ဇူလိုင်လက ကျင်းပတဲ့ ရွေးကောက် ပွဲ မှာ အနိုင်ရရှိ ခဲ့ ထိုင်း နိုင်ငံ ရဲ့  ပထမ ဦးဆုံး ၀န်ကြီး ချုပ်
ယင်လပ် ရဲ့  မြန်မာ ပြည် ခရီး စဉ် ကို လာမယ့် အောက် တို ဘာလဆန်းမှာ စတင် မှာ ဖြစ် ကြောင်း
ထိုင်း နိုင်ငံ ခြား ရေး ၀န်ကြီး က နယူးယောက် မှာ ကျင်း ပနေ တဲ့ ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ
ညီလာ ခံ မှာ တရား ၀င် ပြောကြား ခဲ့ တယ် လို့  နေးရှင်း သတင်း စာ မှ ဖော်ပြထား ပါတယ်။
ပြီးခဲ့တဲ့ လက ထိုင်း ကာကွယ် ရေး ဦးစီးချုပ် ပရာယုဒ် ချန် အို ချာ့ မြန်မာပြည် ကို လောရောက်
လည် ပတ် ပြီး နောက် ထိုင်း အစိုး ရ အဖွဲ့  ထဲ က အဆင့် အမြင့် ဆုံး လာ ရောက် လည် ပတ် မှု
ဖြစ် ပါတယ်။
လက်ရှိ ထိုင်းဝန်ကြီး ချုပ် ယင်လပ် ဟာ နိုင်ငံ တည် ငြိမ်ရေး ၊ အမျိုးသား ရင်ကြား စေ့ရေး နဲ့  စီး
ပွား ရေး ကို ဦးစားပေး မယ်လို့  ကြေငြာ ထား ပါတယ်။
ထိုင်းဝန်ကြီး ချုပ် ယင်လပ် ဟာ မြန်မာ အစိုးရ အဖွဲ့  ခေါင်းဆောင် တွေ နဲ့  တွေ့ ရင် နှစ် နိုင်ငံ ကုန်
သွယ်ရေး နဲ့  နယ်စပ် အရေး ကိစ္စတွေ ကို အဓိက ဦးစား ပေး ပြီး ဆွေး နွေးမှာ ဖြစ် တယ်လို့  အကဲ
ခတ် တွေ က သုံးသပ် ကြ ပါတယ်။
ယင်လပ် ဟာ ၂၀၀၆ ခုနှစ် မှာ စစ်တပ် က အာဏာ သိမ်း ပြီး တိုင်း ပြည် က ရာထူး က ဖယ်ရှား ခံ
ရတဲ့ ထိုင်း ၀န် ကြီး ချုပ် ဟောင်း သက် ဆင် ရှင် နာ ၀တ်ထရာ ရဲ့  ညီမ ဖြစ်ပါတယ်။
သူ မ ရဲ့  အကို သက်ဆင် ဟာ ထိုင်း ၀န်ကြီး ချုပ် အဖြစ် တာဝန်နှစ် ကြိမ် ထမ်းဆောင် စဉ် ကာလ
မှာ မြန်မာ နိုင်ငံ ကို နှစ် ကြိမ် လာရောက် လည် ပတ် ခဲ့ ဖူး ပြီး ယခင် စစ်အစိုး ရ ကို နည်းပညာ
နဲ့  ငွေကြေး ထောက်ပံ့ ချေး ငှား ခဲ့ ဖူး ပါတယ်။

All came to dig up our ass. Thein Sein and Than Shwe are Ass Kisser