ကြိုးစင်ပေါ်က ဧရာဝတီ

ဧရာဝတီမြစ်ကြီးသည် မြစ်ဖျားခံရာအစမှ ပင်လယ်တွင်းစီးဝင်သည်အထိ မြန်မာနိုင်ငံအတွင်း တည်ရှိရာ၊
မည်သည့် နိုင်ငံ ကမှ အကြောင်းမဲ့လာရောက်ချယ်လှယ်ခြင်း မပြုနိုင်သော နိုင်ငံပိုင် မြစ်ကြီးတစင်း ဖြစ်ပါသည်။
လူယဉ်ကျေးမှုသမိုင်းသည် မြစ်ကြီးများစီးဆင်းမှုကိုလိုက်၍ အညာနှင့်အကြေ ဆက်စပ်ဖွံ့ဖြိုး စည်ပင်လာခဲ့စာရေးဆရာ တိုက်စိုး ၏ \” ဧရာဝတီ \” ၀တ္ထု ကို ဆွဲချဖတ် ရှုရန် ဤ နေရာ တွင် ကလစ် နှိပ်ပါ

သည်ဖြစ်ရာ၊ ဧရာဝတီမြစ်ကြီးတွင်လည်း တကောင်း၊ ရတနာပုံ၊ အင်းဝ၊ ပုဂံ၊ သရေခေတ္တရာ၊ ဒဂုံ စသည့်
မြန်မာ ရတနာရှေးဟောင်း မြို့ကြီးများဖြင့် ရောင်းဝယ် ဖေါက်ကားကုန်သွယ်ခဲ့ကြကာ၊ မြန်မာနိုင်ငံ ဖြစ်တည်
တိုးတက်လာခဲ့ပေသည်။ ထို့ပြင် ဧရာဝ တီမြစ်ကြီးကြောင့် လူမျိုးစုအချင်းချင်း ပေါင်းစည်းဆက်သွယ်မှုအခွင့်
အလန်းများလည်း ရရှိခဲ့ပေသည်။

WWF ၏ ဆန်းစစ်ချက်အရ ကမ္ဘာပေါ်တွင် ကီလိုမီတာ ၁ဝဝဝ ထက်ရှည်သော မြစ်ကြီးပေါင်း ၁၇၇ စင်းရှိ
သည့်အနက်၊ ယခုအခါ ပင်မမြစ် (Main Stream) ကို ထိမ်းချုပ်ထားခြင်းမရှိဘဲ၊ လွတ်လပ်စွာ စီးဆင်းနေသော
(Free-Flowing River) မြစ်ကြီးပေါင်း ၆၄ ခုသာ ကျန်ရှိနေတော့ကြောင်း ဖေါ်ပြထားရာ၊ အာရှတွင် ရှားပါးစာရင်းဝင် (၃) ခုမှာ အိန္ဒိယ နိုင်ငံရှိ ဗြဟ္မပုတ္တရမြစ်နှင့် မြန်မာနိုင်ငံတွင် ဧရာဝတီနှင့် သံလွင်တို့ ဖြစ်ကြပါသည်။

ဗြဟ္မပုတ္တရမြစ်တွင်၊ လက်တက်များပေါ်၌သာ ဖွံ့ဖြိုးရေးဆည်လုပ်ငန်းများ တည်ဆောက်ရန်ရှိပြီး၊ ပင်မမြစ်ပေါ်တွင်
အ လားအလာ မရှိပါ။ သို့ရာတွင် သံလွင်မြစ်ပေါ် တရုတ်နိုင်ငံဘက်ခြမ်း၌ တမံ (၁၃) ခုကို အဆင့်ဆင့် (Cascade)
တည် ဆောက်ပြီး၊ မြန်မာနိုင်ငံဘက်ခြမ်းတွင် ဟတ်ကြီးနှင့် တာဆန်းရေကာတာများ တည်ဆောက်နေကြာင်း တွေ့ရှိရပါသည်။

ဧရာဝတီ မြစ်တွင်လည်း မြစ်မကြီးပေါ်၌ မြစ်ဆုံတမံနှင့် မေခ၊ မေလိခမြစ်တို့ပေါ်တွင် အခြားတမံ (၇)
ခုကို တည်ဆောက်ရန် စီစဉ်နေသဖြင့် Free-Flowing River စာရင်းမှ ပယ်ဖျက်ရတော့မည်
ဖြစ်ပေသည်။ ယခုအခါ တရုတ်နိုင်ငံ၏ စွမ်း  ရည်လိုအပ်မှုမှာ တဟုန်တိုးမြင့်တက်လာနေရာ ပတ်ဝန်းကျင်နိုင်ငံများ၏
မြစ်ချောင်းများပေါ်တွင် ဈေးပေါပေါနှင့် ရေအား လျှပ်စစ်ရရှိရေး မက်လုံးပေးကြိုးစားလျှက်ရှိပါသည်။

