အမေရိကန် မှာ ဆန္ဒပြသူ ၁၀၀ ကျော် ကို ဖမ်းဆီး (Update)
အမေရိကန် အရင်းရှင် စနစ် နှင့် ၎င်း၏ မသိဆိုးရွား မှု ကို နယူးယောက် ပြည်နယ် ဝေါလ် ထရိတ်
လမ်း သိမ်းပိုက် မှု ဟု ဆန္ဒပြသည့် အဖွဲ့  သည် ယနေ့  စနေ နေ့  တွသ် နယူး ယောက် ပြည်နယ်
ဘရွတ် ကလင်းတံတား တွင် ဆန္ဒပြရာ လူ တစ်ရာ ကျော် အဖမ်း ခံရသည် ဟု FNG မှ သတင်း
ရရှိ သည်။
ဘရွတ်ကလင်း တံတား ဆန္ဒပြမှု ကို ကြည့် ရန် ဤ နေရာ သို့ သွား ပါ။
နယူးယောက် ရဲတပ် ဖွဲ့ က အဖမ်း ခံရသူ အများ စု သည် လူသွား လူလာ များ သည့် နယူးယောက်
ဘရွတ် ကလင်း တံတား ပေါ်တွင် ဆန္ဒပြသူအများ ဆုံးဖြစ်ပြီး ဆန္ဒပြ မှု မှာ သီတင်း နှစ်ပတ် တိုင်ပြီး
့ဖြစ်ပြီး ပြီးခဲ့ သည့် သီတင်း ပတ် က ဆန္ဒပြသူ ၈၀ ကျော် ကို ရဲတပ်ဖွဲ့  က  ဖမ်း ဆီး ခဲ့သေးသည်။
ဆန္ဒပြသူများ က အမေရိကန် နိုင်ငံ ၏ ဆင်းရဲသား ၉၉ ရာခိုင် နှုန်း ဘက်မှ နေ၍ ချမ်းသာ သူ ၁ ရာ
ခိုင်နှုန်း ဘက် ကို ကန့် ကွက် ဆန္ဒပြ သည် ဟု ၄င်းတို့ ၏ ၀ဘ်စာမျက်နှာ     occupywallst.org
တွင် ဖော်ပြထားသည်။
ဆန္ဒပြ သူများ သည် ရဲတပ်ဖွဲ့  က အကြိမ်ကြိမ် သတိ ပေး နေသည့် ကြားမှ အများပြည်သူများ သွား
လာမှု ခက်ခဲ ရန် အတွက် ပြု မူ နေခြင်း ကြောင့် ဖမ်းဆီး ခြင်း ဖြစ်သည်။
ဆန္ဒပြသူများ သည် အမေရိကန် အစိုးရ က ဆူးကြုံ နိမ့်မြင့် ကွာဟမှု ကို မဖြေရှင်း နိုင်မှု ကြောင့် ဆန္ဒ
ပြခြင်း ဖြစ်သည်။ မမျှတ သော အမေရိကန် စီးပွား ရေး စနစ် နှင့် အစိုး ရ၏ မျက် နှာ ကြီး ရာ ဟင်း
ဖတ် ပါ လုပ် ဆောင် မှု များ ကို ပြည်သူ များ က မကျေ မနပ် ဖြစ်ကြ ခြင်း ဖြစ်သည်။
အမေရိကန် အရင်းရှင်များ သည် အလိုရမ္မက် ကြီးကာ ဆင်းရဲသား ပြည်သူ များ ကို ခေါင်းပုံ ဖြတ်
ပြီး ပြည်သူ တစ်ရပ် လုံး ကို မူ ငတ်ရင် နေလေ သေပစေ ဟု သဘောထား သည်။ အမေရိကန် အစိုး
ရ အဆက် ဆက် သည် ထို အရင်း ရှင် များ ကို ရွေးကောက် ပွဲ ရံ ပုံ ငွေ ရရန် အတွက် မျက် နှာ လို
မျက် နှာ ရ လုပ် ကာ မျက် နှာ သာ ပေး သည်။
အမေရိကန် မော်ကွန်း မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ မိုက်ကယ်မိုး နှင့် နာမည် ကျော် သရုပ်ဆောင် နှင့်
နောက်ဆုံး ရရှိ သည့် သတင်း များ အရ ဆန္ဒပြသူ များ ကို ပြန် လွှတ် လိုက်ပြီ ဖြစ်သည်။
One thought on “အမေရိကန် မှာ ဆန္ဒပြသူ ၁၀၀ ကျော် ကို ဖမ်းဆီး (Update)
  1. သတင်းအပြည့်အစုံတော့ မဖတ်ရသေးဘူး၊
    ဒီ ” သတင်းခေါင်းစဉ်ကြီး ” အရ ဆို
    ” အ မယ်ရီးကား မှာလည်း ဆန္ဒပြရင် ဖမ်းတာဆီးတာ ပါပဲလား။ ”
    တို့တွေလည်းမှန်မှန် မမှန်မမှန်၊ တရားတရား မတရားမတရား
    အေးအေးနေတာပဲ ကောင်းမယ်ထင်ပါတယ်။
Comments are closed.