တက်ကြွလှုပ်ရှား သူ အနည်းဆုံး ၈ ဦး ခန့် ကို ဖမ်းဆီးထား

မနေ့ က တရုတ် သံရုံး ရှေ့  မှာ တစ် ကိုယ်တော် ဆန္ဒပြ တဲ့ အမေရိကန် နိုင်ငံ သား ခံယူထားသူ
မြန်မာ နိုင်ငံသား တစ်ဦး အပါအ၀င် အနည်း ဆုံး ၁၀ ဦး ခန့် ကို မြန်မာ အစိုးရ ရဲ့  စစ်ထောက်လှမ်း
ရေး နဲ့  ရဲ တွေ က ဖမ်းဆီးထား တယ် လို့  ရန်ကုန် အခြေစိုက် တက်ကြွ လှုပ်ရှား သူ လူငယ် များ
က FNG ကို ပြောပါတယ်။

ထိုင်း နိုင်ငံ ဘက်ခြမ်းက နေ ၀င်ရောက် လာတဲ့ တစ်ကိုယ်တော် ဆန္ဒပြ သူ ကို မနေ့ က ရဲက ဖမ်း
ဆီးပြီး ဒဂုံ မြို့  နယ် ရဲစခန်း မှာ ချုပ် နှောင် ထား တယ် လို့  သတင်း ရရှိ ပေမယ့် ဒဂုံ မြို့  နယ် ရဲစခန်း
ကို FNG က ဆက်သွယ် မေးမြန်း ကြည့် ရာ မှာ တော့ ဒဂုံ မြို့  နယ် ထဲ မှာ ဆန္ဒပြ မှု တွေ မရှိ ဘူး
အခြေအနေ တည်တည် ငြိမ်ငြိမ် အေးအေး ချမ်းချမ်း ပဲ လို့  ပြော ပါတယ်။

မနေ့ က အရပ်ဝတ် မြန်မာ စစ်ထောက်လှမ်း ရေး တွေ ဟာ ရန်ကုန် ၊ မန္တလေး နဲ့  မြစ်ကြီး နား မြို့ 
မှာ ဆန္ဒပြ ဖို့  စီစဉ် ထား သူ ဆယ်ဦး ခန့် ဖမ်းဆီး ထား တယ် လို့  သတင်း ရရှိ ပြီး  မြစ်ကြီး နား မြို့ 
ပေါ် မှာ ဖမ်းဆီး ထား သူ နှစ် ဦး က တော့ KIA နဲ့  ဆက်သွယ် လို့  ဖမ်းဆီး ထား တယ် လို့  သတင်း
ရရှိ ပါတယ်။

မနေ့ က ရန်ကုန် မြို့  မှာ လေး ဦး ခန့် ကို ဖမ်း ဆီးထား ပြီး မန္တလေး မြို့ မှာ တော့ ၂ ဦး ကို ဖမ်း ဆီး
ထား ပါတယ်။

တနင်္လာ နေ့  က ရန်ကုန် မြို့  ဒဂုံ မြို့  နယ် က တရုတ် သံရုံး ရှေ့ မှာ ဆန္ဒပြ ဖို့  လူ တွေ လာ ရောက် စု
ဝေး ခဲ့ ကြ ပါတယ် ။ သူတို့  ဟာ ကချင် ပြည် နယ် မေခ ၊ မလိခ မြစ် ဆုံ ဒေသ မှာ တရုတ် နိုင်ငံ က
လာရောက် တည် ဆောက် နေ တဲ့ စင်္ကာပူ နိုင်ငံ အကျယ် အ၀န်း လောက် ရှိ တဲ့ ဆည် ကြီး ကို
ကန့် ကွက် ဖို့  လာရောက် စု ဝေး တာ ဖြစ် ပါတယ်။