သဘာဝအားဖြင့် မြစ်ဖျားခံရာဒေသနှင့် ပင်လယ်တို့ဆက်စပ်မှုရှိသော မြစ်ကြီးများတွင် ငါးနှင့် ရေနေသတ္တဝါ
တို့ ပေါက်ဖွား မှုမှလည်း ဆက်စပ်လျှက်ရှိပြီး ဂေဟစနစ်ချိန်ညှိမှုအကျိုးဆက်မှာ အလွန်အရေးပါကြောင်းတွေ့ရှိရပါသည်။
WWF က ထောက်ပြထားသည်မှာ မြစ်ဝကျွန်းပေါ် (Delta) ရှိ မြစ်ချောင်းများသည် ပင်လယ်ဒေသ (estuary)
နှင့် ဂေဟစနစ် ဆက်စပ်နေကြောင်း၊ တဖန် မြစ်ဝကျွန်းပေါ်သည်လည်း မြစ်ညာရှိ မြစ်စ (Source) နှင့်
ဆက်စပ်မှုရှိသဖြင့် တခုနှင့် တခုဆက်စပ်မှုကို ဖြတ်တောက်လက်သည်နှင့် ဂေဟစနစ်ပျက်ပြယ်ကာ၊
ပင်လယ်ထွက်ကုန် ငါးပုဇွန်များ ထုတ်လုပ်မှုကို ဆိုးဝါးစွာ ထိခိုက်နိုင်ကြောင်း ဖေါ်ပြထားပါသည်။ မြစ်မတွင်
ရေလှောင်တမံ တည်ဆောက်ခြင်းကြောင့်၊ လွတ်လပ်စွာ စီးဆင်းနေမှုကို ပိတ်ပင်လိုက်သဖြင့် သဘာဝရေစီးဆင်းမှု
(Natural Stream Flow) အစား လူလုပ်စီးဆင်းမှု (Man made Stream Flow) ဖြစ်သွားသဖြင့် ဇီဝမျိုးစုံမျိုးကွဲများ၏
မူရင်းဒေသများ ထိခိုက်ကာ၊ ဌာနေတိရိစ္ဆာန် မျိုးစိတ်များ ပျောက်ကွယ်သွားနိုင်ပေသည်။

ဧရာဝတီမြစ်ဆုံတမံ၏ ရေဆင်းဧရိယာအတွင်းရှိ မေခနှင့် မေလိခမြစ်တို့၏ ရေဝေရေလဲ တောင်ကြောများမှာ
ဟိမဝန္တာ တောင်ကြီး၏အရှေ့ဘက်အကျဆုံးအစွန်း (Eastern most) ဖြစ်ပြီး၊ အထူးသဖြင့် မေလိခမြစ်
ဘက်ခြမ်းမှာပြင်ပ ကမ္ဘာနှင့် အဆက်အသွယ်မရှိသဖြင့် သဘာဝပတ်ဝန်းကျင် လုံးဝပျက်စီးခြင်း မရှိသေးသည့်
ဒေသဖြစ်ပေရာ၊ ရှားပါးမျိုး စိတ် Flora နှင့် Fauna များကို တွေ့မြင်နိုင်ပေသည်။ အခြားရှားပါးသော၊ ပန်ဒါဝက်ဝံအနီ၊
ဝက်ဝံအမဲ၊ သားမင်း၊ ငှက် အမျိုးမျိုး၊ မျောက်အမျိုးမျိုး၊ သစ်ခွအမျိုးမျိုး၊ လိပ်ပြာအမျိုးမျိုး၊ ဒေသသုံးဆေးဝါးအပင်
အမျိုးမျိုး၊ အဖိုးတန်သစ်ဥသစ်ဖု များ ရှားပါးစွာ ပေါက်ရောက်ကြသဖြင့် လွန်စွာအဖိုးထိုက်တန် လှပေသည်။

ထို့ပြင်ချစ်ခင်ဘွယ်ကောင်းသော ညီနောင် တိုင်းရင်းသားများဖြစ်သည့် ကချင်၊ ရဝမ်၊ လီဆူး၊ ဂျိန်းဖော စသည်တို့၏
နေရင်းဒေသလည်း ဖြစ်ပေရာ၊ တမံတည် ဆောက်လိုက်သဖြင့် မည်မျှထိခိုက်သွားမည်ကို တွေးကြည့်ရန်ပင်
မစဉ်းစားရဲအောင် ဖြစ်ရပေသည်။ တမံကို နှစ်နှင့် ချီ၍ တည်ဆောက်ရမည်ဖြစ်ရာ၊ လူသံ၊ စက်သံ၊ တောင်ဖြိုသံ၊
မိုင်းခွဲသံ၊ လမ်းဖေါက်သံ စသည့် အသံဆိုးများကြောင့် တိုင်းရင်း သားမျိုးနွယ်စုများ၊ တောနေသတ္တဝါများနှင့် ရေနေ
သတ္တဝါများအားလုံး ထွက်ပြေး၊ သေဆုံး ပျောက်ကွယ်သွားကြမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါသည်။

