အယုဒ္ဓယ မှာ ရေကြီးချန် မြန်မာ ကို သွားရောက် လည်ပတ် တဲ့ ယင်လပ် ကို ဝေဖန်နေကြ

ထိုင်း နိုင်ငံ ရဲ့  ရှေး မြို့  တော် ဟောင်း တစ်ခု လည်း ဖြစ် အိမ်နီးချင်း မြန်မာ နိုင်ငံ က ဘုရင့် တပ်
မတော် တွေ ရဲ့  လက်နက် နိုင်ငံ ထဲ လည်း ထည့် သွင်း နိုင် ခဲ့ တဲ့ အယုဒ္ဒယ မြို့  ရေကြီး နစ် မြုပ်
နေချိန် မှာ မြန်မာ နိုင်ငံ ကို သွား ရောက် လည် ပတ် တဲ့ ထိုင်း ၀န်ကြီး ချုပ် ယင်လပ် ကို ထိုင်း
ပြည် သူ တွေ ၊ ဂျာနယ် လစ် တွေ နဲ့  ထိုင်း နိုင်ငံ ရေး ပါတီ တွေ က မေးခွန်း ထုတ် နေကြ ပါတယ်။

ထိုင်း ၀န်ကြီး ချုပ် ယင်လပ် ဟာ ဒီနေ့  မြန်မာ နိုင်ငံ ကို ရောက်ရှိ မှာ ဖြစ် ပြီး မြန်မာ အစိုးရ ခေါင်း
ဆောင် တွေ နဲ့  တွေ့ ဆုံ မှာ ဖြစ်ပါတယ်။

ယင်လပ် ဟာ ထိုင်း နိုင်ငံ ရဲ့  ပထမ ဦး ဆုံး အမျိုး သမီး ၀န်ကြီး ချုပ် ဖြစ်ပါတယ်။

ထိုင်း နိုင်ငံ မှာ နှစ် ၅၀ အတွင်း အဆိုးရွား ဆိုး ရေလွှမ်း မိုး မှု တွေ ကြောင့် လူ ၂၀၀ ထက်
မနည်း သေဆုံး ခဲ့ ပါတယ်။

ထိုင်းနိုင်ငံ အနှံ အပြား မှာ ရေကြီး နေပြီး အယုဒ္ဓယ ခရိုင် ထဲ က ဒေသ ခြောက် ခု ဆိုရင် ရေ
လွှမ်း မိုး ခြင်း ကို တော်တော် ဆိုးဆိုးရွား ရွား ခံ နေရပါတယ်။ မနေ့ က ညနေ က စပြီး မြို့ 
တော် ဘန်ကောက် ရဲ့  နေရာ အတော်များများ မှာ လည်း ရေလွှမ်း မိုး ခြင်း ဒဏ် ကို ခံနေရ
ပါတယ်။

ဘန်ကောက် မြို့ တော် ကို ဖြတ်သန်း စီးဆင်း သွား တဲ့ ကျောက်ဖုယား မြစ်ကတော့ စိုးရိမ်
ရေ မှတ် ထက် ကျော်လွန် နေဆဲ ဖြစ် ပါတယ်။

ယင်လပ် အား အောက်လွှတ်တော် ရှိ အမတ် ၅၀၀ အနက်မှ ၂၉၆ ဦး က ထောက်ခံမဲပေးကာ
အတည်ပြု ခန့် အပ် လိုက်ခြင်း ဖြစ်သည်။ ယင်လပ် သည် ဇူလိုင် လ ၃ ရက်နေ့ က ကျင်းပခဲ့
သည့် ထိုင်းနိုင်ငံ ရွေးကောက်ပွဲ တွင် ၀န်ကြီးချုပ် အဘီဆစ် ၀ဇ္ဇာဇီဝ ကို ဖြတ် ကျော် အနိုင်
ယူလာ ခဲ့ခြင်းဖြစ်သည်။

