ဟိန်းခိုင်ထွန်း၊ ၊လက်ရှိ မြန်မာ့ နိုင်ငံ ရေး ဉ် နှစ်ဘက်စလုံး အသက်အရွယ် ကြီးရင့်
ပြီ ဖြစ်သည့် မျိုးဆက် များ ကြီးစိုးလျှက် ရှိ ပြီး အဆိုပါ မျိုး ဆက် များ ၏ ပြုမူ လှုပ်ရှား ပုံ များ
သည် တိုင်ပြည်၊ လူမျိုး နှင့်ပြည်သူ အပေါ် သစ္စာဖောက် ကာ ဓား ပြ များ တိုက်ရာ ပါ ပစ္စည်း
ဝေပုံ ကျ ခွဲ သလို ဖြစ် နေသည် ဟု ရန်ကုန် ကွန်ပြူတာ တက္ကသိုလ် မှ တတိယ နှစ် ကျောင်း
သား ကို ကျော်သူရ အောင်က ပြောသည်။
” သူတို့  လုပ် နေပုံ က မျိုး ဆက် သစ် လူငယ် တွေ ကို ခေါင်း ထဲ ထည့် မထား သလို ပဲ” ဟု
သူ၏ ထင်မြင် ချက် ကို ကိုကျော်သူရ အောင်က ပြောသည်။ ဒီမိုကရေစီ ရ အောင် ဆောင်
ကျဉ်း မည် ဆိုသည့် မျိုးဆက် ဟောင်း ကြီးများ သည် ပြည်သူ ကို လိမ်နေသည် ဟု လည်း
အချို့  လူငယ် များ က ထင် သည် ဟု ပန်းဆိုးတန်း လမ်း တွင် အင်တာနက် ကဖေး ဖွင့် ထား
သူ တစ်ဦး က ပြောသည်။
ကျွန်တော် တို့  ဘယ်သူ့  ကို ဘယ်လောက် ယုံကြည် ရ မလဲ ဆိုတာ သဲသဲ ကွဲကွဲ သိဖို့  လို နေ
ပြီ နောက်ဆုံး တော့ မြန်မာ လူငယ် တွေ ဟာ မျိုးဆက် ဟောင်း တွေ ရဲ့  ဆောက် သုံး မကျတဲ့
ဒဏ် ကို ခါးစည်း ခံရတုန်း ၊ အခု လူ တင် မက ဘူး မြစ် ပါ ခံ ရ ပြီ ဟု ရန်ကုန် မြို့  ရှမ်းလမ်း
စမ်းချောင်း မှ ဗီဒီယို အဌား ဆိုင် ဖွင့် ထား သည့် ကိုအောင်မော် က ပြောသည်။
မြန်မာ နိုင်ငံ ရေး ဉ် မျိုးဆက် ဟောင်း အတိုက် အခံ များ အပေါ် ယုံကြည် မှု ၀ုန်းခနဲ ထိုးကျ
သွား ခြင်း မှာ လတ်တလော နိုင်ငံ ရေး ဖြစ်စဉ် မျိုးဆက် ဟောင်း များ က ငါ့ စကား နွား ရ့
ပြောခြင်း ၊ သက်ကြား အို အတိုက် အခံ အချို့  ပြည်တော် ပြန် ခြင်း နှင့် နိုင်ငံ ရေး အရ အများ
ပြည်သူ သိရှိ ရန် လို အပ် သည် များ ကို ရေငုံ နှုတ်ပိတ် လုပ် ထား ခြင်း တို့  ကြောင့် ဖြစ် နိုင်
သည် ဟု လူငယ် ဂျာနယ်လစ် တစ်ဦး ဖြစ် သူ ကိုမင်းမင်း က ပြောသည်။
လတ်တလော တွင် ဧရာဝတီ မြစ်ဆုံ ရေကာ တာ နှင့် နိုင်ငံ ရေး အကျဉ်းသား လွှတ်ပေး ခြင်း
မရှိ ခြင်း တို့ ကြောင်း နိုင်ငံရေး အပြောင်း အလဲ ဆိုသည် ကို နှမ်းတစ်စေ့ မျှ မမြင် ရခြင်းသေး
ကြောင့် ၎င်း ပြည်သူ နှင့် မျိုး ဆက် သစ် လူငယ် များ မှာ ဒေါသ ကြိမ်မီးအုံး သလို ဖြစ်နေ