ASEAN (၁ဝ) နိုင်ငံသည် အပူပိုင်းဇုံတွင်း (Tropical) ကျရောက်သော်လည်း၊ မြန်မာနိုင်ငံတခုတည်းသာ၊
ဟိမဝန္တာ တောင်ကြီး၏ အရှေ့ဘက်အကျဆုံးအစွန်းနှင့် ထိစပ်နေသဖြင့်၊ နှင်းဖုံးသောတောင်တန်းများ
(Snow-capped Mountain) ရေခဲမြစ်များ တည်ရှိပြီး လူတို့တက်ရောက်နိုင်သည့် တခုတည်းသော နိုင်ငံ
ဖြစ်ပါသည်။ အခြား (၉) နိုင်ငံတွင် မရှိပါ။ ရောက်ဖူးလို၏၊ တက်ရောက်လို၏၊ တွေ့မြင်လို၏၊ ခံစားလို၏၊ ASEAN ၏
ဆွစ်ဇာလန်နိုင်ငံ ဖြစ်ပေသည်။

တောင်ပေါ်တွင် ရေခဲပြင် လျှောစီးနိုင်၏ (Skiing)၊ တောင်ပေါ်လမ်းများ ရှာ၍ လျှောက်နိုင်၏ (Mountain Trekking)

တောင်ကုန်းအဖုအထစ်များကြားတွင် အခက်အခဲစက်ဘီး စီးနိုင်၏ (Mountain Biking)?၊ ထို့ပြင် သဘာ ဝ
အခြေခံခရီးသွားခြင်း ( Eco-tourism) ကိုလည်း ပြုလုပ်နိုင်၏၊ အရှေ့တောင်အာရှတွင် မည်သည့်နိုင်ငံတွင်မှ
မရှိသော၊ ရင်ခုံစွန့်စားရသည့် ရာဘာဖေါင်နှင့် ရေစီးသန်ကာ အနိမ့်အမြင့်နှင့် အလျောကောင်းသော မေလိခမြစ်
အတွင်း ကျောက်ဆောင်များအကြား မျှောချနိုင်၏ (White Water Rafting)? စွန့်စားလိုသူတို့အတွက် နိဗ္ဗာန်ဘုံပင် ဖြစ်ပေ

သည်။

အခြေအနေပေးပါက၊ ကမ္ဘာလှည့်ခရီးသွားများလာရောက်မည်သာဖြစ်ပြီး ငွေကိုသဲ့ယူနိုင်သည့် မြစ်အတွင်းတွင်၊ တမံအ
ဆင့်ဆင့်ကို တည်ဆောက်လိုက်ခြင်းဖြင့် စွဲဆောင်နိုင်သည့် လုပ်ငန်းများအားလုံး ပျောက်ကွယ်သွားမည်ဖြစ်သဖြင့် ကမ္ဘာ
တည်သရွေ့ ရေရှည်စဉ်ဆက်မပြတ် အကျိုးရှိနေသည့် (Sustainable) လုပ်ငန်းများကို မဖျက်ဆီးသင့်ပေ။

ရေနှင့်ပတ်သက်၍ဖွံ့ဖြိုးရေးကဏ္ဍများကို စဉ်းစားရာတွင်၊ Integrated Water

Resources Management (IWRM) ဟုခေါ်သော ”ရေအရင်းမြစ်စမံမှုနှင့် ဆက်စပ်နေသော ကဏ္ဍအားလုံးကို တစုတရုံးတည်း ပေါင်းစပ်စဉ်းစားပေးခြင်း” ဖြင့်၊ နောင်သားစဉ်မြေးဆက် အဒွန့်ရှည် ခံစားနိုင်သည့် လုပ်ငန်းမျိုးဖြစ်သင့်ပေသည်။

ကဏ္ဍတခုတည်း ဖွံ့ဖြိုးတိုးတက်မှုအ တွက် အခြားကဏ္ဍများ ရှိပါက ထိခိုက်မှု မပြုလုပ်မိအောင် ပေါင်းစပ်စဉ်းစားတွေးခေါ်ခြင်း
ဖြစ်ပါသည်။ ဧရာဝတီမြစ်ဆုံစီမံကိန်းတွင် လုပ်ငန်း (၈) ခုပါဝင်ပြီး စုစုပေါင်း လျှပ်စစ် ထုတ်လုပ်

