အစုလိုက်၊အပြုံ လိုက် သတ်ဖြတ်မြုပ်နှံထား မှု ကို ထရီပိုလီမှာ ရှာတွေ့ (အာရပ် အုံကြွမှု သတင်း များ)

Libya – လစ်ဗျား နိုင်ငံ မှာ ၁၉၉၆ ခုနှစ် အဘူဆာလင် အကျဉ်းထောင် အုံကြွမှု မှာ ရက်စက်
စွာ သတ် ဖြတ်ခံ ရ ပြီး မြေကြွင်း တူးကာ စုပေါင်း မြုပ် နှံ ခံရတဲ့ အကျဉ်းသား ၁၂၇၀ ရဲ့  အလောင်း
တွေ ကို ထရီပိုလီ မှာ တွေ့  ရှိ တယ် လို့  လစ်ဗျား က လာ တဲ့ နိုင်ငံ တကာ သတင်း တွေ မှာ ဖော်
ပြထား ပါတယ်။

ကဒါဖီ လက်ထက် က ရာဇ၀တ် မှု ကျုးလွန် တာ တွေ ကို စုံစမ်း ဖို့  ဖွဲ့  စည်း ထား တဲ့ ကော်မရှင်က
Khalid Sharif ကျွန်တော် တို့  အာဇာနည် တွေ ကို မြုပ် နှံ ထား တဲ့ နေရာ တွေ ကို အခု တွေ့ ရ
ပြီ လို့  ပြောပါတယ်။

၁၉၉၆ အဘူဆာလင် အကျဉ်းထောင် အဓိကရုဏ်းမှာ ကဒါဖီ က အကျဉ်းထောင် ထဲ မှာ ဖမ်းထား
တဲ့ နိုင်ငံ ရေး သမား တွေ အပါ အ၀င် တက်ကြွ လှုပ်ရှား သူ တွေ ကို ပါ သတ်ပြစ် ဖို့  အမိန့် ပေး ခဲ့
တာ ဖြစ်ပါတယ်။

ကဒါဖီ ရဲ့  မွေး ရပ် မြေ ဖြစ်တဲ့ မြေထဲ ပင်လယ် ကမ်းခြေ က ဆာတ့် မြို့  ကို ထိုးစစ်ဆင် နေ တဲ့ကြား
ဖြတ် အစိုးရ လိုလား တဲ့ တပ် တွေ ဟာ အဲဒီမြို့  ကနေ ပြည်ဆုတ် ခွာ ပြီး ပြန်လည် စုရုံး နေတယ် လို့ 
အယ်(လ)ဂျာဇီးယား သတင်း တစ်ရပ် မှာ ဖော် ပြထား ပါတယ်။

Yemen သောကြာနေ့ က ဆော်ဒီအာရေးဗီးယား နိုင်ငံ မှာ ဆေး ကုသ ဖို့  ရောက် ရှိ နေတဲ့
ယီမင် သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး ဟာ သောကြာ နေ့  က နိုင်ငံ ကို ပြန် လည် ရောက် ရှိ
လာ ပြီး နိုင်ငံ ကို ရုပ်သံ က တစ်ဆင့် မိန့် ခွန်း ပြောကြား ရာ မှာ သူဟာ လွှတ်တော် နဲ့  ရွေးကောက်
ပွဲ တွေ ကို စောစော စီးစီး ကျင်း ပ ပြီး အာဏာလွှဲပြောင်း ပေး အပ် မှာ ဖြစ် တယ် လို့  ပြော ဆိုပါ
တယ်။

ဆန္ဒပြသူ တွေ က တောင်း ဆို နေတြတဲ့ ရာထူး က နှုတ် ထွက် ပေး ဖို့  ကိစ္စကို တော့ သူက ရုပ်သံ
မိန့် ခွန်းမှာ ထည့်သွင်း ပြောကြား သွား ခြင်း မရှိ ပါဘူး။

ဆာလေး မြို့  တော် ဆာနား ကို ပြန်လည် ရောက် ရှိ လာ ပြီး နောက် ဆန္ဒပြ မှု တွေ ပြန်လည် ပြင်း
ထန် လာခဲ့ ပါတယ်။ မနေ့ က တော့ မြို့ တော် ဆာနား မှာ ပစ်ခတ် မှု တွေ ဖြစ်ပွား ခဲ့ ပြီး ဆန္ဒပြသူ
ဆယ့်လေး ဦး ခန့် သေဆုံး ခဲ့ ပါတယ်။

Syria ခုနှစ်လ သက်တမ်း ရှိ သွား ပြီ ဖြစ်တဲ့ ဆီးရီးယား လူထု အုံကြွမှု ဟာ နောက်ဆုံး မှာ လက်
နက် ကိုင် တော် လှန် ရေး အဖြစ် ပြောင်း လဲ တော့ မယ် လို့  ဆီရီးယား အတိုက် အခံ တွေ အခြေ
စိုက် တဲ့ တူရကီ နိုင်ငံ အန်ကာ ရာ က လာတဲ့ သတင်း တွေ မှာ ဖော်ပြထား ပါတယ်။

ဆီးရီးယား စစ်တပ် အတွင်းမှာ ဘက်ပြောင်း မှု တွေ ရှိ နေပြီး ဒီသတင်း ပတ်ထဲမှာ ပဲ တူရကီ ရေ
တပ် က အာဆတ် အစိုးရ ကို ထောက်ပံ့ဖို့  တင်ဆောင် လာတဲ့ သင်္ဘော တစ်စီး ကို ကြားဖြတ်ဖမ်း
ဆီး ခဲ့ ပါတယ်။

နောက်ဆုံး ရ သတင်း တွေ အရ တော့ ဆီးရီးယား အစိုးရ တပ် တွေ ဟာ လက်နက် ကိုင် အုံကြွ မယ်
လို့  သတင်း ထွက် ပေါ် နေတဲ့ ဟွမ် မြို့  ကို သူ့  ရဲ့  စစ်တပ် တွေ ပို့  လွှတ် ပြီး ချေမှုန်း ဖို့  ကြိုးစား
နေပါတယ်။

ဆီးရီးယား အစိုးရ ၀ဘ်ဆိုတ် ဆယ်ခု ထက် မနည်းကို Anonymous ဆိုင်ဘာ တိုက်ခိုက်ရေး အုပ်
စုက တိုက် ခိုက် ခဲ့ တာ ကြောင့် ဆီးရီးယား အစိုး ရရဲ့  အွန်လိုင်း လုပ်ငန်းဆောင် တာ နဲ့  ဆက်သွယ်
ရေး တွေ ရပ်ဆိုင်း ခဲ့ ပါတယ်။

Saudi Arabia ဆော်ဒီအာရေး ဗီးယား အဗ္ဗဒူလာ က သူ့ တိုင်း ပြည်မှာ ပထမ ဦးဆုံး အကြိမ်
အမျိုးသမီး တွေ ကို မဲပေး ခွင့် နဲ့ ရွေးကောက်ပွဲ မှာ ပါဝင်ခွင့်  ပြုလိုက် ပြီ ဖြစ်ပါတယ်။ အစ္စလာမ်
ထုံးတမ်း စဉ်လာ နဲ့  အုပ်ချုပ်တဲ့ ဆော်ဒီအာရေး ဗီးယား နိုင်ငံ မှာ အရင် က အမျိုးသမီး တွေ ဟာ
မဲပေးပိုင် ခွင့် အပါ အ၀င် နိုင်ငံရေး မှာ ပါဝင် လှုပ်ရှား ပိုင် ခွင့် မရှိ ပါဘူး။