အချိန် တို အတွင်းမှာ လူကြိုက်များ လာတဲ့ အင်တာနက် ရေဒီယို အစီအစဉ် တစ်ခု ဖြစ်တဲ့
i Heart ရေဒီယို ဂီတ ပွဲ တော် နီဗားဒါ ပြည်နယ် လာစ် ဗီဂါစ် မြို့ က MGM Grand arena
မှာ ကျင်းပရာမှာ Lady Ga Ga, Nicki Minaj, Cold Play, Black Eyed Peas, Jay Z,
Alicia Keys, Jennifer Lopez, David Guetta, Sting စတဲ့ ဂီတ ပညာရှင် တွေ အဆို
တော် တွေ လာရောက် ဖျော်ဖြေ ခဲ့ ပါတယ်။
သောကြာ နဲ့  စနေ နှစ် ရက် ခွဲ ပြီး ကျင်းပတဲ့ ပွဲ ကို ပရိသတ် သောင်း နဲ့  ချီ ပြီး လာရောက် အား
ပေး ခဲ့ လို့  ရေဒီယို ဂီတ ပွဲ တော် တွေ ထဲ မှာ အကြီး ကျယ် ဆုံး ဂီတ ပွဲ တော် လို့  ပြောရင် ရ
ပါတယ်။
ဒီပွဲမှာ လေဒီဂါဂါ က သူငယ်ငယ် လေး ကတည်း က နှစ် သက် ခဲ့ ရတဲ့ Police အဖွဲ့  က အဆို
တော် Sting နဲ့  Stand by Me ဆို တဲ့ သီချင်း ကို သီဆို ပြီး ပွဲ ကို ပိတ်သိမ်း ခဲ့ ပါတယ်/
i Heart ရေဒီယို အင်တာနက် စာမျက် နှာ မှာ မိမိကိုယ် ပိုင် ရေဒီယို လိုင်း တစ်ခု ကို ဖန်တီး
နိုင် သလို ကမ္ဘာ တစ်လွှား က ရေဒီယို လိုင်း ၈၀၀ ကျော် ကို အခကြေး ငွေ မလို ဘဲ ဖမ်းယူ
နား ဆင် နိုင်ပါတယ်။
