မြန်မာ နိုင်ငံ မှာ နိုင်ငံ ရေး အကျဉ်းသား ပြန်လည် လွှတ်ပေး ခြင်း မရှိ သ၍ နဲ့  ဧရာဝတီ မြစ်ဆုံ
ရေကာတာ တည်ဆောက် နေခြင်း ကို မရပ်တန့် မခြင်း မှာ လူထု လှုပ်ရှား မှု တွေ အရှိန် အဟုန်
နဲ့  ဆက် ဖြစ်လာ နိုင်တယ် လို့  ဒီနေ့  ရန်ကုန် မြို့  မှာ ကျင်းပခဲ့ တဲ့ ဆုတောင်း လမ်းလျှောက် ပွဲ
မှာ ပါဝင် ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား တစ်ဦး က FNG ကို ပြော ပါတယ်။
ငြိမ်းချမ်းစွာ စုဝေးခွင့် နဲ့  ဆန္ဒထုတ် ဖော် ခွင့် အခြေခံ လူ့  အခွင့် အရေး တစ်ရပ် ဖြစ်ပြီး ဆန္ဒပြမှု
ကိုတားဆီး နှောင့် ယှက် မှု တွေ မှာ ကာယကံ နဲ့  ၀စီကံ မြောက် ကျုးလွန်ရင် ဒါလူ့  အခွင့် အရေး
ကို ချိုးဖောက် တာ ပဲ လို့  ဒီနေ့ ဆန္ဒထုတ် ဖော်သူ တွေ က ပြော ပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန် ရေး လေးနှစ် ပြည့် ကျရောက် တဲ့ စက်တင်ဘာ လ ၂၆ ရက်နေ့ 
မှာ ရန်ကုန် မြို့  မှာ တက်ကြွ တဲ့ ခေါင်းဆောင် တွေ ဖြစ် တဲ့ ဦးဝင်းချိ ၊ ကိုဝေဠု၊ ကိုဟန်ဝင်းအောင်
ဒေါ်နော် အုန်းလှ ၊ ဗိုလ်ချုပ် သွေးလှု အုပ်စု ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ Just Do It ၊ ဧရာဝတီ
ကယ်တင်ရေး အုပ်စုတွေ က နိုင်ငံ ရေး အကျဉ်းသား လွတ်မြောက် ရေး ၊ ဧရာဝတီ မြစ်ဆုံ ဆည်
တည် ဆောက်မှု ရပ်တန့် ရေး နဲ့  ပြည်တွင်း ငြိမ်းချမ်းရေး တို့  ကို ဆုတောင်း ဆန္ဒထုတ်ဖော်လမ်း
လျှောက် ပွဲ တွေ ပြု လုပ် ခဲ့ ပါတယ်။
ဆုတောင်း ဆန္ဒထုတ်ဖော်လမ်း လျှောက် ပွဲ တွေ ကို ရဲ ၊ အာဏာပိုင် တွေ နဲ့  လုံခြုံရေး တပ်ဖွဲ့ တွေ
တားမြစ်ခဲ့ ပြီး ထပ်မံ ပူးပေါင်း လာတဲ့ ပြည်သူ တွေ ကို လည်း ဟန့် တာ ခဲ့တယ် လို့ ဒဂုံ မြို့  သစ်
မြောက်ပိုင်း က ဆုတောင်း ပွဲ ပူးပေါင်း သူ အဖွဲ့  ၀င် တစ်ဦး က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က တော့ ဒီမိုကရေစီ ဆိုတာ သူ တစ်ဦး တည်း ကို ပဲ အား ကိုး လို့  မရဘူး
ပြောထား ကြောင်း ၊ ပြည်သူ မပါ တဲ့ အမျိုး သား ပြန်လည် သင့် မြတ် ရေး ဆိုတာ လဲ မဖြစ်နိုင်ဘူး
လို့  ပြောပါတယ်။
ဓာတ်ပုံများ — မိုးမခ၊AP၊ Just Do It ၊Voice News Paper

Very good, Wuntho’s comment.
မနေ့ ကဆန္ဒပြပွဲ ကို ထောက်ခံပါသည်။ (၃၈ လမ်းဈေးမိသားစု)
အဲလင်းဗင်း ဂျာနယ် က သန်းထွတ်အောင် နဲ့  စိန်ဝင်း အတွက် ဒီမှာ ထပ်ရေးတာပါ။
သတင်း သမား သတင်း သမား နေရာ နေသင့်ပါတယ်။။ ကန့်ကွက်တယ် ပြောရအောင် ခင်များတို့ က ဘာကောင်တွေလဲ၊ ဘာတွေလုပ်ပြီးပြီလဲ၊ ဘာတွေစွမ်းဆောင်ပြီးပြီ တုန်း။။။ အရွေ့ ဘာညာနဲ့ပြောရ အောင် ခင်များတို့ လုပ်နေတာတွေ ကို ဟိုက ဂရုတောင် မစိုက် ဘူး။။။ ရွေ့ဘို့ နေနေသာသာ ။။။ ဘာကြောင့်လုပ်တယ်၊ ဘယ်လို ငြိမ်းငြိမ်းချမ်းချမ်း ဆုတောင်းကြတယ်၊ ဘာကောင်တွေက ဘယ်လို လူမိုက်တွေ နဲ့ လာစောင့်ကြည့်တယ်။။ တာဝန်ရှိ သူတွေက ဘယ်လို ဖြောင့်ဖြ ပြီး အေးအေးချမ်း ချမ်း ပြီးသွားတယ် ၊ ဒါမျိုးလေးရေးရ မှာ။။ အခမ်းအနား တွေလုပ်ပြီး စကားလုံး တွေနဲ့ လှပအောင်ပြော တာတော့ ကိုယ်တယောက်တည်း ပြောတတ်တာမဟုတ်ဘူးဗျ။။ လူတိုင်းတတ်တယ်။။။ ဘယ်သူ မှလဲ ထောင်ကျနိုင်မှန်း သိသိ ကြီးနဲ့ နေ့စားနဲ့လဲ မလိုက်ဘူး။။ တကယ် ခံစားချက်ရှိလို့ပေါ့။။ ခင်များ တို့ ချမ်းသာတဲ့သူတွေ ကတော့ ဘာလုပ်ရဲလို့တုန်း။။။ ခင်များတို့ ဂျာနယ် ရောင်းကောင်းရုံ လုပ်နေတဲ့ ဧရာဝတီ မြစ်ဆုံ ကိစ္စ ဒီလိုပွဲလေးတွေလုပ်ရုံနဲ့ အစိုးရ က ဆက်မလုပ်ပဲ ရပ်ပေးရင် ခင်များတို့ ဂျာနယ် တိုက် ရှေ့လာ ပြီး ပါးရိုက်ခံ မယ် ။။။ ဆန္ဒ ပြတာကို ထောက်ခံနေတာ မဟုတ်ဘူး။။။ သတင်း သမား ကိုယ့်နေရာကို မနေပဲ အားလုံးက ကန့်ကွက်ပါသည် ပုံစံမျိုး တင်ပြလို့ ပြောတာ။။။
They (T.H.A & S.W) are trying to be front runners or want to be heroes but they are just Zero.Everyone has their own rights to disagree. I strongly support and salute to those very brave people for yesterday protesting. To SW , you are too old & very sick ,you should be very careful what you are talking.you’d better shut your pile hole up! Let’s keep fighting for our freedom & Irrawaddy .