မြန်မာအစိုးရနှင့်တရုတ်ကုမ္မဏီဖြစ်သည့် CPI တို့ သဘောတူလက်မှတ်ရေးထိုးထားသည့်
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတစ်ရပ်
ရန်ကုန်မြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း FNG မှ သတင်းရရှိသည်။
ရန်ကုန်မြို့၊ အမှတ်(၁) ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင်
Save the Irrawaddy စာသားပါ တီရှပ်များ ဝတ်၍ ငြိမ်သက်စွာ ဆန္ဒပြရန် စီစဉ်ထားကြောင်း ဆန္ဒပြပွဲကို
စီစဉ်သူများဆီမှ သတင်းစကား ရရှိထားသူတစ်ဦးက ပြောသည်။
မည်သည့် နေ့ ရက် နှင့် မည်သည့် အချိန် တွင် ကျင်းပမည် ကို အတိအကျ သတင်း ထုတ်ပြန် ခြင်းပြု
သေးသော် လည်း ဆန္ဒပြ မှု တွင် ဦးဆောင် လှုပ်ရှား နေ သူများ က ယခု သတင်း ပတ် အတွင်း ပြုလုပ်
နိုင်ရန် စီစဉ် ထား သည် ဟု ဆိုသည်။
နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်သည့် မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်အစပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့
အထက်ဘက်ရှိ မြစ်ဆုံဒေသတွင် ကျေးရွာ ၆၃ ရွာ နှင့် ဒေသခံ ပြည်သူ တစ်သောင်းကျော် နေရာပြောင်းရွှေ့ရမည်
ဖြစ်ကြောင်း သိရှိရသည်။
မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်း ဧရိယာသည် စင်ကာပူနိုင်ငံခန့် အရွယ်အစားရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ
အကုန်ကျခံ တည်ဆောက်မည် ဖြစ်ကာ၂၀၀၉ ခုနှစ် မှ စတင်ဆောက်လုပ်နေသည်။ ရှစ်နှစ် ကြာမည့်
ယင်းစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အမွေအနှစ်၊ စီးပွားရေး၊ လူမှုရေး စသည်များ
ထိခိုက်ပျက်စီးနိုင်ကြောင်း ကျွမ်းကျင်သူ ပညာရှင်များက ထောက်ပြပြောဆိုထားသည်။
ယင်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် မြန်မာ (BANCA) ကျွမ်းကျင်ပညာရှင် ၉၀နှင့် တရုတ်ပညာရှင်
၁၀ ဦးပါဝင်သည့် လေ့လာရေး အဖွဲ့ကလည်း စာမျက်နှာ ၉၀၀ ကျော် ပါရှိသည့် အစီရင်ခံစာတစ်ရပ်အား
သက်ဆိုင်ရာသို့ ပေးပို့ထားသည်။
လက်ရှိ မြန်မာ အစိုးရ၏ သမ္မတ အကြံပေး အဖွဲ့  ၀င် များ ၊ အစိုးရ အဖွဲ့  ၀င် ၀န်ကြီး များ ၊ ထင်ရှား ကျော်ကြား
သူများ၊ ပညာရှင် များ ၊ လွှတ်တော် အမတ် များ က လည်း မြစ်ဆုံ ဆည် စီမံ ကိန်း ကို ကန့် ကွက် ထား ကြသည်။

ဘယ်နေ့ရက် ဆိုတာ အတိကျ ရက်ချိန်းထားရင် ကောင်းမယ်ထင်တယ်။ တစ်ကမ္ဘာလုံး ညီညီညွတ်ညွတ် နဲ့ တရုတ် သံရုံး အားလုံးမှာ ဆန္ဒပြ နိုင်ရင်ကောင်းမှာဘဲ
ဘယ်လိုအကြောင်းကြောင်းမှ ဧရာဝတီမြစ်ကို.ဖျက်ဆီးခြင်းမပြုရ.ဘာရေအားလျှပ်စစ်မှမလိုချင်ဘူး.ဆက်လုပ်ခဲ့ရင်.မြန်မာပြည်ကတရုတ်မှန်သမျှသတ်ပြစ်ကြ..
သိန်းစိန်စစ်အစိုးရကို ကြိုတင်သတင်းပေးနေသလိုများဖြစ်မနေဘူးလားဗျာ…
very good idea!
If they don’t change anything after this peaceful protest, we need to do more intense with more people & do something.
Then if they are trying to shoot down the protest,we will have to fight against guns.
Be prepared for everything,we will prevail eventually.