မှုအင်အား ၁၈၄၉၉ MW ဖြစ်ရာ၊ လျှပ်စစ်ဦးစားပေးစီမံကိန်း (Power Oriented) ဖြစ်ပါသည်။

တိုးတက်နေသောခေတ်ကြီးတွင် ဆောင်ရွက်နေသောဘက်စုံစီမံကိန်း (Multi-purpose project) မျိုး မဟုတ်
သည်ကို တွေ့ရှိရပါသည်။ အဖိုးတန်သော ဘက်စုံစီမံကိန်းကြီးများတွင် လျှပ်စစ်သာမက၊ စိုက်ပျိုးရေး၊ စက်ရုံသုံးနှင့်
သောက်သုံးရေ၊ သယ်ယူပို့ဆောင်ရေး၊ အပန်းဖြေရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့ပေါင်းစပ်ပါဝင်သဖြင့်
ရေ ရှည်တည်တံ့သော လူမှုရေး စီးပွားရေးကဏ္ဍများ ပါဝင်ပါသည်။ မိမိ၏ အခန်းကဏ္ဍတခုတည်းကိုသာ၊ ဦးစားပေးဆောင်
ရွက်မည်ဆိုပါက ဆိုးကျိုးများနှင့်ကြုံတွေ့ရန် အလားအလာများပါသည်။ ရေအရင်းအမြစ်ကို သတ်မပြစ်သင့်ပါ။

ရေသည် လွန်စွာတန်ဖိုးရှိသော စီးပွားရေးအထောက်အကူပြု ကုန်ကြမ်းပစ္စည်းဖြစ်သည်ဆိုသည်ကို ဂရုပြုရပါမည်။

ထို့ ကြောင့် ရေအရင်းအမြစ်ဖွံ့ဖြိုးရေး စီမံကိန်းကြီးများဆောင်ရွက်သည့်အခါ အလွှာအသီးသီးမှ ပါဝင်စဉ်းစားဆွေးနွေး
ဆုံး ဖြတ်ကြရန် လမ်းဖွင့်ပေးရန်လိုအပ်ပါသည်။

တိုးတက်ဖွံ့ဖြိုးလျှက်ရှိသောနိုင်ငံများတွင် စားနပ်ရိက္ခာဖူလုံရေးမှာ အဓိကမျှော်မှန်ချက်ဖြစ်ရာ ရေဖူလုံစွာ မရရှိပါက အ
ဟန့်အတား ဖြစ်သွားနိုင်ပါသည်။ ရေအတွက် အာမခံချက်ရရှိရန်မှာ စားနပ်ရိက္ခာထုတ်လုပ်ရေးအတွက် အဓိကသော့ ချက် ဖြစ်ပါသည်။

မြန်မာနိုင်ငံလူဦးရေ ၇ဝ% မှာ ကျေးလက်တွင် နေထိုင်ကာ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်လျှက်ရှိသော လုပ်ငန်း များတွင်
ပါဝင်လုပ်ကိုင်လျှက်ရှိပါသည်။ ဆင်းရဲမှုလျော့နည်းပပျောက်ရေးအတွက် လက်ရှိအလုပ်အကိုင်များ မပပျောက် ရေးနှင့်
လုပ်ငန်းအသစ်များ ဖန်တီးရှာဖွေပေးရေးမှာ လွန်စွာအရေးကြီးပါသည်။ လူဦးရေတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု ဆက်စပ်
နေခြင်းကြောင့် မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။

”ဧရာဝတီမြစ်ဆုံ တမံပိတ်မှုကြောင့်၊ နွေရာသီမှာ ရေလှောင်တမံကနေ ရေထုတ် လွှတ်မှုကြောင့် (လျှပ်စစ်ဓါတ်ထုတ်ယူ မှုကြောင့်)
နွေရာသီ ပုံမှန်မြစ်ရေစီးဆင်းမှုထက် ၁၆% ပိုများလာမယ်လို့ ဆိုပါတယ်။ ခြောက်သွေ့ရာသီကာလတွေရဲ့ ယခင် ပုံမှန်မြစ်ရေထုစီးနှုန်း ၁၈၃ဝ m3/s ကနေ ရေလှောင်တမံပြီးစီးချိန်မှာ ဖြစ်ပေါ်လာမယ့်မြစ်ရေထုစီးနှုန်းဟာ ၂၁၂ဝ m3/s အထိ တိုးတက်လာမှာ ဖြစ်ပါတယ်၊

