မနေ့  က နီဗားဒါး ပြည် နယ် ရဲ့  မြို့  တော် ရီးနို မြို့ က နဂ်ဂတ် ကာဆီနို မှာ ဖြစ်ပွာ ခဲ့တဲ့ သေနတ်
ပစ်ခတ် မှု မှာ နာမည် ကြီး အမေရိကန် မော်တော် ဆိုင်ကယ် ဂိုဏ်း တစ်ခု ဖြစ်တဲ့ ငရဲ နတ်သမီး
(Hells Angels) ဂိုဏ်း ရဲ့  ဆန်ဟိုးဆေး ခေါင်းဆောင် သေဆုံး သွား တဲ့ အတွက် ပြည်နယ် အတွင်းမှာ အဲဒီ ဂိုဏ်း က လက် တုံ့  ပြန်မှု တွေ ဖြစ်လာ မှာ ကို ဆိုး တဲ့ အတွက် နီဗားဒါး
ပြည်နယ် ရီးနို မြို့ မှာ အရေး ပေါ် အခြေ အနေ ကြေငြာ ထား ပါတယ်။
Hells Angels ဆန်ဟိုဆေး Chapter ဂိုဏ်းခေါင်း ဆောင် ဟာ နဂ်ဂတ် ကာဆီနို မှာ ဖဲကစား နေ
စဉ် သူ နဲ့  အပြိုင် ဂိုဏ်း ဖြစ်တဲ့ Vagos ဂိုဏ်း နဲ့  တိုက် ခိုက် မှု မှာ သေဆုံး သွား ခဲ့တာ ဖြစ် ပါတယ်။
Hells Angels ဂိုဏ်း ခေါင်းဆောင် ရဲ့  ပြန်လည် ပစ်ခတ် မှု ကြောင့် Vagos ဂိုဏ်းသား နှစ် ဦး
လည်း ပြင်း ထန် စွာ ဒဏ်ရာရ ရှိ ခဲ့ ပါတယ်။ Vagos ဂိုဏ်း အဖွဲ့  ၀င် နှစ် ဦး ကလည်း ကာလီဖိုး
နီးယား က ဖြစ် ပါတယ်။
Hells Angels ဂိုဏ်း ဟာ အမေရိကန် မှာ အင်အား အကြီး ဆုံး မော်တော် ဆိုင် ကယ် ဂိုဏ်း ဖြစ်
ကာ နိုင်ငံ ပေါင်း ၂၇ နိုင်ငံ မှာ အဖွဲ့  ခွဲ ၂၃၀ ခန့်  ရှိ ပါတယ်။ အမေရိကန် မှာ တော့ အဖွဲ့  ၀င် အင်
အား ၂၀၀၀ ကျော် ရှိ ပါတယ်။ Hells Angels ဂိုဏ်း ဟာ မူးယစ်ဆေးဝါး ၊ လက်နက် ၊ ငွေကြေး
ခ၀ါချမှု ၊ သတ်ဖြတ် မှု စတဲ့ ဒုစရိုက် လုပ်ငန်း တွေ နဲ့  ဆက် နွယ် နေ တဲ့ ဂိုဏ်း လည်း ဖြစ် ပါတယ်။
ရီးနို မြို့ တော် ၀န် က Fox သတင်းဌာန ကို ပြောရာမှာ လက်စား ချေမှု နဲ့  ပစ်ခတ်မှု တွေ ဖြစ်လာ
မှာ ကို မျှော် လင့် မထား ပေမယ့် အရေး ပေါ် အခြေ အနေ ထုတ် ပြန် ပြီး ကြို တင် ပြင် ဆင်ထား
တယ် လို့  ဆို ပါတယ်။
Related articles
- Hells Angel Boss Killed in Nevada Casino Shootout (foxnews.com)

ဆန်ကုန်မြေလေး ကြီးမိုက်တွေ၊
အကုန် အီရတ်ကို ပို့ပစ်လိုက်ရင်……။