မြန်မာ နိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံ ဒေသ တွင် တည် ဆောက် နေ သည့်
လျှပ်စစ် ဓာတ်အား ထုတ်လုပ်သည့် ရေကာတာ တည်ဆောက် နေခြင်း ကို မြန်မာ အစိုးရ သမ္မတ
ဦးသိန်းစိန် က သူ၏ အစိုးရ လက်ထက် တွင် ရပ် တန့် မည် ဟု ကြေငြာ လိုက်ခြင်း မှာ စက်တင်ဘာ
လ ၂၆ ရက်နေ့  လှုပ်ရှား မှုကြောင့် ဖြစ် နိုင် သည် ဟု ရန်ကုန် ရှိ တက်ကြွသူ အချို့  က သုံး သပ်ကြ
သည်။
ယမန် နေ့  က လွှတ်တော် သို့  သမ္မတ က ပို့ သည့် သ၀ဏ်လွှာ တွင် မြစ်ဆုံ စီမံကိန်း သည် ပြည်သူ
လူထု ၏ ဆန္ဒ နှင့် လွှတ်တော် ကိုယ်စား လှယ် များ ၏ ဆန္ဒ ကို ဖီလာ ဆန့် ကျင် နေသည် ဟု ဖော်
ပြ ထား သည်။
ဒေါ်လာ ၃.၆ ဘီလျှံ ကုန် ကျ ပြီး ၆၀၀၀ မီဂါဝတ် လျှပ် စစ်အား ထုတ်လုပ် နိုင် သည့် မြစ်ဆုံ ဆည်
တည်ဆောက် မှု အား တရုတ် နိုင်ငံ က ရင်းနှီး မတည် ပြီး ထွက်ရှိ လာ သည့် လျှပ် စစ် ဓာတ် အား
ကို တရုတ် နိုင်ငံ ယူ နန် ပြည် နယ် အတွက် အသုံး ပြု မည် ဖြစ်သည်။
ဦးသိန်းစိန် က ၎င်း ၏ လက်ထက် တွင် ရေအားလျှပ် စစ် ထုတ်ယူရန် အတွက် ဆည် တည် ဆောက်
မှု ကို ရပ်နား ထား မည် ဟု ကြေငြာ ခြင်း ကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်
က ကြို ဆို လိုက်သည်။
ယမန် နေ့ က ၀န်ကြီး ဦးအောင်ကြည် နှင့် တွေ့ ဆုံ ပြီး နောက် အစိုးရ တစ်ရပ် အနေ ဖြင့် ပြည်သူ ၏
အသံ ကို နားထောင်ခြင်း မှာ ကောင်း သည့်  အစဉ် အလာ ဟု ပြောခဲ့ သည်။
မြစ်ဆုံ ဆည် တည် ဆောက် မှု ရပ်တန့် ခြင်း ကို အော်ပီကျယ်၊ မောင်ဝံသ ၊ ဦးဝင်းချို၊ စသည့် ပုဂ္ဂိုလ်
များ က လည်း ကြို ဆို ထောက် ခံ ခဲ့ သည်။
စက်တင်ဘာလ ၂၆ ရက် နေ့ က လှုပ် ရှား မှု မျိုး မရှိ ခဲ့ လျှင် သော် လည်း ကောင်း ၊ ထပ်မံ ၍ ဆန္ဒ ထုတ်
ဖော် မှု များ ပြု လုပ် ခြင်း ဆက် လက် လုပ် ဆောင် မည် ဟု သတင်း များ ထွက် ပေါ် ခြင်း မရှိ လျှင် သော်
၎င်း သမ္မတ ဦးသိန်းစိန် အနေ ဖြင့် လွှတ်တော် သို့  အဆို ပါ သ၀ဏ်လွှာ ကို ပေး ပို့  ခြင်း ပြု မည် မဟုတ်
ဟု သိရသည်။
ကချင် ပြည်နယ် မှ NDF ပါတီ ကိုယ်စားလှယ် လောင်း အဖြစ် ရွေးကောက် ပွဲ ၀င် ခဲ့ သူ တစ်ဦး ဖြစ် သူ
ဒေါ်ဘောက်ဂျာ က မဇ္ဈိမ သတင်း ဌာ န နှင့် ပြောကြား ရာတွင်
“ခဏ ရပ်ဆိုင်းတာကတော့ သိပ်မသေချာဘူးပေါ့နော်။ ပြည်သူတွေရဲ့ ဆူပူလာမှာကြောက်လို့ ခဏလည်း
ငြိမ်ပေး လိုက်တဲ့ သဘောဖြစ်နေတယ်။ ဒါဆို အပြီး မလုပ်တော့ဘူးဆိုပြီးတော့ ပြောမှမပြောတာ။ နောက်
လည်း မလုပ်ဖို့ လိုတာပေါ့နော်။” ဟု ပြောသည်။
FNG ၏ ခေတ္တ အယ်ဒီတာ ချုပ် ဖြစ်သူ ဒေါက်တာ ဟိန်းခိုင်ထွန်း က ” လူထု အုံကြွမှာ ကို လန့် လို့ ဒီ
သ၀ဏ်လွှာ ကို ကောက်ကာ ငင်ကာ ရေး လိုက် ပုံ ရှိ သည်” ဟု ပြောသည်။
တက်ကြွ လှုပ်ရှား သူ အချို့  က မူ တရုတ် နိုင်ငံ ၏ ဆည် တည်ဆောက် မှု ကို အပြီး သတ် ရပ်ပစ်
ဖို့  နှင့် ဆက်လက် တည် ဆောက် နေ ခြင်း မရှိ ဆို သည် ကို အများ ပြည် သူ သိရန် ပြသ ဖို့  လို
သည် ဟု ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့  သည် နိုင်ငံ ရေး အကျဉ်း သား များ လွှတ် ရန် ကို မူ တွန့် ဆိုင်း လျှက်
ရှိ သည်။
မြစ်ဆုံ ရေအားလျှပ် စစ်ဆည် တည် ဆောက် မှု ရပ်ဆိုင်း လိုက်ခြင်း အား သမ္မတ ဦးသိန်းစိန် က သတင်း
ထုတ် ပြန်ခြင်း ကို အမေရိကန် အစိုး ရက ကြို ဆို လိုက် သည်။

Maung Thein Sein, Be Honest! Be HOnest! ( DOnt suck Than Shwe’ ass Juice!)
They must terminate that project,not to halt or stop temporary . we all know how their trick can be? they never kept their promises before,we should keep fighting until what we actually want.