ဧရာဝတီ ကို ကယ်တင်ဖို့  အားလုံး ပါဝင် ဆောင် ရွက် စို့  လို့  လို့  ရေးထားတဲ့ တိုက်တွန်း နှိုးဆော်
စာ တွေ ကို ဒီကနေ့  မနက် ပိုင်း ၊ နေ့ လည် ပိုင်း နဲ့  ညနေပိုင်း အချိန် တွေ မှာ လူစည်ကား ရာ နေ
ရာ တွေ မှာ လူငယ် ကျောင်း သား တွေ က ဖြန့်  ဝေ ခဲ့ တယ် လို့  မျက်မြင် တွေ့  ရှိ သူ တွေ က
FNG ကို ပြော ပါတယ်။
ဗမာ နိုင်ငံ လုံး ဆိုင် ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ် (ဗကသ) က လည်း ဒီနေ့  ထုတ် ပြန်
တဲ့ ကြေငြာ ချက် မှာ ဧရာဝတီ မြစ် ကို ကယ်တင် နိုင် ဖို့  မြစ်ဆုံ ဆည် နဲ့  ရေအား လျှပ် စစ် တည်
ဆောက် မှု လုပ်ငန်း တွေ ကို ကျယ်ကျယ် ပြန့်  ပြန့် ဆက် လုပ် သွား မယ် လို့  ဆို ပါတယ်။
ဧရာဝတီ ကို ကယ်တင် ဖို့  တိုက် တွန်း နှိုးဆော် စာ ဖြန့် ဝေ ခြင်း ကို ဗကသ ၊ ၂၀၀၇ မျိုးဆက်
ကျောင်းသား လူငယ် ၊ ရန်ကုန် အခြေစိုက် လူငယ် နိုင်ငံ ရေး လှုပ် ရှား သူ တွေ က ဦးဆောင်
ပြု လုပ်တာ လို့  ၈၈ မျိုးဆက် ကျောင်း သား များ အဖွဲ့  က တာဝန် ရှိ သူ တစ်ဦး က FNG ကို
ပြောပါတယ်။

မြန်မာ နိုင်ငံ ရဲ့ မြောက်ဖျား ကချင် ပြည်နယ် မှာ တည်ဆောက် ဧရာဝတီ မြစ်ဆုံ ဆည် တည်
ဆောက် မှု ကို ပြည်သူတွေ က အပြင်း အထန် ကန့် ကွက် မှု တွေ ရှိ နေစဉ်မှာ ပဲ မနေ့ က နေ
ပြည်တော် မှာ ပြု လုပ် တဲ့ သတင်းစာ ရှင်းလင်း ပွဲ မှာ လျှပ်စစ် ၀န် ကြီး ဗိုလ်မှုးကြီး ဇော်မင်း
က ” ဘယ်လို အတား အဆီး တွေ ပဲ ရှိ ရှိ နောက် မဆုတ် ပဲ ဆက် လုပ် သွား မယ် ” လို့ 
ပြောလိုက် တာ ကြောင့် ပြည်သူ တွေ ရဲ့  အမျက် ဒေါသ ကို နှိုးဆွ လိုက် သလို ဖြစ်သွားတယ်
လို့  ရန်ကုန် အခြေစိုက် စာနယ်ဇင်း သမား တစ်ဦး က ပြောပါတယ်။
မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် က လည်း မြစ်ဆုံ ရေကာတာ
အများပြည်သူရဲ့ သဘောထားကို အစိုးရ အနေနဲ့ လက်ခံစဉ်းစား ညှိုနှိုင်းဆောင်ရွက်
သင့်တယ်လို့ RFA သတင်း ဌာန ကို ပြောပါတယ်။
ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းဖြင့် တောင်းဆိုနေသည်ကို လျစ်လျူရှုပြီး လုပ်ချင်ရာ
ဆက်လုပ်ပါကပြည်သူလူထုအနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း
ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက သတိပေးပြောကြားလိုက်သည် ဟု လည်း မြန်မာ နိုင်ငံ
အခြေစိုက် အပတ်စဉ် ထုတ် ၀ီကလီ အဲလီဗင်း သတင်း စာ တွင် ဖော် ပြထား ပါတယ်။
ယမန်နေ့ က ရန်ကုန် မြို့ တွင် ဖြန့် ဝေ ခဲ့ သည့် စာများ အနက် အချို့  တွင် မြစ်ဆုံ ရေကာတာ တည်
ဆောက်မှု ကန့် ကွက် ရေး လူထု ဆန္ဒ ထုတ် ဖော် ရေး အတွက် ပြည်ပရောက် မြန်မာ့ များ လည်း အခွင့်
သင့် သည့် အချိန် အမြန် ဆုံး ပြန်လာ ပူး ပေါင်း ပါ ကြ ပါ လို့  ဖော် ပြထား ပါတယ် ။
