အယ်(လ)ကာယီးဒါ အကြမ်းဖက် အဖွဲ ခေါင်းဆောင် အိုစမာဘင် လာဒင် သေဆုံးပြီးနောက်
အဆိုပါ အကြမ်းဖက် ကွန်ယက် ၏ ထိပ်တန်း အရေး ပါသူ တစ်ဦး ဖြစ်သည့် အမေရိကန် နိုင်ငံ ဖွား
ယီမင် အခြေစိုက် အယ်(လ)ကာယီးဒါး အကြမ်းဖက် ခေါင်းဆောင် အယ်(လ)အော်လာကီ ကို
ယီမင် နိုင်ငံ တော် မြို့ တော် ဆာနား မှ ကီလို မီတာ ၁၅၀ ဝေး ကွာသည့် မရဘ် ခရိုင် တွင် မော်
တော် ကား နှစ် စီး ဖြင့် သွား နေ စဉ် အမေရိကန် အကြမ်းဖက် နှိမ်နှင်းရေး အထူးယူနစ် တစ်ခု
၏ မောင်းသူမဲ လေယာဉ် ဖြင့် နှိမ်နှင်း မှု ဉ်သတ်ဖြတ် နိုင် ခဲ့ သည် ဟု AP သတင်း တွင် ဖော်ပြထား သည်။
ပြီးခဲ့ သည့်လက အမေရိကန် နိုင်ငံ ဖွား ယီမင် အခြေစိုက် အယ်(လ)ကာယီးဒါး အကြမ်းဖက် ခေါင်းဆောင်
အယ်(လ)အော်လာကီ အခြေစိုက်သည့် နေရာများ ကို လေကြောင်းမှ တိုက် ခိုက်မှု များ ပြုလုပ် ရာတွင်
၎င်း ကို တိုက်ရိုက် ထိမှန် ခဲ့ခြင်း မရှိ ဟု အမေရိကန် အစိုးရ က သတင်း ထုတ်ပြန်ခဲ့သည်။
၎င်းသည် အမေရိကန် နိုင်ငံ ဂျော့ဝါရှင်တန် တက္ကသိုလ် မှ ပညာရေး နှင့် ဆိုင်သည့် ဒေါက်တာဘွဲ့ ကို
ရရှိ ထားသူဖြစ်ပြီး ကော်လိုရာဒို တက္ကသိုလ် ၊ ဆန်ဒီယေးဂိုး တက္ကသိုလ် များ မှ လည်း မဟာဝိဇ္ဇာ ဘွဲ့ 
များ ရရှိထား သူ ဖြစ်သည်။
အယ်(လ)အော်လာကီ သည် အင်တာနက် အွန်လိုင်း မှ တစ်ဆင့် နိုင်ငံ တကာ မှ အစ္စလာမ် မစ်လူ
ငယ်များ ကို အစွန်းရောက် ၀ါဒ သင်ကြား ပေး နေသူ တစ်ဦး ဖြစ်သည်။သူသည် အိုစမာ ဘင် လာ
ဒင် နေရာ ဆက်ခံ ရန် အတွက် ရေပန်းစား နေသည်။
အမေရိကန် လွှတ်တော် အမတ် များ က ဘင်လာဒင် ခိုအောင်းနေသည် ကို ရေငုံနှုတ်ပိတ် နေသည့်
ပါကစ္စတန် အစိုးရ အား ငွေကြေး အကူ အညီများ ထောက်ပံ့ပေး အပ်မှု ဖြတ်တောက် ရန် အိုဘား
မား အစိုးရ ကို တိုက် တွန်း ထားသည်။
မေလ ၁ ရက်နေ့ က အမေရိကန် ၏ အိုစမာဘင် လာဒင် သုတ်သင်ရေး စစ်ဆင်ရေး အတွင်း ပါကစ္စ
တန် နိုင်ငံ အဘော့တာဘတ် မြို့ မှ ၎င်း နေထိုင်ရာ အိမ်အတွင်း ရှိ ဗီဒီယို မှတ် တမ်း ဓာတ် ပုံ များ ကို
ကွန်ပျူတာ နှင့် အချက် အလက် သိုလှောင် သည့် ကွန်ပျူတာ ဆက်စပ် ပစ္စည်း များ ကို သိမ်းဆည်း
ရမိ ခဲ့သည်။
အယ်(လ)အော်လာကီ ကို အမေရိကန် က အသေ ရရ အရှင် ရရ လိုချင် သည်။ ၎င်း သည် မျိုးဆက်
သစ် အကြမ်းဖက် များ ကို အထူး သြဇာ ညောင်း သူ ဖြစ် ပြီး အချို့  စစ်တပ်များ အရ အော်လာကီ သည်
သွား လေ သူ အိုစမာ ဘင်လာဒင် ထက် အစွန်းရောက် မွတ်စလင် လူငယ် များ အပေါ် လွှမ်းမိုးမှု ရှိ သည်
ဟု သိရသည်။

you’re actually a just right webmaster. The site loading velocity is incredible. It kind of feels that you’re doing any distinctive trick. Also, The contents are masterpiece. you have performed a fantastic activity on this subject!