မန္တလေးမှာ ကာလ၀မ်းရောဂါ ကြောင့် တစ်ဦးသေ

ဟိန်းခိုင်ထွန်း ၊            ၊မန္တလေးမြို့  ပေါ် အောင်မြေ သာစံ မြို့  နယ် မှာဖြစ်ပွား နေတဲ့ ၀မ်းလျှော၊
ဝမ်းပျက် ရောဂါ အပြင်ကာလ၀မ်း ရောဂါ ကြောင့် ယမန့် နေ့ ညက  တစ်ဦး သေဆုံး သွားသည်
ဟု FNG မှ သတင်း ရရှိသည်။

ပြီးခဲ့ သည့် သီတင်း ပတ် များ အတွင်း မန္တလေး မြို့  တွင် ရေကြီးခဲ့စဉ် က နေရာ အတော် များများ
တွင် ရေများ အိုင်ထွန်း ခဲ့ ပြီး ရေတင် ကျန်ခဲ့ ကာ စီးဆင်းမှု မရှိ သော ကြောင့် အမှိုက်များ လည်း
စု ပုံ ကာ ရေမသန့် ဖြစ် ခဲ့ ရာ မှ ၀မ်းလျှော ၀မ်းပျက် ရော ဂါများ ဖြစ်ပွား ခဲ့ ခြင်း ဖြစ် သည် ဟု
သိရသည်။

အောင်မြေသာစံ မြို့  နယ် မှ ရှေ့ နေ တစ်ဦးက ” အဲဒီရေဆိုး တွေ က သာက်သုံး ရေ ပိုက် တွေကို
စိမ့် ၀င်တာ တွေ ရှိတယ်။ တချို့  ပိုက် တွေ က ပေါက်နေတာ အခု အောင် မြေသာ စံ မှာ ဆို ရင်
၅ အိမ် မှာ ၃ အိမ် လောက် က တစ်ယောက်တော့ ၀မ်းလျှော ရော ဂါ ဖြစ်နေတယ် ဟု FNG ကို
ပြောသည်။

ရေစီးဆင်းမှု မရှိ သည့် နေရာ များ တွင် ယင်ကောင်များ ပေါက်ဖွား ပြီး ထိုယင်ကောင် များ မှာ
တစ်ဆင့် ကူးစက် စေတတ် သည့် ၀မ်းပျက် ၀မ်းလျှော ရောဂါ ပိုး ကို သယ် ဆောင် လာ ခြင်း ဖြစ်
သည် ဟု မန္တလေး ကူးစက် ရောဂါ ကု ဆေး ရုံကြီးမှ ဆရာဝန် တစ်ဦး က ပြောသည်။

ကနဦး တွင် သာမန် ၀မ်းပျက် ၀မ်းလျှောဂါ ဟု ထင်ရ သော်လည်း သွေး နှင့် ၀မ်း ကို ဓာတ်ခွဲ ကြည့်
ရာမှ ကာလ ကြာရှည် စွာ ပျောက် ကွယ် နေ ပြီ ဖြစ် သည့် ကာလ၀မ်း ရောဂါ ပိုး ကို ပြန်လည် တွေ့ 
ရှိ ရခြင်း ဖြစ် သည်။

မြန်မာ အစိုးရ တာဝန် ရှိ သူများ သည် မန္တလေး ရေကြီး မှု တွင် ထိရောက် စွာ ကူညီ ခဲ့ ခြင်း မရှိ သ
လို ယခု ၀မ်းပျက် ၀မ်းလျှော နှင့် ကာလ၀မ်း ရောဂါ တွင် လည်း သတိပေး ရန် ပျက်ကွက် ခဲ့ သည်။

ကာလ ၀မ်းရောဂါ ပိုး မှာ လတ်တလော တွင် ထိမ်းချုပ် နိုင် သော်လည်း ကာလ ကြာရှည် သွား ပါက
ကူးစက် ရောဂါ ပိုး မျိုး ဖြစ်၍ ထိမ်းချုပ် ရန် ခက်ခဲ သွား နိုင် သည်။

ကာလ၀မ်း ရောဂါ ကြောင့် သေဆုံး သူ တစ်ဦး မှာ အောင်မြေသာဇံ မြို့ နယ် မှ အမျိုးသမီး တစ်ဦး ဖြစ်
ပြီး ယမန် နေ့ ညက မန္တလေး အထွေထွေ ရောဂါ ကု ဆေးရုံကြီး တွင် သေဆုံး ခဲ့ ခြင်း ဖြစ် သည်။

One thought on “မန္တလေးမှာ ကာလ၀မ်းရောဂါ ကြောင့် တစ်ဦးသေ

  1. Yangon also has it annually! The DOH is so inefficient that we all are suffering from such an outbreak of old disease . This kind of thing is going to effect the economy of the country

Comments are closed.