အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အတွက် လှည်းနေ လှေအောင်း မြင်းစောင်း မကျန် မျှော်လင့်
ဒီနေ့  နိုင်ငံ ရေး အကျဉ်းသား မိသားစု များ ကြာမှာ ထွက် ပေါ်လာတဲ့ မကြာမှီ ကြေငြာ တော့ တော့
မယ်လို့  ထင်ရတဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့် အတွက် နိုင်ငံ ရေး အကျဉ်းသား မိသား စု
များ သာ မက တစ်နိုင်ငံ လုံး က ပြည်သူ တွေ ပါ မျှော်လင့် ကြတယ်လို့  မန္တလေး အခြေစိုက် ရသ
စာရေး ဆရာ တစ်ဦး က FNG ကို ပြောပါတယ်။
အမေရိကန် အစိုးရ ရဲ့  မြန်မာ နိုင်ငံ ဆိုင် ရာ ညှို နှိုင်း ရေး သံ ကိုယ်စား လှယ် က သတင်း ထုတ်ပြန်
ပြီး မကြာခင် မှာ ဒီသတင်း ထွက် ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရ ကိုယ်စား လှယ် ဒဲရက်(ခ) မစ်ချလ် က မြန်မာ အစိုးရ တာဝန် ရှိ သူ တွေ နဲ့ 
တွေ့ ဆုံ ခဲ့ ရာ မှာ နိုင်ငံ ရေး အကျဉ်းသား တွေ ကို လွှတ်ပေး ဖို့ ကို လည်း တောင်း ဆို ခဲ့ ပါတယ်။
ဒီကနေ့  မှာ ကျရောက် တဲ့ အပြည်ပြည် ဆိုင် ရာ ဒီမိုကရေစီ နေ့ ကို နေပြည်တော် မှာ လည်း
ကျင်းပ ခဲ့ ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရုံး ချုပ် မှာလည်း ကျင်း ပခဲ့ ပါတယ်။
အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီ နေ့ မှာ ဒေါ်အောင်ဆန်းစုကြည် က တက်ရောက် လာ သူ တွေ ကို
မိန့်  ခွန်း ပြောကြား ရာမှာ အာလုံးကြား ချင် တဲ့ သတင်း စကား တစ်ခု ဖြစ်တဲ့  မြန်မာ နိုင်ငံ ဟာ
မကြာခင် ပြောင်း လဲ တော့ မယ် လို့ သူမ ယုံကြည် မျှော်လင့် တဲ့ အကြောင်း လည်း ပြောဆို
သွားခဲ့ ပါတယ်။
မြန်မာ နိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ် စဉ် က နိုင်ငံရေး သမား များ နဲ့  တက်ကြွလှုပ်ရှား သူ တွေ ကို
နှစ်ရှည် ထောင်ဒဏ် တွေ ချမှတ် ခဲ့ ရာ မှာ ရှမ်း ခေါင်းဆောင် ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ် ဆေထင် ၊
၈၈ မျိုးဆက် ကျောင်းသား များ နဲ့  ဗကသ က ကို ဘိုမင်းယု ကို တို့  ထောင်ဒဏ် နှစ် ပေါင်း ၁၀၀
ကျော် အထိ နှစ်ရှည် ထောင်ဒဏ် တွေ ချမှတ် ခံ ခဲ့ ရပါတယ်။
၁၉၈၉ ခုနှစ် သန်လျှင် ရေနံ ချက် စက်ရုံ ဗုံးဖောက်ခွဲ မှု မှာ အပြစ် မရှိ ဘဲ နဲ့  ထောင်ဒဏ် ချမှတ်
ခံခဲ့ ရတဲ့ ကိုညီညီဦး နဲ့  ၂၀၁၀ သင်္ကြန် ကာလ ဗုံးပေါက် ကွဲ မှု နဲ့  တရား စွဲ ဆို ခံရတဲ့ ကို ဖြိုးဝေ
အောင် တို့  ကို ဆက်လက် ချုပ် နှောင် ထား ဆဲ ဖြစ်ပါတယ်။
ဒါ့ အပြင် အဲဒီ သင်္ကြန် ဗုံး ပေါက်ကွဲ မှာ ဓာတ်ပုံမှတ်တမ်း ရိုက်ကူး မိတဲ့ ကို စည်သူဇေယျ ကို
လည်း မနေ့ က ထောင်ဒဏ် ၁၀ နှစ် ထပ် မံ တိုး မြှင့် ခဲ့ ပါတယ်။
အခု ထွက် ပေါ်လာ တဲ့ လွတ်ငြိမ်း ချမ်းသာ ခွင့် ကို နိုင်ငံ ရေး မိသား စု တွေ က သာ မက လွတ်
တော်တွင်း မှာ အခြေခံ ဥပဒေ အရ ပါဝင် နေ တဲ့ စစ်ဘက် ကိုယ်စား လှယ် လွှတ်တော် အမတ်
အများ စု ကလည်း မျှော် လင့် ကြပါတယ်။
One thought on “အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အတွက် လှည်းနေ လှေအောင်း မြင်းစောင်း မကျန် မျှော်လင့်
Comments are closed.