ဒါကြောင့်တမံရဲ့ အောက်ဘက်ပိုင်း ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ မြစ်ရေ ဟာ ယခင်ပုံမှန်ထက် ၁.၅ ပေခန့် ပိုမိုမြင့်တက်လာနိုင်ကြောင်း လေ့လာသုံးသပ်ဖေါ်ထုတ်ထားပါတယ်” ဟု ရေးသား ကြော်ငြာထားသည်ကို တွေ့ရှိရပါသည်။
မြစ်ဆုံတမံမှ ထွက်ရှိသော လျှပ်စစ်ဓါတ်အား၏ ၉၉% ကို တရုတ်နိုင်ငံက ရယူ မည်ဖြစ်ပြီး မြန်မာနိုင်ငံက ၁% သာ ရရှိသည်ဟု
သိရှိရပါသည်။ တရုတ်နိုင်ငံ၏နွေရာသီ၌ လျှပ်စစ်ဓါတ်အား ပိုမိုလိုအပ်မှု

ရှိနိုင်သည့်အလျှောက် ပိုမိုထုတ်ယူမည်သာဖြစ်ရာ ဖေါ်ပြထားသည့် နွေရာသီပုံမှန်မြစ်ရေစီးဆင်းမှု ၁၆% ကိန်းဂဏန်း ထက်
ပိုမိုမည်သာ ဖြစ်ပါသည်။ အဓိကအကြောင်းရင်းမှာ ဧရာဝတီတွင် လက်ရှိ နွေရာသီသဘာဝ ရေကျဆင်းသွားသည် နှင့်
ပေါ်ထွက်လာသော နုံးတင်မြေနုကျွန်းများ ဆုံးရှုံးသွားနိုင်ခြင်းပင် ဖြစ်ပါသည်။

ယာသမား၊ ကိုင်းသမားများမှာ နှစ်စဉ်ပေါ်ထွန်းလာသည့်၊ မြေနုကျွန်းများပေါ်တွင်၊ မြေပဲ၊ ပြောင်း၊ ကြက်သွန်၊ ပဲအမျိုးမျိုး
အပြင် အခြားဆီထွက်သီးနှံများကို စိုက်ပျိုးခြင်းဖြင့် အလုပ်အကိုင်ရရှိကာ ဝင်ငွေရရှိစေပါသည်။ မြေနုကျွန်းများ ပျောက်
ဆုံးသွားပါက ဧရာဝတီတနံတလျား အလုပ် လက်မဲ့ဖြစ်ကြမည့် ယာသမား၊ ကိုင်းသမားများကား၊ နည်းမည်မ ဟုတ်ပေ။

”ပိန်ညှင်း၊ ရေကြက်နှင့် ဟင်္သာငှက်တို့သည် သောင်ပြင်တွင် သက်ဆင်းနိုင်တော့မည် မဟုတ်သလို၊ ငါးကြင်းတွေဆန်
ငါးတန်တွေမြူး၊ သောင်ချေဦးမှလ၊ ကိုတံငါလည်း လှေယဉ်စီး၍ ပိုက်ကြီးကိုရေချနိုင်တော့မည် မဟုတ်ပေ”။

ထို့အပြင်ခေတ် အဆက်ဆက်အသုံးချလာသော ”မြေနုကျွန်းချထားရေးအက်ဥပဒေ” ကိုလည်း၊ အသုံးမလိုတော့သဖြင့် ပြတိုက်တွင် သိမ်းဆည်းထားရန်သာရှိပါတော့သည်။

ထို့နည်းတူ မိုးရာသီတွင်လည်း ရေအားလျှပ်စစ်ထုတ်ယူမှုကြောင့် ပုံမှန်ရေထုထည် စီးနှုန်းထက် လျှော့နည်းသွားမည်ဖြစ် ရာ သဘာဝရေကြီးကွင်း၊ ရေနက်ကွင်းဧရိယာများလည်း လျော့နည်းကျဆင်းသွားမည် ဖြစ်ပါသည်။ ဧရာဝတီမြစ်နှင့် ချင်း
တွင်းမြစ်ဆုံရာ သဘာဝရေနက်ကွင်းများ၊ ငဝန်မြစ်အနောက်ခြမ်းရေနက်ကွင်းများ စသည့် ဧရိယာများတွင် သဘာဝရေ
မရောက်တော့သဖြင့် ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိတော့၍ အလုပ်လက်မဲ့ဖြစ်ကြပေတော့မည်။ သို့သော် မြစ်ဆုံ တမံကြောင့် မိုးရာသီရေကြီးမှုအမြင့် လျော့နည်းသွားသဖြင့် မြစ်ဝကျွန်းပေါ် ရေဘေးကာကွယ်ရေး တာတမံများအတွက် အသက်
ရှုပေါက်ချောင်သွားနိုင်၏၊ ဒါပေမဲ့ သိတ်စိတ်ချ၍တော့ မဖြစ်သေး မိုးရွာခြင်း၊ ရေကြီးခြင်းစသည်တို့မှာ ကျဘမ်း ကိန်းစဉ် (Random

