အမေရိကန် နိုင်ငံ နယူးယောက် မြို့ မှာ ရောက် ရှိ နေတဲ့ မြန်မာ နိုင်ငံ ခြား ရေ့း ၀န်ကြီး ဦးဝဏ္ဏ
မောင်လွင် ဟာ ဒီနေ့  ကျင်းပတဲ့ ကုလ သမဂ္ဂ အထွေ ထွေ ညီလာခံ မှာ စကားပြောခွင့် ရတုန်း
အကျဉ်းသား တွေ ပြန်လွှတ် မယ် လို့  ပြောပါတယ်။
သူဟာ ဘယ်အချိန် မှာ အကျဉ်းသား တွေ ပြန်လွှတ်မယ်၊ ဘယ်လောက် ပြန်လွှတ်မယ်၊ ဘယ်လို
အကျဉ်းသား တွေ ပြန်လွှတ် မယ် ဆိုတာ ထည့် သွင်း ပြောကြား ခဲ့ ခြင်း မရှိ သလို ယခင် စစ်အစိုး
ရ နဲ့  အခု အရပ်သား အရေ ခြုံ စစ်အစိုး ရ တို့  ဖမ်းဆီးထား တဲ့ နိုင်ငံ ရေး အကျဉ်းသား တွေ ပါဝင်
ခြင်း ရှိ မရှိ ကို ထည့် သွင်း ပြောကြား မသွား ပါဘူး။
နိုင်ငံခြားရေး ၀န်ကြီး ၀ဏ္ဏမောင်လွင် ၏ ကုလ မိန့် ခွန်း ကို ကြည့် ရန် ဤနေရာ တွင် ကလစ် နှိပ်ပါ
မြန်မာ အစိုးရ နိုင်ငံ ခြား ရေး ၀န်ကြီး ဟာ ဒီနေ့  အမေရိကန် အစိုးရ အာရှ နဲ့  ပိစိဖိတ် ရေးရာ ဆိုင်
ရာ လက်ထောက် ဒုလက်ထောက် နိုင်ငံခြား ရေး ၀န်ကြီး ကတ် ကမ်ဘဲလ် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ
ညှို နှိုင်း ရေး သံ ဒဲရက်(ခ) မစ် ချလ် တို့  နဲ့  တွေ့ ဆုံ ခဲ့ရာ မှာ အမေရိကန် ၀န်ကြီး က မြန်မာ အစိုးရ
ကို အပြောင်းအလဲ တွေ အတွက် ခိုင်မာ တဲ့ ခြေလှမ်း လှမ်း ဖို့  လို တယ် လို့  ပြောကြား ခဲ့ ပါတယ်။
အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီးဌာ နက မြန်မာ နိုင်ငံခြား ရေး ၀န်ကြီး နဲ့  တွေ့ ဆုံ မှု ကို ဒီနေ့  သ
တင်း ထုတ်ပြန်ရာမှာ မြင်သာ တဲ့ အပြောင်း အလဲ တွေ ရှိ ဖို့  အတွက် နိုင်ငံရေး အကျဉ်းသား တွေ
လွှတ်ပေး ရမယ်၊ အတိုက်အခံ တွေ နဲ့  အဓိပ္ပာယ် ပြည့် ၀တဲ့ ဆွေး နွေး မှု တွေ လုပ်ဖို့  ၊ တိုင်းရင်း
သား နဲ့  နယ်စပ် ဒေသ တွေ မှာ လူ့ အခွင့် အရေး ချိုးဖောက်မှု တွေ ကို ရပ်ဖို့ ၊ မြောက်ကိုးရီးယား
နဲ့  ဆက်ဆံ ရေးမှာ ပွင့် လင်း မြင် သာ ဖို့  တွေ ကို တောင်း ဆို တိုက် တွန်း ခဲ့ ပါတယ်။
မြန်မာ အစိုးရက ပုဒ်မ အမျိုး မျိုး တပ် ပြီး ချိုးဖောက် ခဲ့ တဲ့ နိုင်ငံ ရေး အကျဉ်းသား နှစ်ထောင် ကျော်
ရှိ ပါတယ်။

အဓိကသိချင်တာက ဘယ်နေ့လွတ်မယ်ဆိုတာကိုပဲ အခုဟာက နိုင်ငံရေးအကျဉ်းသားတွေလွတ်မယ်
လွတ်နိုင်ချေရှိတယ် ဟိုလူပြောတယ် ဒီလူပြောတယ်
နောက်ဆုံး တူတာတစ်ခုပဲ ရှိတယ် ဘယ်နေ့လွတ်မယ်ဆိုတာကိုတော့ အတိအကျမပြောနိုင်သေးဘူးဆိုတာကို
ပဲ ဒါပဲလိမ့်လှိမ့်ပြီးပြောနေတယ်
သန်းရွှေရေးပေးတာတွေဖတ်ပြနေပြန်ပီ.