ပြည်တော်ပြန် ခရီးစဉ် များ စတင်

ပြီး ခဲ့ သည့် လက သမ္မတ ဦးသိန်းစိန် ၏ ဖိတ်ခေါ်ချက် အရ ပြည်ပရောက် မြန်မာ နိုင်ငံ ရေး လှုပ်
ရှား သူ အများ စု မှာ  မွေးဇာတိ ၊ မိခင် နိုင်ငံ မြန်မာ ပြည်သို့  ပြန်သည့် ခရီးစဉ် များ စတင် ကြ ပြီ
ဟု FNG မှ သိရှိရသည်။

ယမန်  နေ့ က ပထမ ဦးဆုံး အသုတ် ဖြင့် ပုဂံ လေကြောင်း လိုင်း ဖြင့် မြန်မာ နိုင်ငံ တွင်း သို့  ထိုင်း
နိုင်ငံ မှ ၀င်ရောက် သူ ၂၈ ဦး ခန့် ရှိ ပြီး ထို အဖွဲ့  တွင် နာမည် ကျော် အငြိမ့် ဇာတ်သဘင် အဖွဲ့  တစ်
ခု ဖြစ် သီးလေးသီး မှ အဖွဲ့ ၀င် အချို့ လည်း ပါဝင်သည်။

၂၀၀၈ ခုနှစ် က တစတင် ပြီး ပြည်ပ တွင်  ပြောင်းရွှေ့ အခြေ စိုက် ကာ  ဇာတ်သဘင် အနုပညာ
လုပ်ငန်းများ လုပ်ဆောင် ခဲ့သည့် သီးလေးသီး အဖွဲ့  မှ  ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီး ၊ မင်းသမီး ချောစု
မျိုးတို့ ၄ ဦး မှာ မြန်မာ နိုင်ငံ ရန်ကုန် မြို့  သို့  မနေ့ က ချော မွေ့ စွာ ရောက် ရှိ ခဲ့ သည် ဟု အဖွဲ့  ခေါင်း
ဆောင် ကိုဂေါ် ဇီလာ က FNG သို့  ပြောသည်။

ရန်ကုန် လေဆိပ် သို့  ပထမ ဦးဆုံး အသုတ် ပြည်တော် ပြန် မည့် သူများ ဆိုက် ရောက် သွား ချိန် တွင်
မြန်မာ့ ရုပ်မြင်သံကြား ၊ မြ၀တီ ရုပ်မြင် သံကြား အပါအ၀င် ပြည်တွင်း သတင်း မီဒီယာ များ မှ
သတင်း ထောက် များ က လည်း လာရောက် ၍ သတင်း မှတ် တမ်း ရယူ မှု ပြု သည်။

ဦးသိန်းစိန် ၏ ဖိတ် ခေါ် ချက် ကို အချို့  က ဝေဖန် မှု ရှိ သလို သတိ နှင့် စောင့် ကြို မှု များ လည်း ရှိ
သော် အမေရိကန် ရောက် မြန်မာ ဒီမို ကရေစီ အင်အား စု များ ထဲ မှ အချို့  လည်း မိခင် နိုင်ငံ သို့ 
ပြန် လည် သွား ရောက် ကြ မည် ဖြစ်ရာ အမေရိကန် တွင် အနည်း ဆုံး ၃၀၀ ခန့် နှင့် ဥရောပ တိုက်
နိုင်ငံ များ တွင် ၆၀၀ ခန့် ရှိ သည်။

နိုင်ငံရေး လှုပ် ရှား သူ များ ပြည်တော် ပြန် မည့် အချိန် သည် မြန်မာ နိုင်ငံ တွင်း ဉ် တရုတ် နိုင်ငံ က တည်
ဆောက် နေသည့် ဧရာဝတီ မြစ်ဆုံ ရေကာ တာ ကို ဝေဖန့် ကန့် ကွက် မှု များ ၊ လူထု လှုပ်ရှား မှု ပြု ရန်
တပ်လှန့် နှိုးဆော် မှု များ ဖြင့် သော သော ညံ နေ ချိန် ဖြစ်သည်။

4 thoughts on “ပြည်တော်ပြန် ခရီးစဉ် များ စတင်

  1. ကျွန်တော်ထင်တာကတော့  ဒီကောင်တွေက ၂ဘက်ချွန်…အစိုးရ ဒလန်တွေပါ…အစိုးရတိုက်ခိုက်တဲ့  ပျက်လုံးတွေပျက်ပြီး နိုင်ငံခြားကို အေးဆေးထွက်လာနိုင်တာ…အံ့ သြလို့  မဆုံဘူး…

  2. “” တလကို ကျပ်ငွေ ၃ သိန်းနီးပါတန်လုံးခြင်းအိမ်ငှားနေ၊ ကိုယ်ပိုင်ကားဝယ်စီး၊ အလှမွေးခွေး ငါးကောင်မွေးထား၊ နေ့စဉ်မိုးလင်းမိုးချုပ် အိမ်မှာ ကျိတ်ဝိုင်း(ဖဲဝိုင်း)ထောင်ထား — “” အဲ့ဒါတွေလုပ်နေတာတောင်မှ ပြည်ပမှာအဆင်မပြေဘူးလား ဂေါ်ဇီလာရယ် ကြည့်ပြောပါကြည့်ပြောပါ လူတွေအားလုံးမျက်စေ့တွေနားတွေနဲ့ပါ တချိန်ကျရင်ရှင်းရမယ်နော် ညာလို့မရဘူး မယားကြီးငုတ်တုတ်နဲ့ ကိုယ့်သားရင်းသမီးရင်းတွေဆီတောင်ငွေမပို့ပဲ မင်းသမီးချောစုမျိုးနဲ့ ပျော်ပျော်ကြီးခုတ်နေတာတောင်မှ သုံးဖြုန်းနေတာတောင်မှ မလောက်သေးဘူးလားကွယ်

  3. ပြည်တော်ပြန်တာကို မုဒိတာ မပွားနိုင်တဲ့သူတွေက ရှိသေးသကိုး

  4. ကြက်သရေတုံးတဲ့သူတွေလို့ပြောမယ်။ဘယ့်နှယ့်ဗျာ..အခြေအနေကဘာမှမသေချာသေး ခင်ပြန်မယ်ဆိုတာကြီးပဲ။မသာပေါ်ချင်တဲ့သူများအဲလိုကိုကြံဖန်ပြီးပေါ်ဖို့ဖန်လာတာကလား။
    သြော်..သိန်းစိန်ပေးမယ့်သိန်းတစ်ထောင်နဲ့အချို့Fecငlities တန်ခိုးများတယ်ကြီးသကိုးးးးး။ (ဟုတ်မဟုတ်တော့မသိပါ…ကြားမိကြားရာဘာညာကွိကွ)ရိုး..ယိုး.ရို့..ယိုး…ရို့..ယိုး..ရို့..ယိုး

Comments are closed.