Phenomena) များဖြစ်ကြ၏။ စာရင်းအင်းပညာ (Statistics) ဖြင့် တွက်ချက်၍ သဘာဝရေ ကြီးခြင်းကို ခန့်မှန်းနိုင်၏။

ယခုဤသို့မဟုတ်နိုင်တော့။ သဘာဝရေကြီးခြင်းမဟုတ်၊ လူကလုပ်သည် (Man-Made) ရေကြီးခြင်းဖြစ်ရာ ခန့်မှန်းရန် ခက် ခဲသွား၏။
ရေကြီးပါက ဆည်အကျိုးမခံဘဲ ရေလွှတ်ချမည်သာ ဖြစ်သည်။ ရေကြီးမှုဖြစ်စဉ်တွင် ဧရာဝတီက သုံးပုံနှစ်ပုံ ပါဝင်၍ ချင်းတွင်းက
သုံးပုံတပုံသာ ပါဝင်သည်။ မြစ်ဝကျွန်းပေါ်တာတမံများကို ခါတိုင်းထက်ပင်တိုး၍ စောင့်ကြပ်ရမည့် သဘောရှိပေသည်။ နမူနာအားဖြင့်
ထိုင်းနိုင်ငံအတွင်းရှိ ”ဘူမိဘော”ရေလှောင်တမံမှ ဘာမပြောညာမပြော သူ့ဆည်လြုံခုံ ရေးအတွက် ရေလွှတ်ချလိုက်ရာ မြန်မာနိုင်ငံသောင်ရင်းမြစ်အတွင်း သေလိုက်ကြတဲ့ မြန်မာတွေ…..

မြစ်ဆုံတမံရေကြီးမှုကို တရုတ်ကြီးက ချုံကင်း သို့မဟုတ် ပီကင်းမှ အဝေးထိန်းစနစ် (Remote control) နှင့် ထိန်းသိမ်းနိုင်၏။

ရေကြီးမှုသည်၊ စိုက်ပျိုးရေး၊ ရေကြောင်း၊ ဆောက်လုပ်ရေး၊ ဆည်မြောင်း၊ တာတမံ၊ စည်ပင်၊ လမ်းတံ တား စသည့်ကဏ္ဍအားလုံးနှင့်
ဆက်စပ်နေ၏။ရေကြီးပါက မည်သူနှင့်ညှိနှုင်းရမည်နည်း၊ တရုတ်ကြီးက ”ဝ-မတိဘူးလ၊ လု၊ တို့ကိစ္စဘဲ” ဟုဆိုသော် မခက်ပါလော ၊…

”မြစ်ဆုံစီမံကိန်းရဲ့ တမံအမျိုးအစားဟာ ကွန်ကရစ်မျက်နှာဖြင့် ကျောက်ဖြည့်တမံ (Concrete Face Rock Fill Dam-CFRD)
အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ CFRD အမျိုးအစားဟာ Zone Type တမံအမျိုးအစားထက်၊ ငလျှင်ဒဏ်ကို ခံနိုင်ရည် ရှိပါတယ်”
ဟု ဖေါ်ပြထားပါသည်။

CFRD အမျိုးအစားတမံသည် ဖေါ်ပြပါအားသာချက်ရှိသကဲ့သို့ အခြားအားနည်းချက်များလည်း ရှိသည်ကို မမေ့သင့်ပါ။ တမံ တည်ဆောက်မည့်နေရာ မြစ်ကြမ်းပြင်အောက်ခံ ကျောက်အမျိုးအစား အလွန့်အလွန် (အလွန့်အလွန်) ကောင်းမွန်ရန် လိုအပ်ပါသည်။ အဘယ်ကြောင့်နည်း၊ မြစ်ကြမ်းပြင်တွင် သပ်ကျင်းတူးပြီး ကွန်ကရစ်မျက်နှာပြင်အပြားကိုစောင်း၍ ပေ (၄၅ဝ) အမြင့်အထိ
တည်ဆောက်ရမည်ဖြစ်ရာ ကုတ်အားကောင်းရန်အတွက် အောက်ခံကျောက် အထူးကောင်းမွန်ရန် လိုအပ်ခြင်း ဖြစ်ပါသည်။ ၎င်းကွန်ကရစ်မျက်နှာပြင်အပြား နောက်ဘက်မှ ကျောက်တုံးများစီ၍ တမံဆောက် မည်ဖြစ်ပါ သည်။ ကွန်ကရစ် (ဘိလပ်မြေ)
အကုန်အကျနည်းရန် အရေးကြီးသော ရှေ့ကာအပြားကိုသာ ကွန်ကရစ်ထား၍ နောက် ဘက်က ကျောက်စီခြင်း ဖြစ်ပါသည်။
ယင်းတမံမျိုးမှာ တရုတ် နိုင်ငံတွင် သုံးစွဲနေကြသော်လည်း နိုင်ငံတကာတွင်မူ ခေတ်မစားလှသေးပါ။