ဘုရင် စနစ် ကို အစွဲအလန်း ကြီးစွာ ထောက်ခံ သူများက ယင်လပ် သည် သက်ဆင် ၏ ရုပ်သေးမျှ
သာ ဖြစ်ပြီး သူ့ အကို ဖြစ်သူ လွတ် ငြိမ်းချမ်းသာ ခွင့် ရ အောင် လုပ်ပေး လိမ့်မည် ဟု ဝေဖန်ကြသည်။

အသက် ၄၄ နှစ် အရွယ်ရှိ စီးပွားရေး လုပ်ငန်းရှင် ၊ အိမ်ထောင်ရှင် အမျိုး သမီး ယင်လပ်က တော့
အကို ကအကို ကျွန်မ က ကျွန် မ ဟု ပြောသည်။

ဝန်ကြီးချုပ် ဘ၀ ဖြင့် တိုင်း ပြည် ကို နောက် ဆုံး မိန့် ခွန်း ပြောခဲ့ သည့် အဘီဆစ် က ” အစိုးရ သစ်
ဟာ နိုင်ငံရေး တည်ငြိမ် အောင်၊ စီးပွားရေး တိုးတက် အောင်၊ ပြည်သူတွေ ပျော်ရွှင် နိုင်အောင် လုပ်
ပေး နိုင် လိမ့် မယ် လို့  ကျွန်တော် ယုံကြည် ပါတယ်” ဟု မိန့် ခွန်း တွင် ထည့်သွင်း ပြောကြားသည်။

ပြီးခဲ့ သည့် နှစ် က သက်ဆင် လို လား သူများ ၏ ဆန္ဒပြပွဲ များ ကို အဘီဆစ် အစိုး ရ က နှိပ် ကွပ်ရာ
တွင် တစ်ရာ ကျော် သေဆုံး ပြီး ၂၀၀၀ ကျော် ဒဏ်ရာ ရရှိ ခဲ့ သည်။

ထိုင်း နိုင်ငံရေး အခြေ အနေ သည် ပျားရည်ဆမ်း ခရီး အဆင့် သာရှိ ပြီး ရှေ့ ဆက် ရမည် မှာ အများ
ကြီး ကျန် သေး သည် ဟု နိုင်ငံရေး အကဲ ခတ် များ က သုံး သပ်ကြသည်။

ထိုင်း နိုင်ငံတွင် ၁၉၃၂ ခု နှစ် မှ စပြီး စစ်တပ် က အာဏာသိမ်းမှု ပေါင်း ၁၈ ခု ရှိ ခဲ့ သည်။

ဝန်ကြီးချုပ် သစ် ယင်လပ် ရှာနာဝရပ် သည် ထိုင်း နိုင်ငံ ၏ နိုင်ငံ အကြီးအကဲ ဖြစ်သူ ဘရင် ဘူမီ
ဘော အဒူလျှာဒက် ၏ ရှေ့ တော်မှောက် သို့ သွားရောက် ပြီး ၀န်ကြီးချုပ် အဖြစ် ပေးသနား တော်
မူခြင်း ကို ခံယူရ အုံး မည် ဖြစ်သည်။

ယင်လပ် ရှင် နာဝရပ် သည် နိုင်ငံရေး နယ်ထဲ သို့  ၀င်ရောက် ပြီး ငါးလ အကြာ မှာ ပင် အာဏာ
ရရှိ ခဲ့ သည်။ သူမ ၏ ပွေ့ ထိုင်းပါတီ သည် လွှတ်တော် ၏ အမတ် နေရာ အများ စု ကို ရရှိ ခဲ့သည်။
သူမ သည် ချင်းမိုင် တက္ကသိုလ် ၊ ကင်တပ်ကီ တက္ကသိုလ် များ မှ စီးပွားရေး နိုင်ငံ ရေး ဘွဲ့ များ ရရှိ
ခဲ့သည်။