သည် ဟု သိရသည်။

လူကြီးလဲ မကောင်းဘူး … လူငယ်လဲ မကောင်းဘူး… တစ်ယောက်မှ မကောင်းလို့ အခုချိန်ထိ ဒီလိုမျိုးဖြစ်နေတာ… ကောင်းတဲ့သူရှိရင် ဒီလိုမျိုးဖြစ်မနေဘူး … ငါလဲ မကောင်းဘူး … မကောင်းလို့လဲ ဒီလိုမျိုးရေးတာ …
ဟုတ်ပကွာ လုပ်နေတဲ့သူ တွေကို လည်းမ၀န်းရံ ကိုယ်တိုင်လည်း လေပေါ ဘေးထိုင်ဘုပြောတာ လောက်ပဲ လုပ်နေပြီး ဘာ ကောင်တွေမှန်းကို မသိဘူး မျိုးဆက်ဟောင်းတွေ အသုံးမကျဘူးပြော ရအောင် မျိုးဆက်သစ်တွေထဲမှာ ဘယ်လောက်အသုံးကျတဲ့သူ တွေထွက်လာလဲ၊ အခုဆောင်းပါးရေးတဲ့ကောင်ရော ဘယ်လောက်အရာဝင်လဲ သိချင်ပါတယ် ဘာတွေလုပ်ပြီးပြီလဲ သိချင်ပါတယ်၊ ကျွန်တော် သာမာန်ပြည်သူ တစ်ယောက်ပါ၊ မျိုးဆက်ဟောင်းတွေ သူတို့ လုပ်နိုင်သလောက်လုပ်နေတာ ကို ထောက်ခံတယ် အန်တီစုလည်း မှန်ကန်တဲ့ ရွေးချယ်မှု အတိုင်းလုပ်နေတယ် လို့မြင်တယ်၊ မင်းတို့က သူတို့လုပ်တာမှားနေတယ် ထင်ရင် မင်းတို့ ၀င်လုပ်ကြည့်လေ၊” မြန်မာ နိုင်ငံ ရေး ဉ် မျိုးဆက် ဟောင်း အတိုက် အခံ များ အပေါ် ယုံကြည် မှု ၀ုန်းခနဲ ထိုးကျသွား ခြင်း မှာ”ှဆိုတဲ့ဟာက ဘာနဲ့တိုင်းပြီးရေးတာလဲ? “မျိုး ဆက် သစ် လူငယ် များ မှာ ဒေါသ ကြိမ်မီးအုံး သလို ဖြစ်နေသည် ဟု သိရသည်။” ဆိုတာက လည်း ဂေါက်ပါ့ကွာ
Freedom News ကိုတော့ကျေးဇူးတင်ပါတယ်။ ကျတော်လည်းလူငယ်ပါပဲ ခု အသက် ၂၆ နှစ်ပါ။ နိုင်ငံရေးကိုသက်ကြား အိုတွေ နေရာယူထားတာ မျိုးဆက်သစ်တွေထဲမှာ အသုံးကျတဲ့လူမရှိလို့ပဲ။ မင်းတို့ ဆန္ဒပြမှ ဒီမိုကရေစီရတယ်လို့ထင်ရင်မှားမယ် ဒီမိုကရေစီဆိုတာကိုပဲ မင်းတို့ အဓိပ္ပါယ်သေချာဖွင့်ပြပါအုံး။ လူကြီးတွေက ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်နေကြတာ မင်းတို့လိုကောင်မျိုးလက်ထဲ နိုင်ငံအပ်ရင်တော့ တိုင်ပြည်အခုထက် စုတ်ပြတ်သက်မှာသေချာတယ်။ မင်းတို့ ထဲမှာ နိုင်ငံတကာကို ပေါက်ရောက်တာဘယ် နှကောင်ပါလဲ။ နောက်ပြီးမင်းတို့ ထဲမှာ အတွေးအခေါ်ကောင်းတာ လူထုယုံကြည်မှုရတာ ဘယ်နှကောင်ပါလဲ။ အဲဒါပဲ မင်းတို့ ကြည့်ကြည့်။။။ ငါ့ကိုစစ်သားတို့ ကြံ့ဖွံတို့ NLD တို့ထင်မှာဆိုးလို့ပြောလိုက်အုံးမယ် ငါက လူထုထဲက လူတယောက်ပဲ ပြည်သူတယောက်လိုကြည့်ပြီးမင်းတို့ကိုဝေဖန်တာ။