”အချို့စိုးရိမ်သလို တမံကျိုးတဲ့အဆင့်၊ ရေတွေဖွင့်ချရတဲ့အဆင့် ရောက်လာဖို့ဆိုတာ လုံးဝမဖြစ် နိုင်ပါဘူး” ဟု ရေးသား
ဖေါ်ပြထားချက်ကို လက်ခံရန် ခက်ခဲလှပါသည်။ ရေကြီးသဖြင့် ရေလှောင်ကန်တခု ရေဖွင့်ချရသည်မှာ မဆန်းပါ။ မကြာ မီက
အမေရိကန်နိုင်ငံတွင် မကြုံစဖူး မစ္စစပီမြစ်ရေကြီးရာ ရေတံခါးများ ဖွင့်ချခဲ့ရသဖြင့် မြို့ကြီးများစွာ ရေနစ်မြုပ်ခဲ့ရ သည်။ သို့သော်
ကြိုတင်ကြေငြာ ထားသဖြင့် အခက်အခဲကို ကျော်လွှားနိုင်ခဲ့သည်။ အဓိကတမံရေ ဆင်းဧရိယာအတွင်း မိုးရာသီ တွင် မိုးကြီးနိုင်၏ ရေကြီးနိုင်၏ တောင်ပြိုနိုင်၏ နွေရာသီတွင် ဟိမဝန္တာရေခဲတောင်များ အရည်ပျော်နိုင်၏ ဆည် အမျိုးအ
စားကောင်းကောင်း၊ ဒီဇိုင်းကောင်းကောင်း၊ ရေထုတ်အားကောင်း ကောင်း၊ Monitoring  စံနစ်ကောင်း ကောင်း လိုအပ်ပါသည်။

ကမ္ဘာပေါ်တွင် မည်သည့်ဆည် အမျိုးအစားမှ ရာနှုန်းပြည့်စိတ်ချရမှုအတွက် အာမခံချက် မရှိပါ။

ကြိုတင်သိရှိပြီး ကာ ကွယ်နိုင်ခြင်း ဖြင့်သာ၊ အခက်အခဲများ လျော့နည်းသွားခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် အီတလီနိုင်ငံရှိ
Concrete Arch Dam ကြီးတခု၏ ရေလှောင်ကန်အတွင်း ညအချိန် တောင်ကြီးတခုလုံး ရုတ်တရက်ပြိုကျရာ၊ တမံ
အောက်ဖက်ရှိ မြို့ကြီးတမြို့လုံး စိစိညက်ညက် ကြေသွားသည်ကို ယနေ့တိုင်လေ့ လာနိုင်ရန် ပြသထားပါသည်။ မြစ်ဆုံ
တမံတခုခု ဖြစ်သွားပါက ဧရာဝတီမြစ်ဖျားမှ ပင်လယ်ဝအထိ မြစ်ကိုဖြတ်၍ တည်ဆောက်ထားသော တံတားကြီးများ၊
သမိုင်းယဉ် ကျေးမှုနှစ် ပေါင်းထောင်ချီ၍ ရှိခဲ့သော မြို့ပြအိမ်ယာများသည် ဘင်္ဂလားပင်လယ်အော်အတွင်း သက်ဆင်း
သွားနိုင်ပေသည်။

”ပိတ်ဆို့မှု (Sanction) ဆိုတာကြီးကြောင့်၊ ချေးငွေဆိုတာ နိတ္ထိဖြစ်၍ တရုတ်နိုင်ငံက Foreign Direct Investment
(FDI) နှင့် တာဝန်ယူတည်ဆောက်ရသည်” ဟု ဖေါ်ပြထားချက်အတွက် စိတ်မကောင်းပါ။ သို့ရာတွင် တရုတ်နှင့် ချုပ်ဆိုသော
စာချုပ်စာတမ်းများကို ထုတ်ပြန်ခြင်း မရှိ၍ အကျိုးအကြောင်း မသိရသော်လည်း (FDI) ဆိုခြင်း ကြောင့် ဆည်နှင့်တကွ
ရေဝေရေလဲ ဧရိယာထိန်းချုပ်မှုအားလုံး တရုတ်လက်တွင်းသို့ နှစ်အကန့်အသတ်မရှိ ရောက်ရှိ သွားကြောင်း ယူဆဘွယ်ရာရှိပါသည်။
တရုတ်၏အကျင့်တခုမှာ ဥပမာသစ်ခုတ်ခွင့် သဘောတူညီမှုရစဉ်က အမြစ်

