လစ်ဗျား ခေါင်းဆောင် ဟောင်း ကဒါဖီ ရဲ့  နောက်ဆုံး ခံတပ် မြို့ တွေ ထဲ မှာ အကြီး ဆုံး မြို့ 
ဖြစ်တဲ့ ဆာတ် မြို့  ကို လစ်ဗျား အသွင်ကူးပြောင်း ရေး ကောင်စီ လိုလား တဲ့ တပ် တွေ က
သုံး ဘက်သုံးတန် က နေ ၀ိုင်း ရံ ပြီး စတင် ချဉ်း နင်း ၀င်ရောက် နေ ပြီ ဖြစ်ပါတယ်။
မြို့  ကို မသိမ်းပိုက် ခင် က ကဒါဖီ ရဲ့  သစ္စာခံ တပ် တွေ ကို လက်နက်ချ ဖို့  နဲ့  လာရောက်ပူး
ပေါင်းဖို့  ဖိတ်ခေါ် ခဲ့ ပေမယ့် ဒီကမ်းလှမ်းချက် ကို လက်မခံ ခဲ့ တာ ကြောင့် မြို့  တွင်း ကို
ဝင်ရောက် သိမ်းပိုက်ဖို့  NTC တပ်တွေ က စီစဉ် ခဲ့ တာ ဖြစ်ပါတယ်။
ဒီနေ့ မနက် အစောပိုင်းမှာ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန် နဲ့  ပြင်သစ် သမ္မတ
ဆာကိုဇီ တို့  က လစ်ဗျား နိုင်ငံ့ ကို သွားရောက် ခဲ့ ပြီး လစ်ဗျား ကြားဖြတ် အစိုးရ အဖွဲ့ 
က ခေါင်းဆောင် တွေ နဲ့  တွေ ဆုံ ခဲ့ ပါတယ်။
ဒေးဗစ် ကင်မရွန် ထရီပိုလီ မှာ ပြောကြား တဲ့ မိန့် ခွန်းမှာ ” လစ်ဗျား နိုင်ငံဟာ အခု မှ အစ
ပဲ ရှိသေးတယ်။ ကဒါဖီ ထိမ်းချုပ် ထား တဲ့ နေရာ တွေ က လည်း ရှိ နေသေးတယ် လစ်ဗျား
နိုင်ငံ နဲ့  ပြီး သက်ပြီး သေချာ တဲ့ ပြီး ပြည့် စုံ မှု ဖြစ်အောင် ထပ်လုပ် ပေး ရ မယ် ဆို တဲ့ကတိ
ကို ပေး ခဲ့ ပါတယ်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ အာဏာလက်လွှတ် ဖြစ်ခဲ့တဲ့ အချိန် က စပြီး ဗြိတိသျှ ၀န်ကြီး
နဲ့  ပြင်သစ် သမ္မတ တို့  ရဲ့  ခရီးစဉ် ဟာ လစ်ဗျား နိုင်ငံ့ အတွက် ပထမ ဦး ဆုံး ပြည်ပ ခေါင်း
ဆောင် တွေ လာရောက် လည် ပတ်ခြင်း ပဲ ဖြစ်ပါတယ်။ လစ်ဗျား နိုင်ငံ ကို ပထမ ဦးဆုံး ရောက်
ရှိလာတဲ့ ဥရောပ ခေါင်းဆောင် နှစ်ဦး ကို လစ်ဗျား ပြည်သူ တွေ က သောင်းသောင်း ဖျဖျ ကြို
ဆို ကြပါတယ်။
လစ်ဗျား နိုင်ငံ ဟာ အာဖရိက တိုက် မှာ ရေနံ အထွက် ရှိ ဆုံး နိုင်ငံ ဖြစ်ပါတယ်။
အရင်က ကဒါဖီ ရဲ့  နိုင်ငံခြား ရေး ၀န်ကြီး ဖြစ်ခဲ့ ပြီး အခုတော့ ကဒါဖီ ရဲ့  ပြောရေး ဆိုခွင့် ရှိ သူ
မူဆာ အီဗရာဟင် က ကဒါဖီ လိုလားတဲ့ ဆီးရီးယား အခြေစိုက် အယ်(လ)ရိုင်း သတင်း ဌာန
ကို ပြောကြား ရာမှာ လစ်ဗျား နိုင်ငံ လွတ်မြောက်ရေး အတွက် လူငယ် ထောင် ပေါင်းများ စွာ
ဟာ ကဒါဖီ လိုလား သူ တွေ နဲ့  လာရောက် ပေါင်း စည်း ကြတယ် လို့  ဆိုပါတယ်။
ကဒါဖီ ရဲ့  မွေးဇာတိ ဆာတ် မြို့  ဟာ ကဒါဖီ လိုလား သူတွေ အခြေစိုက် ကြတဲ့ မြို့  ဖြစ်ပြီး
ဒီမြို့  မှာ လူဦးရေ တစ်သိန်း ကျော် နေထိုင် ပါတယ်။
ကဒါဖီ ကို သစ္စာ ခံတဲ့ တပ် တွေ ဟာ ဘန်ဝါလစ် ၊ ဆာဘ်ဟာ ၊ ဆာတ် စတဲ့ မြို့ တွေ အပြင်
နီဂျဲ နိုင်ငံ နယ်စပ် မြို့ တွေ ကို ထိမ်းချုပ်ထား ဆဲ ဖြစ်ပါတယ်။
ဆာတ်မြို့ ဟာ ကဒါဖီ ရဲ့ လက်ရွေးစင် အထူးတပ် အခြေစိုက် တဲ့ မြို့  ဖြစ်တဲ့ အပြင် လစ်ဗျား
စစ်တက္ကသိုလ် ရှိ တဲ့ မြို့ လည်း ဖြစ်ပါတယ်။

