FNG ရန်ကုန် မြို့  ကမ္ဘာ အေး ရပ် နှင့် ဆူးလေ ဘုရား တွင် စတင် ၍ နိုင်ငံရေး အကျဉ်းသား
လွတ်မြောက် ရေး နှင့် မြစ်ဆုံ ဆည် တည် ဆောက် မှု ရပ် တန့် ရေး တို့  ကို ကြွေးကျော်ခဲ့
သည် ဟု သတင်း ရရှိ သည်။ ( အချိန် နှင့် အမျှ တိုးတက် ဖြစ်ထွန်းမှု များ ကို ဆက်လက်
ဖော်ပြပါမည်)
ကမ္ဘာ အေး လမ်းဆုံ မှ ချီတက်မှု တွင် လူ ၃၀၀ ခန့်  ပါဝင် သည် ဟု သတင်း ရရှိ သည်။
ရန်ကုန် မြို့ လှည်းတန်း ရပ် တွင် လည်း ဆန္ဒပြမှု နေ့ လည် တစ်နာ ရီ ခွဲ အချိန့် ခန့် က ဖြစ်
ပွား ခဲ့ ပြီး ဧရာဝတီ ကို ကယ်တင်ကြ ဆိုသည့် စာ သား ကို အင်္ဂလိပ်ဘာ သာဖြင့် ရေးသား
ထား သည့် ဆိုင်းဘုတ် ကို ကိုင် ဆောင်ထား ပြီး နိုင်ငံ ရေး အကျဉ်း သား အမြန်ဆုံး လွှတ်
ပေးရေး ကို ကျွေးကျော်ခဲ့ သည်။
ဆန္ဒဖော်ထုတ် လမ်းလျှောက်မှု တွင် ပါဝင် ခဲ့သည့် ဒဂုံ မြို့  သစ် မြောက်ပိုင်းမှ ကို သန်းဌေး
က ” အခု ဆူးလေ မှာ ဆူးတောင်းပြီး လို့  လုစု ခွဲကြတော့မယ် နိုင်ငံရေး အကျဉ်းသား လွတ်
မြောက်ရေး ၊ ဧရာဝတီ မြစ်ဆုံ ဆည် တည်ဆောက်မှု ရပ်တန့် ရေး ၊ ပြည်တွင်း ငြိမ်းချမ်း
ရေး တို့  ကို ဖော်ဆောင် ရေး တို့  အတွက် ဆန္ဒထုတ် ဖော်မှု နှင့် ဆုတောင်းမှု တို့ ကို လုပ်
ခဲ့သည် ဟု ပြောသည်။ ယနေ့ ဆန္ဒပြ ပွဲ များ လူငယ်မျိုးဆက် သစ် အဖွဲ့ များ အပါအ၀င်၊
ဦးဝင်းချို၊ဒေါ်နော်အုန်းလှ၊ BG အုပ်စု နှင့် အခြား အဖွဲ့ ခြောက် ဖွဲ့  က ဦးစီးလုပ်ဆောင် ခဲ့
ခြင်း ဖြစ်သည်။
ဆန္ဒထုတ်ဖော် လမ်းလျှောက် မှု တွင် ပါဝင်သည့် မည်သူကို မျှ ဖမ်းဆီးခြင်း မရှိ ဟု သိရ
သည်။
***************************************************************
ဒဂုံမြို့ သစ် မှ ချီတက် လာသည့် ဒေါ်နော်အုံးလှ ဦးဆောင် သည့် အဖွဲ့ သည် ရန်ကုန် မြို့ 
ဆူးလေ စေတီ တော် တွင် နိုင်ငံ ရေး အကျဉ်းသား လွတ်မြောက် ရေး အတွက် ဆုတောင်း
ခဲ့ သည် ဟု သတင်း ရရှိ သည်။
ဆန္ဒပြသူများ အား သက်ဆိုင်ရာ အာဏာပိုင်များ က ဖမ်းဆီး စစ်မေးခြင်း မရှိ ဟု သိရသည်။
ရွှေဝါရောင် တော် လှန်ရေး လေးနှစ်ပြည့် ကာလ ကျရောက် တဲ့ စက်တင်ဘာလ ၂၆ ရက်
တနင်္လာ နေ့  နေ့ လည် ၁ နာရီ မှာ ရန်ကုန် မြို့  မြို့ တော် ခန်းမရှေ့  မှာ ကချင် ပြည်နယ် မှာ
တည် ဆောက် နေ တဲ့ ဧရာဝတီ မြစ်ဆုံ ရေကာ တာ ဆန့် ကျင် ကန့် ကွက် ပွဲ တစ်ခု ကို လူငယ်