ပြည်ပရောက် နိုင်ငံရေး လှုပ်ရှား သူတွေ မှာ အတွေ့ အကြုံ ရှိ တဲ့ လူတွေ ရှိ တယ်။ သူတို့ က ပြန်လာ
ပြီး ကျွန်တော် တို့  နဲ့  လက်တွဲ ဖို့  ကမ်းလှမ်းတာ တွေ ရှိ တယ်။ ဖြစ်နိုင်ရင် ပြန်လာ ပြီး အားလုံး ပူး
ပေါင်း လိုက် ရင် ပို ကောင်း တဲ့ အင်အား တစ်ခု ဖြစ် လာမယ် လို့  ရန်ကုန် အခြေစိုက် နိုင်ငံ ရေး
လှုပ်ရှား သူ တစ်ဦး က ပြောသည်။
အမေရိကန် ရောက် မြန်မာ နိုင်ငံ ရေး လှုပ်ရှား တက်ကြွသူ တစ်ဦး က လည်း ကျွန်တော် လည်း မကြာ
ခင် ပြန် ပြီး ဒီလှုပ်ရှား မှု မှာ ပါဝင် မယ် ဟု ပြောသည်။

အမှန်တော့ လမ်းပေါ်ထွက်လဲ အလကားပါပဲ။ လမ်းပေါ်ထွက်ဆိုတဲ့သူက လူမမြင်နိုင်တဲ့နေရာကနေ အော်ရဲတာလောက်ပဲ ရှိပါတယ်။ ဝန်ကြီးပြောလို့လဲ ပြည်သူတွေ ဒေါသမထွက်ပါဘူး။ တကယ်ဒေါသထွက်တာက စာနယ်ဇင်းသမားအယောင်ဆောင်တွေပါ။ ပြည်သူ့အတွက်လို့အော်ပြီး သူတို့ဂျာနယ်တွေ ရောင်းကောင်းအောင်လုပ်နေတာပါ။ ဧရာဝတီအစကို ရောက်တောင်ရောက်ဖူးကြတာမဟုတ်ဘဲ ထိုင်ရာမထ ဒေါသထွက်ပြနေကြတာပါ။ ဒီကနေ့ မြန်မာနိုင်ငံမှာ အရက်ကြော်ငြာတွေကို ရေလို့ လိမ်ပြီးကြော့်ငြာပေးနေတာ ဧရာဝတီကို ကယ်တင်ပါ့မယ်လို့ အော်နေတဲ့ စာနယ်ဇင်းတွေပါပဲ။ ပြည်သူတွေကို မှိုင်းတိုက်နေတာလဲ ဒီကနေ့စာနယ်ဇင်းတွေပါပြ၊ နိုင်ငံကို တကယ်ချစ်လို့ ဧရာဝတီကိစ္စရေးကြသလို အရက်ကြော်ငြာကိစ္စကိုလဲ လစ်လျူရှုမထားသင့်ပေဘူးလား။ ခုတော့ အစိုးရက လုပ်နေတဲ့ အရက်ကြော်ငြာဘောလုံးပွဲတွေတောင် သူတို့က အားပေးနေသေးတယ်။ ပြည်သူတစ်ရပ်လုံး အရက်သမားဖြစ်အောင်ကျတော့ လုပ်ပေးနေတဲ့ စာနယ်ဇင်းတွေက အသံကောင်းဟစ်နေတာကို ထိုင်ကြည့်နေကြတယ်။ စိတ်မရှိပါနဲ့ အခုလိုအော်နေတဲ့လူတွေ လမ်းပေါ်ထွက်ပါဆိုတဲ့သူတွေ သူများကို ထွက်ခိုင်းသလို ကိုယ်ရောထွက်ရဲပါရဲ့လား ဘယ်နှခါများထွက်ဖူးပါသလဲ။ ထိုင်ရာမထ တိုင်းပြည်ကို ချစ်နေလို့တော့ မရပါဘူး။
ဘယ်လို အတား အဆီး တွေ ပဲ ရှိ ရှိ နောက် မဆုတ် ပဲ ဆက် လုပ် သွား မယ် ” လို့ ပြောတဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းဟာ တော်တော်စောက်သုံးမကျလို့ ၀န်ကြီးဖြစ်လာတာထင်ပါရဲ့….
ဒီလိုအချိန်မျိုးမှာ ကချင်စစ်တပ်ကဘာလုပ်နေတာလည်း…. ပျောက်ကျားစနစ်နဲ့ တိုက်ဖို့အကြံပြုပါရစေ….
ဧရာဝတီ လွတ်လွတ်လပ်လပ် စီးဆင်းတာကိုပဲ မြင်ချင်တယ်။
လမ်းပေါ်ထွက်ကြမှပဲဖြစ်မှာ သိန်းစိန်အစိုးရ စွတ်မလုပ်ရဲတာသေချာတယ်
စာဝေဖြန့်နေလို့ကတော့အလကားပဲ လက်မှတ်ထိုးတင်လဲ အလကားပဲ လူတွေ လမ်းပေါ်ထွက်ကြ
ဧရာဝတီမြစ်ဆုံရေကာတာအားဆန့်ကျင်ကြ !!
အဲဒါအမှန်ပဲ၊လူတွေစည်းစည်းလုံးလုံးနဲ့လမ်းပေါ်ထွက်အရေးဆိုကြမယ်ဆိုရင်တချက်ခုတ်နှစ်ချက်ပြတ်ရလဒ်တောင်ရနိုင်ပါတယ်။ဒေသခံကချင်တပ်အနေနဲ့လဲရသလောက်အဲဒီစီမံကိန်းနဲ့တရုတ်တွေကိုစနစ်တကျနှောင့်ယှက်သင့်ပါတယ်။အာရပ်တွေရဲ့သတ္တိမျိုးကချင်တပ်မှာရောပြည်သူအားလုံးရှိသင့်၊အတုယူသင့်ပါတယ်။