ဖိလစ်ပိုင် နိုင်ငံတွင် တစ်တန် အလေးချိန် ရှိ ပြီး အမြီး မှာ နှာခေါင်းဖျား အထိ ၂၁ ပေ ရှိ သည့်
မိကျောင်းကြီး ကို အသက်ရှင်လျှက် ဖြင့် ဖမ်းဆီး ရမိ နိုင်ခဲ့ သည် ဟု နိုင်ငံ တကာ ရုပ်သံ အစီ
အစဉ် တစ်ခု ဖြစ်သည့် Fox News သတင်းဌာန က ဖော်ပြခဲ့ သည်။
မိကျောင်းကြီး ကို ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့  အရှေ့ တောင် ဘက် မိုင် ၅၀၀ ခန့်  အကွာ တွင် ရှိ
သည့် အဂူ ဆန် ခရိုင် အဂူဆန် မြစ်လက် တက် တစ်ခု တွင် ဖမ်းဆီး ရမိ ခဲ့ခြင်း ဖြစ်သည်။
မိကျောင်းကြီး သည် ဒေသခံ တံငါလုပ် သားများ နှင့် မြစ်ချောင်း ကမ်းပါး တွင် နေ ထိုင် သူ များ
ကို နှစ်ပေါင်း ၂၀ ကျော် ဒုက္ခ ပေး ခဲ့ သည်။
မိကျောင်း ဖမ်းဆီးရေး အဖွဲ့  ၀င် တစ်ဦး ဖြစ် သည့် ဘူန၀န် ကျေးရွာ သား ဘီရစ် ဆီနို က AP
သတင်း ဌာန ကို ပြောရာ တွင် ” ဒီမိကျောင်း ကြီး က ကျွန်တော် တို့  ကို ဒုက္ခ ပေး ခဲ့ တာ နှစ်
နှစ်ဆယ် ကျော် ပြီ အခု တော့ ကျွန်တော် တို့  ပျော်ရတယ် ” ဟု ဆိုသည်။
ယခင်က သြစတေးလျှ နိုင်ငံ တွင် ၁၈ ပေ နီးပါး ရှည် သည့် မိကျောင်းကြီး တစ်ကောင် ကို ဖမ်း
ဆီး ရမိ ခဲ့ သည်။
အဆိုပါ ရေငန် မိကျောင်း မျိုး သည် ပေ ၃၀ နီးပါး ထိ ရှည် ပြီး သက်တမ်း နှစ် ၁၀၀ ကျော်သည်။
မြန်မာ တို့ ၏ ဒဏ္ဍာရီ အရ မိကျောင်း အထီး သည် ၁၁ ပေ ကျော်လျှင် လူယောင် ဖန်းဆီး ပြီး ကုန်း
ပေါ် သို့  တက် နိုင် သည် ဟု ဆိုသည်။


World’s largest Crocodile

Kill it pls if they gave too much trouble to u guys!