အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၂၃ နှစ် ပြည့် ကျင်းပ (ဒေါ်စု မိန့် ခွန်း ကို မကြိုက်ကြ)

အာဏာ နှင့် ရှေးရေစက် အကြောင်း မပါ သလို ကြုံကြိုက် ခဲလှ သော်လည်း တည်ထောင်ခြင်း
၂၃ နှစ် ပြည့် ပြီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ပါတီ နှစ် ပတ် လည် အခမ်းအနား
ကို ရန်ကုန် မြို့ ဗဟန်း ရှိ ပါတီ ရုံးချုပ် တွင် ကျင်းပခဲ့ သည်။

ထိုအခမ်းအနား တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အတွင်း ရေး မှုး ဒေါ်အောင်ဆန်းစုကြည်၊
ဒုဥက္ကဌ ဦးတင်ဦး နှင့် ဦးဝင်းတင် တို့  က မိန့် ခွန်း ပြောကြား သည် ဟု သတင်း ရရှိ သည်။

ပါတီ တည် ထောင်ခြင်း နှစ် ပတ်လည် တစ်ရက် အလို  တွင် ရန်ကုန် မြို့ ဉ် လူထု ဆန္ဒဖော်ထုတ်
မှု များ ဖြစ်ပွား ခဲ့ ရာ လူရာ နှင့် ချီ၍ ပါဝင် ခဲ့ သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နှစ်ပတ် လည် တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သည့်
မိန့် ခွန်းမှာ ဝေ့လည် ကြောင်ပတ် ဖြစ် နေပြီး ဘာကို ဆိုလို ချင်လဲ မသိ ဟု တက်ရောက်သူများ
က ပြောကြသည်။

ပါတီ နှစ်ပတ် လည် အခမ်း အနား ကို တက်ရောက် လာသူ တစ်ဦး က သူ ဘာတွေ ပြောလဲ မသိ
ဘူး ခေါင်းဆောင် ဟာ Clear Message ပေးရမယ် ဆိုတာ သူ မသိဘူးလား မသိဘူး။ ဘာတွေ
လျှောက် ပြော နေတာ လဲ မသိဘူး ပါတီ ၀င် တွေ လူငယ် တွေ တက်ကြွ သူတွေ ကို ဆော် ကား
နေသလို ဘဲ ဟု FNG သို့  ပြောသည်။

7 thoughts on “အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၂၃ နှစ် ပြည့် ကျင်းပ (ဒေါ်စု မိန့် ခွန်း ကို မကြိုက်ကြ)

  1. ခင်ဗျားတို့ အဲ့သည် အဖွားကြီးနောက်ကနေ
    ထပ်ချပ်မကွာလိုက်ဘူးလို့လား
    အခုနေသူမ တစ်ခုခုဖြစ်ရင် ခင်ဗျားတို့ဘာလုပ်ရဲသလဲ

  2. ဒေါ်စုလဲနောက်ဆုံးတော့ သူခိုးဒမြ.လူသတ်သမားတွေနဲ့ပူးပေါင်းချင်နေပီ.ပြည်သူများရဲ့ထောက်ခံမူ့
    ကိုမေ့မသွားသင့်ပါဘူး..ကျုပ်တို့ပြည်သူတွေအနေနဲ့.ဒေါ်စုကိုအရင်လိုပဲ.ပြန်မြင်ချင်ပါတယ်.
    လုထုအမြင်မကြည်ရင်.ဒေါ်စုအနေနဲ့လူထုရဲ့မေတ္တာကိုဆုံးရှုံးရမှာဖြစ်ပါတယ်.နောက်တခုကဒီသူခိုးဒမြတွေနဲ့ဘာတွေပြောခဲ့တယ်ဆိုတာကိုဘာ့ကြောင့်ထုပ်မပြောနိုင်တာလဲ.ဒီအထာကဘာပါလဲ
    .ဒေါ်စုနဲ့သူခိုးဒမြတွေဘာတွေပူးပေါင်းကြံစည်နေတာလဲ..ဧရာဝတီမြစ်ကြီးပျောက်သွားမှ
    .ကျုပ်တို့ပြည်သူတွေ.ထပ်ပြစ်သတ်ခံရပီးမှပြောမှာလား.အမြဲတမ်းပြတ်ပြတ်သားသားရှိခဲ့
    တဲ့ဒေါ်စုတယောက်.မောင်ကြည်အောင်ကဘာပြောလိုက်လဲမသိ.
    တစ်ခါထဲပူးပေါင်းသွာတော့တာပဲ.တစ်ကယ်ဆိုဘာ့ကြောင့်ဆိုတာကို
    တိုင်းပြည်ကိုချပြသင့်ပါတယ်..အာလုံးသိရပီးမှဒေါ်စုမှားလဲကျုပ်တို့ကခွင့်လွတ်ပါတယ်.
    ခုတော့ဒေါ်စုလဲအားမကိုးရတော့ဘူးကိုယ့်လူတို့ရေ..ကိုယ့်အားကိုယ်ကိုးပီးသာ.လုပ်ကြပါတော့..
    ဒီကွန်မင့်ရေးလို့.အထင်မလွဲသင့်ပါဘူးဘာညာပြောကြဦးမှာပဲ.ကျုပ်တို့ဟာဒေါ်
    စုလေးစားအားကိုးလို့အမေလို့တောငိခေါ်ခဲ့တာပဲ.ဒီလိုပုံစံမျိုးဖြစ်သွားတာအတော့်ကိုပဲ.
    စိတ်ထိခိုက်မိပါတယ်.ဒေါ်စုလွတ်မြောက်ဖို့အနစ်နာခံခဲ့ကြတဲ့မင်းကိုနိုင်နဲ
့တကွကျောင်းသားခေါင်းဆောင်တွေရဲ့မျက်နှလေးတွေတော့တ
    ချက်လောက်တော့ငဲ့ကြည်သင့်ပါတယ်..
    ကျေးဇူးတင်လျှက်.

    1. အောင်ကြည်ဖြစ်ပါသည်။သေချာစွာလေ့လာရေးစေချင်ပါသည်။

  3. ကျွှန်တော်တို့ လိုချင်တဲ့ စစ်မှန်သောဒီမိုကရေစီလမ်းစဉ်ပေါ်ထွက်လားဖို့  နဲ့  ပြည်သူတွေအထိနာနည်းစေမယ့် လမ်းစဉ်တခုပဲဖြစ်တယ်လို့ ထင်တယ်။

  4. ဒေါ်စု ကို စစ်အုပ်စု က ကောင်းကောင်း အသုံး ချသွား မှာ နောက်ဆုံး တော့ ဒေါ်စု မှာ ထောက်ခံ သူတွေ
    နည်းလာသာတာ အဖတ်တင် ကျန်ရစ် ခဲ့တယ်။

  5. အငြိုးအတေးမထားပဲဒီမိုကရေစီရရှိရေးတခုအတွက်မေ့သင့်တာတွေမေ့ပြီးလမ်းဆက်လျောက်ဖို့လို့ပြောသွားတာပါ။

    1. ဒါမှန်ကန်တဲ့ စကားပဲလို့ ထင်မိပါတယ် …

Comments are closed.