တွေ နဲ့  ကျောင်းသား တွေ က ဦး စီး ပြီး ကျင်း ပ မယ် ဟုFNG မှ သတင်း ရရှိ သည်။
တိုက်ရိုက် သိရှိ ရန် ဤ နေရာ သို့  သွား ပါ။
ဒဂုံ မြို့ သစ် မှ ချီတက် လာသည့် ကမ္ဘာ အေး ဆုတောင်း အဖွဲ့  ကို ကြည့်ရန် ဤ နေရာ သို့ သွားပါ။
ဆူးလေ ဘုရားမှ ကမ္ဘာအေး သို့ ချီတက် မှု ကို ဤနေရာတွင် ကြည့်ပါ
ဦးဝင်းချို နှင့် မဇ္ဈိမ တွေ့ ဆုံမေးမြန်းမှု ကိုဖတ်ရန် ဤ နေရာ သို့ သွားပါ

မူလ က တရုတ် သံရုံး ရှေ့ တွင် ကျင်းပ ရန် စီစဉ် ထား သော် လည်း အားလုံး ပါဝက် နိုင်ရန်
အတွက် ရန်ကုန် မြို့  မြို့ တော် ခန်းမရှေ့  သို့  ရွှေ့ ဆိုင်း ရခြင်း ဖြစ် သည် ဟု ဧရာဝတီ ကို ချစ်
မြတ် နိုး သူ များ အဖွဲ့  မှ ဒေါက်တာ နိုင် ထွန်း က FNG သို့  ပြောသည်။
ကျွန်တော် တို့  အစိုးရ ဖြုတ် ချ ရေး တို့  အာဏာ ဖီဆန် ရေး တို့  လုပ် နေတာ မဟုတ်ပါဘူး
နိုင်ငံ ရဲ့  အနာဂတ် နဲ့  ကျွန်တော် တို့  ရဲ့  မျိုးဆက် တွေ အတွက် ပါ။ အားလုံး နဲ့  ဆိုင်ပါတယ်
အား လုံး ကို ပါဝင် ဖို့  ဖိတ်ခေါ် တယ် ဟု ပြောသည်။
ဧရာဝတီ မြစ်ဆုံ ဒေသ တွင် တရုတ် နိုင်ငံ က လာရောက် တည် ဆောက် လျှက် ရှိ သည့်
လျှပ်စစ်ဓာတ်အား ထုတ်လုပ် မည့် ဆည် အား မြန်မာ ပြည်သူများ က မတည် ဆောက်ရန်
ဆန့် ကျင် ကန့် ကွက် နေ သော် လည်း တရုတ် နိုင်ငံ မှ ငွေကြေး အလွန် အကျွံ ချေးငှား
ထား သည့် ယခင် မြန်မာ စစ်အစိုးရ က ဆည် တည် ဆောက် ရန် ဆုံး ဖြတ် ခဲ့ ပြီး သူ့ ကို
ဆက် ခံ သည့် အရောင်ဖျော့ စစ်အစိုး ရ က ဆက်လက် တည် ဆောက် ရန် ကြိုးပမ်း အား
ထုတ် နေ ခြင်း ဖြစ် သည်။
မြို့ တော် ခန်း မ ရှေ့ တွင် ကျင်းပမည့် မြစ်ဆုံ ရေကာတာ ဆန့် ကျင် ကန့်  ကွက် ပွဲ ကို
ဖေ့ဘွတ် နှင့် တွစ်တာ အင်တာနက် လူမှု ကွန်ယက် မီဒီယာ များ တွင် လည်း နှိုးဆော်
ထား သည်။
ဓာတ်ပုံ များ– မြစ်မခ၊FNG၊ Just Do It ၊ AP

Oh so brave I dont believe it if I dont see those photoes! At least the gov is sensitive to it and it means that Than Shwe is still the government because he is surely sensitive the Safferon Revolution as he has killed monks
ဒါအမြည်းပဲရှိသေးတယ်၊မင်တို့မြစ်ဆုံစီမံကိန်းကိုမရပ်နိုင်ဘူးဆိုရင်ဒီထက်အဆပေါင်းများစွာကြီးတဲ့လူအုပ်ကြီးတွေရဲ့သတ္တိနဲ့မျိုးချစ်စိတ်ကို
မြင်ကြရလိမ့်မယ်။