ဟိန်းခိုင်ထွန်း ၊ ၊မြန်မာ နိုင်ငံ တွင်း မြောက် မှာ တောင် သို့  ဖြတ်သန်း စီးဆင်း နေ
သည့် ဧရာဝတီ မြစ် ကို ခြိမ်းခြောက် နေ သည့် လူ နှင့် သဘာဝ ဘေး အန္တရာယ် များ ကို မီးမောင်း
ထိုး ပြသသည့် အနု ပညာပြပွဲ တစ်ရပ် ကို ရန်ကုန် မြို့  ဒဂုံ မြို့  နယ် ယောမင်းကြီး လမ်း ရှိ ၆၅ပန်းချီပြခန်း တွင် ကျင်းပရာအမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
မှ ဒေါ်အောင်ဆန်းစုကြည် နှင့်သူရဦးတင်ဦး တို့ တက် ရောက်အား ပေး ကြည့် ရှု ခဲ့ ကြသည်။
ရှင်များ၊ ပန်းချီ ပညာရှင်များ ၊ ကာတွန်း ပညာရှင် များ က စု ပေါင်း တင် ဆက် ခြင်း ဖြစ် သည်။
အနုပညာရှင် ၅၄ ဦးက ဧရာဝတီ မြစ် နှင့် ပတ် သက် သည့် ပန်းချီ ၊ ကာတွန်း ၊ ကဗျာ၊ ဓာတ်ပုံ
၁၂၄ ခု ကို စုပေါင်း တင် ဆက် ကြခြင်း ဖြစ် သည်။
ဧရာဝတီ မြစ် တွင် တရုတ် အစိုးရ ပိုင် CPI ကုမ္ပဏီ က ရေကာတာ တည် ဆောက် နေ ခြင်း နှင့် ပတ်
သက်ပြီး ပြည်သူများ က အပြင်းအထန် ကန့် ကွက် နေ ကြ ရာ တွင် အနု ပညာ ရှင် များ က ယခုကဲ့
သို့  ပါဝင် နှိုးဆော် ခြင်း ဖြစ်သည်။
ပြပွဲ ကို ပန်းချီ နှင့် ဒီဇိုင်း ဆရာ စိုးဝင်းငြိမ်း ၊ စာနယ် ဇင်း ဆရာ စိုးသော်တာ နှင့် အခြား အနု ပညာရှင်
များ မှာ ဦးဆောင် ကျင်း ပ ခြင်း ဖြစ် ပြီး သရုပ်ဆောင် ရဲ တိုက် က အခမ်းအနား မှုး အဖြစ် တာဝန်ယူ
ပေး သည်။ ပြပွဲ သို့  အနဂ္ဂ ၊ သံသာဝင်း နှင့် အခြား အနု ပညာ ရှင် များ ပရိသတ် များ တက် ရောက်ရာ
လူကြိတ်ကြိတ် တိုး စည်ကား သည်။
ထိုပြပွဲ တွင် ကာတွန်း စိုးသော်တာ ၏ ကာတွန်း တစ်ခု ကို စီစစ်ရေး မှာ လာရောက် တားမြစ် သည့် အ
တွက် ပြပွဲ တွင် ပြသ နိုင် ခဲ့ ခြင်း မရှိ ဟု ကာတွန်း ဆရာ စိုးသော် တာ က FNG သို့  ပြောသည်။ကာ
တွန်း အောင်မောင် ၏ ကာတွန်း တစ်ခု မှာ လည်း စီစစ် ရေး က တား မြစ် ခြင်း ခံရသည်။
ပြပွဲ တွင် မြစ် တစ် စင်း ၏ ပုံ ရိပ် အမည် ရှိ ဓာတ်ပုံ စာ အုပ် ကို လည်း ထုတ် ဝေခဲ့ ရာ ထို စာအုပ် တွင်
ထွန်းဝင်းငြိမ်း၊ ညီပုလေး၊ ဦးဖေမောင်သိန်းစိုးဝင်းငြိမ်း တို့  ၏ လက်ရာ များ ပါဝင် သည်။
ယခု ရက် ပိုင်း တွင် ဧရာဝတီ မြစ် တွင် တရုတ် နိုင်ငံ က တည် ဆောက် နေ သည့် ရေကာ တာ အား
ဆန့် ကျင် တိုက် ဖျက် မှု များ အရှိန် မြှင့် လုပ်ဆောင် လျှက် ရှိ ရာ မန္တလေး မြို့  ရှိ စိမ်းရောင်စို လူမှု ၊
သဘာဝ ပတ်ဝန်း ကျင် အဖွဲ့  မှ လည်း ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် လှေ ၊ သင်္ဘောများ ဖြင့်
လှည့် လည် ပြီး ဗီဒီယို မှတ်တမ်း ရိုက်ယူခြင်း ၊ ကဗျာ ရွတ်ဖတ် ခြင်း များ ပြု လုပ် ခဲ့ ကြသည်။
စာပေ နှင့် အနုပညာရှင် များ က ဧရာဝတီ မြစ် နှင့် ပတ်သက် ပြီး ” ဧရာဝတီ ကို မလွမ်းချင်ပါ ” အမည်
ရှိ စာ အုပ် ကို ယနေ့ ထုတ် ဝေခဲ့ သည်။ ထို စာအုပ် တွင် ဦးအုန်း၊ လူထုစိန်ဝင်း၊ ဇော်ဂျီ၊ ရွှေဥဒေါင်း၊ ပါရဂူ
၊ မောင်ဝဏ္ဏ ၊ နေဝင်းမြင့်၊ လေးဖြူ အစရှိ သည့် စာရေး ဆရာ ၊ တေးရေး ဆရာ များ က ရေး ဖွဲ့ ထား
သည့် ဧရာဝတီ အမည် ရှိ စာအုပ် လည်း ပါ ၀င် သည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဓာတ်ပုံ နှင့် ပန်းချီ ပြပွဲ တွင် အမှတ်တရ
စကား ပြောကြား ရာ ဧရာဝတီ မြစ် ကို အခြေခံ ပြီး စည်းလုံး ညီညွတ် မှု တည် ဆောက် ရန် ပြောကြား
ခဲ့ သည်။


အနု ပညာရှင်များ ပါဝင်တာကို ၀မ်းသာပါတယ်…
တကယ်စိတ်ဝင်စားလို. လုပ်ကြတာမျိုးဖြစ်ပါစေ…
ပေါ်ပင်လုပ်တာမျိုးတော. မလုပ်ကြပါနဲ. လို. မေတ္တာရပ်ခံချင်ပါတယ်…
ကျေးဇူးတင်ပါတယ်…