထား ပို့ ဆောင် ရေး ၀န်ကြီး နှင့် ရန်ကုန် တိုင်း စစ်ဌာန ချုပ် တိုင်း
မှုး တို့  ရောက် ရှိ လာပြီး ရန်ကုန် တိုင်း တိုင်း မှုး က သတင်း ထောက် များ ကို ပြောကြား ရာတွင်
ပယောဂ ကြောင့် တိမ်းမှောက် ခြင်း မဟုတ် ဘဲ သဘာဝ အလျှောက် သာ ဖြစ်ပွား ခြင်း ဟု ပြော
ဆို သွား သည်။QUOTE
ွှအလို လေးတစ်ကယ်ရယ်ရပါတယ်ဗျာ ရထားက သဘာဝ အလျှောက်မှောက်တယ်ဆိုပဲ ရထားညံလို့ လမ်းတွေညံလို့ တစ်ခုမှမပါဘူးပေါ့