ဂြိုလ်တု ပျက် စနေ နေ့ အစောပိုင်း အမေရိကန် နိုင်ငံ ပေါ် ကျရောက် နိုင်

ကမ္ဘာ့ လေထု အထက်လွှာ ကို စောင့်ကြည့် ဖို့  လွှတ်တင် ထား တဲ့ ဂြိုလ် တု တစ်လုံး က အပိုင်း
အစ တွေ ဟာ စနေ နေ့ မနက် အစော ပိုင်း မှာ ကမ္ဘာ့  လေထု ထဲ ကို ၀င်ရောက် လာ ပြီး မြေပြင်
ကို အရှိန် နဲ့  ကျလာ လိမ့် မယ် လို့  အမေရိကန် အမျိုး သား အကာသ သိပ္ပံ နဲ့  လေကြောင်း
အေဂျင်စီ (NASA) က သတိပေး ချက် ထုတ်ပြန် ထား ပါတယ်။

ခြောက်တန်း ခွဲ အလေး ချိန် ရှိ တဲ့ ဒီဂြိုလ်တု ကို ၁၉၉၁ ခုနှစ် မှာ အမေရိကန် နိုင်ငံ က အိုဇုန်း
လွှာ လေ့လာ ဖို့  လွှတ်တင် ခဲ့ တာ ဖြစ် ပြီး ၂၀၀၅ ခုနှစ် မှာ ရပ်နား ခဲ့  ပါတယ်။

ဂြိုလ် တု က အပိုင်း အစ တွေ ဟာ အမေရိကန် နိုင်ငံ ထဲကို ကျဖို့  ဖြစ် နိုင်ခြေ ပို များ တယ်လို့ 
နာဆာ က အခု နောက် ဆုံး သတင်း ထုတ် ပြန်ထား ပါတယ်။

၆ တန် လေး တဲ့ ဒီဂြိုလ် တု ရဲ့  ကျန်တဲ့ အပိုင်း တွေ ဟာ အပြောကျယ် တဲ့ အာကာသ ထဲ ကို
မျောလွင့် သွား မှာ ဖြစ် ပြီး ကျန် တဲ့ ကျန် တဲ့ အပိုင်း ၂၆ ခု က တော့ ကမ္ဘာ မြေပြင် ကို ပြန်လည်
ဝင်ရောက် လာမှာ ဖြစ်ပါတယ်။

ပထမတော့ ကမ္ဘာ မြေပြင် ရဲ့  ၇၀ ရာ ခိုင် နှုန်းလောက် ကို ဖုံး အုပ် ထား တဲ့ သမုဒ္ဒရာ ရေပြင် ထဲ
ကို ကျသွား မယ် လို့  ခန့် မှန်းထား ပေမယ့် အပိုင်း အစ တွေ ရဲ့  အချို့  ဟာ မြောက် အမေရိက
တိုက် ထဲ ကို ကျ နိုင် တယ် လို့  ခန့် မှန်း တွက် ချက် ထား ပါတယ်။

ဂြိုလ်ပျက် ဟာ တစ်နာ ရီ ကို မိုင် ၁၀၀ ကျော် နှုန်း နဲ့  ကမ္ဘာ မြေပြင် ဆီ ကို ပြန်လည် ၀င် ရောက်
မှာ ဖြစ် ပါတယ်။