မြန်မာ စစ်တပ် အတွင်း မှာ အရေး ပါတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန က ရာထူး နေရာ တွေ ဖြစ်
တဲ့ ကစထ မှုး ရာထူး တွေ အပါအ၀င် တိုင်းမှုး ၊ တပ်မှုး ရာထူး နေရာ တွေ ပါ အပြောင်း အလဲ
လုပ် မယ်ဆို တဲ့ သတင်း တွေ အခိုင် အမာ ထွက် ပေါ် နေတယ် လို့  ကာကွယ်ရေး ၀န်ကြီးဌာနက အရာ ရှိ ငယ် တစ်ဦး က FNG ကို ပြောပါတယ်။
ဒီနှစ် ဧပြီလ ၁ ရက်နေ့ မှာ မြန်မာ နိုင်ငံ ရဲ့  ကာကွယ် ရေးဦးစီးချုပ် နေရာ ကို ရယူ ခဲ့ တဲ့ ဗိုလ်
ချုပ်ကြီး မင်းအောင်လှိုင် ဟာ စစ်တပ် အတွင်း အပြောင်း အလဲ ပြု လုပ် ဖို့  ပထမ ဦးဆုံး ခြေ
လှမ်း တစ် ရပ် ကို အခု လာမယ့် အောက်တိုဘာ လ ထဲ မှာ လုပ် ဆောင် ဖွယ် ရှိ တယ် လို့ 
ကာကွယ် ရေး ၀န်ကြီး ဌာန က အရာ ရှိ တွေ က ဆို ပါတယ်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဟာ ပြီး ခဲ့ တဲ့ နှစ်လ လောက် က ရန်ကုန် တိုင်း စစ် တိုင်း မှုး အပါ
အ၀င် စစ်တပ် ထိပ်တန်း အရာ ရှိ ခြောက် ဦး ခန့်  ကို လာဘ် စား မှု နဲ့  ရာထူး က ထုတ် ပယ်
ခဲ့ ပါတယ်။
အောက် တို ဘာလ ထဲမှာ ကျင်းပ မယ့် စစ်တပ် ရဲ့  ဒုတိယ လေးလ ပတ် ညီလာ ခံ မှာ ကချင်
လွတ်မြောက် ရေး တပ် မတော် KIA ကို ချေမှုန်း ဖို့  အစီအစဉ် တွေ ကို လည်း ရေးဆွဲ မယ်
လို့  သတင်း တွေ က ဆို ပါတယ်။
ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင်ဟာ မြန်မာ စစ်တပ် အတွင်းမှာ အတွေ့ အကြုံ ရှိ တဲ့ လူတွေ ထက်
စွမ်းရည် ထက်မြက် တဲ့ လူတွေ ကို အရေး ပါတဲ့ နေရာ တွေ မှာ အစား ထိုး သွား မယ် လို့  သူနဲ့ 
နီးစပ် သူတွေ က ပြောပါတယ်။
သူနဲ့  ရှမ်းပြည်နယ် တပ် တစ်ခု မှာ အတူ တာဝန်ကျ ဖူး ခဲ့ တဲ့ အရာ ရှိ တစ်ဦး က တော့ သူ ဟာ
တိုင်းရင်းသား တွေ ပေါ်မှာ သဘောထား တင်းမာ ပြီး ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ထက် စစ်လို
လား ပုံ ရတယ် လို့ ပြောပါတယ်။

How the change comes We all hope to be a good change for the country
Myanmar Naing Ngan needs to be good anyway, Sayar Htoe!