ပါတူး၍ မြေလှန်ပြီး ရသမျှယူသောအကျင့် ဖြစ်ပါသည်။

ယခုလည်း မြစ်စုံစီမံကိန်းလုပ်ငန်းများ စသည်နှင့် ရွှေထွက်သော မြစ်ဆုံမြေများကို အကြောင်းအမျိုးမျိုးပြ၍
နေ့စဉ်အလုံပိတ်ကားကြီးများဖြင့် နယ်စပ်မှတဆင့် တရုတ်နိုင်ငံအတွင်း၊ အစစ်အဆေးအမေးအမြန်းမရှိ သယ်ဆောင်ပြီး
ရွှေကျင်ရယူနေကြသည်။ ထို့ပြင် မြစ်ဆုံကျောက်ဟုခေါ်သော ကျောက် စိမ်းလည်းထွက်သေး၏။

ရသမျှသယံဇာတအားလုံးကို ထုတ်ယူပြီး ငါးကြင်းဆီနှင့် ငါးကြင်းကြော်ပေတော့မည်။ သဘာဝ သယံဇာတများမှာ အဖိုး
ထိုက်တန်သော ကုန်ကြမ်းပစ္စည်းများဖြစ်ရာ၊ မိမိပိုင်ပစ္စည်းများ လျော့နည်းမသွားစေရန် ထိန်းသိမ်းထားရေးမှာ နိုင်ငံသား
တိုင်း၌ တာဝန်ရှိပါသည်။ ရေအရင်းအမြစ်ကို သားစဉ်မြေးဆက်ရေရှည်တည်တံ့ခိုင်မြဲစေနိုင်သော နည်းလမ်းများဖြင့်
ထိန်းသိမ်း အသုံးချသွားနိုင် ရေးသည်၊ အနာဂတ်လူအဖွဲ့အစည်းအတွက် အလွန်အရေးကြီးသော စိန်ခေါ်မှုများအနက်
တခုဖြစ်ကြောင်းဖေါ်ပြရင်း၊ မြစ်ဆုံတမံ တည်ဆောက်ရေးကို စဉ်းစဉ်းစားစား လုပ်ပါဟုသာ တင်ပြလိုပါသည်။

(၂ဝ၁၁ ခုနှစ် သြဂုတ်လ (၉) နှင့် (၁ဝ) ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာပါ ဆောင်းပါးများကို ရည်ညွှန်းပါသည်)

Water Resources Specialist တဦး

ပီဒီအက်ဖ်ဖိုင်

5 thoughts on “ကြိုးစင်ပေါ်က ဧရာဝတီ

  1.ိတို့တိုင်းပြည်ကို ဂုတ်သွေးစုပ် အမျိုးဖြုတ်မဲ့ အကြံနဲ့ အမျိုးရုတ် စောက်တရုတ်တွေကိုအားကိုနေတဲ့ လူတွေ မြွေပွေး ကိုက်သေကြပါစေ။။။။။

  2. တရုပ် က ရုပ် ၊သန်းရွှေ နှင့်စစ်အုပ် စု လုပ်ပုံ က ပြည်သူမပြောနဲ့ ကိုယ်ဆွေမျိုး နဲ့ကိုယ်သားစဉ်မျိုးဆက်အတွက်တောင်း မစဉ်းစား တာ တရုပ် ကတောင် ရုပ်မာပုံ ကို အတု ခိုး၇လောက်တယ်၊burma ပြည်ကတရုပ်တွေ ဘယ်လိုးလည်း?

  3. ဧရာဝတီမြစ်ကြီးကိုလည်ပင်းကြိုးဂွင်းစွတ်ပီးဆွဲကြိုးချသေခိုင်းလိုက်တာနဲ့အတူတူပါပဲ.
    တစ်တိုင်းတစ်ပြည်လုံးအမျိုးသားရေးကိစ္စတစ်ရပ်အနေနဲ့ဝိုင်းဆောင်ရွက်ကြပါ.
    ဧရာဝတီကိုအမြန်ဆုံးကယ်တင်ကြပါ..

  4. ဧရာဝတီမြစ်ကြီးကိုလည်ပင်းကြိုးဂွင်းစွတ်ပီးဆွဲကြိုးချသေခိုင်းလိုက်တာနဲ့အတူတူပါပဲ.တစ်တိုင်းတစ်ပြည်လုံးအမျိုးသားရေးကိစ္စတစ်ရပ်အနေနဲ့ဝိုင်းဆောင်ရွက်ကြပါ.ဧရာဝတီကိုအမြန်ဆုံးကယ်တင်ကြပါ..

Comments are closed.