ကဒါဖီ လိုလား သူ တွေ ထိမ်းချုပ်ထား တဲ့ မြို့  တွေ ကို သိမ်းပိုက် နိုင်

ဗိုလ်မှုးကြီး မွမ်မါ ကဒါဖီ ရဲ့  တပ် တွေ ထိမ်းချုပ်ထား တဲ့ လစ်ဗျား နိုင်ငံ တောင်ပိုင်း က ဆာဘ်ဟာ
မြို့  ကို လစ်ဗျား ကြား ဖြတ် အစိုး ရ ရဲ့  တပ် တွေ က ထိမ်းချုပ် ထား နိုင် ပြီ လို့  အသွင် ကူးပြောင်း
ရေး ကောင်စီ အဘ်ဒယ်(လ) မာဂျစ် က  အယ်(လ)ဂျာဇီယား နဲ့  France 24 သတင်း ဌာန တွေ
ကို ပြောပါတယ်။

ဒီမြိ့ ဟာ ကဒါဖီ ရဲ့  အတွင်း စည်း တွေ အခြား နိုင်ငံ တွေ ထဲ ကို ထွက် ပြေး ဖို့ အတွက် ကြားစခန်း
အဖြစ် အသုံး ပြု တဲ့ မြို့  ဖြစ် ပြီး ကဒါဖီ ငှား ရမ်း ထား တဲ့ ကြေးစား စစ်သား တွေ ၊ လက်ဖြောင့် တပ်
သား တွေ စခန်း ချ နေတဲ့ မြို့  လည်း ဖြစ် ပါတယ်။

လစ်ဗျား နိုင်ငံ ရဲ့  အရေး ပါ တဲ့ လက်နက် ထုတ်လုပ် ရေး စက် ရုံ တွေ နဲ့  စစ်စခန်း တွေ ဟာ ဒီမြို့ 
မှာရှိ ပါတယ်။ ဆာဘ်ဟာ မြို့  ဟာ လစ်ဗျား နိုင်ငံ တောင် ပိုင်း က ဆာဟာရ  သဲ ကန္တာရ ဒေသ
ထဲမှာ ရှိ တဲ့  မြို့  တစ် မြို့  ဖြစ် ပြီး ထရီပိုလီ မြို့  ရဲ့  တောင် ဘက် ၄၆၅ မိုင် အကွာ မှာ ရှိ ပါတယ်။

အမေရိကန် နိုင်ငံ နယူးယောက် မြို့ မှာ ကျင်းပနေတဲ့ ကမ္ဘာ့  ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မှာ
လစ်ဗျား ကြားဖြတ် အစိုး ရ အဖွဲ့  ရဲ့  အကြီး အကဲ ဖြစ်သူ မာမွတ် ဂျီဘရေးလ် က တက် ရောက် မိန့် 
ခွန်း ပြောကြား ခဲ့ ပါတယ်။

နယူးယောက် က ကမ္ဘာ့  ကုလ သမဂ္ဂ ရုံး ချုပ် ရှေ့ မှာ လစ်ဗျား နိုင်ငံ ရဲ့  အလံ သစ် ကို လွှင့် ထူ ထား
ပါတယ်။

အရင်က ကဒါဖီ အစိုး ရ ကို နောက် ဆုံး အချိန် အထိ ထောက်ခံ အား ပေး မှု လုပ် ခဲ့ တဲ့ အာဖရိက သမဂ္ဂ
က အခု လစ်ဗျား အသွင် ကူးပြောင်း ရေး ကောင် စီ ကို အသိအမှတ် ပြု တယ် လို့  ဒီ နေ့ ကြေငြာ ချက်
ထုတ် ပြန် ပါတယ်။

လစ်ဗျား ကြားဖြတ် အစိုး ရ အဖွဲ့  ကို လိုလား တဲ့ တပ် တွေ ဟာ  ကဒါဖီ ရဲ့  ဇာတိမြို့  ဖြစ်တဲ့ ဆာတ် နဲ့ 
ဘန်ဝလစ် မြို့  တွေ ကို တိုက်ခိုက် သိမ်းပိုက် နိုင် ဖို့  အပြင်းအထန် ကြိုး စား နေရ ဆဲ လို့  ထရီပိုလီ က
လာတဲ့ သတင်း တွေ မှာ ဖော် ပြ ထား ပါတယ်။

နေတိုး တပ်ဖွဲ့  တွေ ဟာ နောက်ထပ် ရက် ပေါင်း ကိုးဆယ် အထိ လစ်ဗျား ပြည်သူ တွေ ကို ကဒါဖီ လို
လား တဲ့ တပ် ဖွဲ့  တွေ ရဲ့  လက်တုံ့  ပြန်မှု ကနေ အကာအကွယ် ပေး သွား မှာ လို့  ဒီနေ့  သတင်း ထုတ်
ပြန် ပါတယ်။

One thought on “ကဒါဖီ လိုလား သူ တွေ ထိမ်းချုပ်ထား တဲ့ မြို့  တွေ ကို သိမ်းပိုက် နိုင်

Comments are closed.