ပုသိမ် လယ်သမား အရေးတော်ပုံ ပွဲဦးထွက် ချီတက်မှု စပြီ

ဧရာဝတီတိုင်း ပုသိမ်ခရိုင် အတွင်း ရှိ ငွေဆောင် နှင့် အခြား မြို့  နယ် များ မှ လယ်သမား များ မှာ
ယနေ့ ပုသိမ် မြို့  တွင် လာရောက်စုရုံးကြပြီး ၎င်း တို့  ၏အသိမ်းခံ ရသည့် လယ်မြေများ အား ပြန်
လည် ရရှိ ရေး အတွက် ဧရာဝတီ တိုင်း အစိုးရ အဖွဲ့  ရုံး သို့  ချီတက် တောင်း ဆို မှု ပြု ခဲ့ သည် ဟု
သိရှိရသည်။

ငွေဆောင် နှင့် အနီးပတ်ဝန်းကျင် ရှိ မြို့ များ ကျေးရွာများ မှ တောင်သူဦးကြီးများ ၏ ဓားမဦးချ
လုပ်ကိုင် စားသောက်သည့် သီဟိုဋ် ၊ ဓနိ စသည့်  စိုက်ပျိုးသည့် လယ်မြေများ  ကို ယုဇန ကုမ္ပဏီ
၊ရွှေခရု ကုမ္ပဏီ ကုမ္ပဏီများ မှ သိမ်းယူ ခ့ခြင်း ဖြစ်သည်။

ယနေ့ ချီတက်မှု တွင် လယ်သမား ၂၀၀ ကျော်ခန့် ပါဝင် သည်။ ဧရာဝတီ တိုင်း ၀န်ကြီး ချုပ် ဦး
သိန်းအောင်၏ ရုံးမှ တာဝန် ရှိ သူ တစ်ဦး က လယ်သမား များ ၏ မေတ္တာရပ်ခံ ချက် စာ ကို လက်
ခံ ပြီး နောက် သုံး ရက် အတွင်း ၀န်ကြီးချုပ် ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးပေး ပါမည် ဆိုသည့်
နှုတ်ကတိ ကို ရရှိ ခဲ့ သည် ဟု သိရသည်။

ဧရာဝတီ တိုင်း ကဲ့ သို့  ပင် မွန်ပြည်နယ်၊ ပဲခူးတိုင်း ၊ ကရင်ပြည်နယ် နှင့် ပဲခူး တိုင်း တို့  တွင် လည်း
အာဏာပိုင် များ က အဓမ္မလယ်မြေ သိမ်းယူ မှု များ ရှိ သည်။

One thought on “ပုသိမ် လယ်သမား အရေးတော်ပုံ ပွဲဦးထွက် ချီတက်မှု စပြီ

  1. My elder brother told me that if peasants freely owned & worked their farms,would like to work their farms sleeping on the lands but if not,will get back their farms with their blood.

Comments are closed.