လူ့  အခွင့်အရေး ကော်မရှင် ကို မြန်မာ အစိုးရ ဖွဲ့ စည်း
လူ့ အခွင့် အရေး ချိုးဖောက် ဆဲ များ ရှိ နေသေး သည့် သက်တမ်း ခြောက် လ ရှိ မြန်မာ အစိုးရ
သစ် သည်  လူတစ်ဦးချင်းစီ ၏ အခွင့် အရေး များ ကာကွယ် စောင့် ရှောက် နိုင်ရန် အတွက် ဟု
ဆိုကာ မြန်မာ  လူ့  အခွင့် အရေး ကော် မတီ ကို စက်တင် ဘာ လ ၅ ရက်နေ့ တွင် စတင် ဖွဲ့ 
စည်း လိုက် ကြောင်း ယနေ့ ည မြန်မာ့ ရုပ်မြင် သံကြား သတင်း အစီအစဉ် တွင် ကြေ ငြာသွား
ခဲ့ သည်။
လူ့ အခွင့် အရေး ကော်မရှင် ဖွဲ့  စည်း ခြင်း နှင့် မြန်မာ နိုင်ငံ တွင်း ရှိ နိုင် ငံ ရေး အင်အား စုများ
၏ ခန့် မှန်း သုံးသပ် မှု များ အမျိုးမျိုး ပေါ် ထွက် ခဲ့ ပြီး အများစု က မူ ထို ကော်မရှင် မှာ နိုင်ငံ
သားများ ၏ အခွင့် အရေး ကို အပြည့် အ၀ ကာ ကွယ် ပေး နိုင် စွမ်း ရှိ အုံး မည် မဟုတ် ဟု
သုံး သပ် ကြ သည်။
စစ်အစိုးရ လူဟောင်းများ ဖြင့် ဖွဲ့  စည်း ထား သည့် မြန်မာ အစိုး ရ သစ် လက်ထက် တွင် လူ့  အခွင့်
အရေး ချိုးဖော က် မှု များ ဆက် လက် ရှိ နေဆဲ ဖြစ်သည်။
ယခု အသစ် ဖွဲ့  စည်း လိုက် သည့် လူ့ အခွင့် အရေး ကော်မရှင် တွင် နိုင်ငံ ရပ် ခြား အတွေ့ အကြုံရှိ
သူ အများ စု ဖြင့် ဖွဲ့  စည်း ထား သည်။
ခင် တစ်ရက် အလို တွင် ကချင် ပြည်နယ် တွင်း ရှိ မြန်မာ စစ်တပ် က စာသင်ကျောင်း ၀င်း၊ ကျေးရွာ
များ နှင့် ဘာသာရေး အဆောက် အဦ မြေနေရာ ပါ မကျန် မြေမြုပ် မိုင်း များ လိုက်လံ ထောင်ထား
ကြောင်း ကချင် လူထု ကို ကိုးကား ပြီး သတင်း များ ထွက် ပေါ် ခဲ့ သည်။
×××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်
အရေးများကို မြှင့်တင်ရေးနှင့် ကာကွယ်ရေးများကို ဆောင်ရွက်ရန်အလို့ငှာ အောက်ပါ ပုဂ္ဂိုလ်
များပါဝင်သော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။
(က) ဦးဝင်းမြ (သံအမတ်ကြီး-ငြိမ်း)                                                   ဥက္ကဌ
(ခ) ဦးကျော်တင့်ဆွေ (သံအမတ်ကြီး-ငြိမ်း)                                         ဒုဥက္ကဌ
(ဂ) ဦးထွန်းအောင်ချိန် (ပါမောက္ခ-ငြိမ်း) သမိုင်းဌာန                               အဖွဲ့ဝင်
(ဃ) ဦးလှမြင့် (သံအမတ်ကြီး-ငြိမ်း)                                                   အဖွဲ့ဝင်
(င) ဦးသန်းဆွေ (ညွှန်ချုပ်-ငြိမ်း) သစ်တောဦးစီးဌာန                              အဖွဲ့ဝင်
(စ) ဒေါက်တာဥာဏ်ဇော် (ပြည်နယ်ဆရာဝန်ကြီး-ငြိမ်း)                           အဖွဲ့ဝင်
(ဆ) ဒေါက်တာဒေါ်သန်းနွဲ့ (ပါမောက္ခ-ငြိမ်း) ဥပဒေပညာဌာန                  အဖွဲ့ဝင်
(ဇ) ဒေါ်စောခင်ကြည် (ပါမောက္ခ-ငြိမ်း) နိုင်ငံတကာဆက်ဆံရေးပညာဌာန   အဖွဲ့ဝင်
(ဈ) ဦးတင်ညို (ညွှန်ချုပ်-ငြိမ်း) အခြေခံပညာဦးစီးဌာန                            အဖွဲ့ဝင်
(ည) ဦးခွဌေးရုံ (ပြည်နယ်ဥပဒေအရာရှိ ငြိမ်း)                                       အဖွဲ့ဝင်
(ဋ) ဦးခင်မောင်လေး (ညွှန်မှူး-ငြိမ်း) အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန      အဖွဲ့ဝင်
(ဌ) ဦးလဖိုင်ဇော်ကွန်း (သံမှူးကြီး ငြိမ်း)                                              အဖွဲ့ဝင်
(ဍ) ဦးညွှန့်ဆွေ (ဒု-ညွှန်ချုပ်-ငြိမ်း) နိုင်ငံခြားရေးဝန်ကြီးဌာန                     အဖွဲ့ဝင်
(ဎ) ဒေါ်စန်းစန်း (ညွှန်မှူး-ငြိမ်း) အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန            အဖွဲ့ဝင်
(ဏ) ဦးစစ်မြိုင် (ညွှန်ချုပ်-ငြိမ်း)  လူမှူဝန်ထမ်းဦးစီးဌာန                         အတွင်းရေးမှူး
အမိန့်အရ
တင်မျိုးကြည်
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့ 