အောက်တိုဘာလဆန်း က စပြီး ဇော်ဂျီ မြစ်ရေ နဲ့  မြစ်ငယ် မြစ်ရေ လျှံတက် မှု ကြောင့် ရေလွှမ်း
မိုးနေတဲ့ ကျောက် ဆည် ခရိုင် မှာ သောက်သုံးရေ၊ ဆေးဝါး၊ စားနပ်ရိက္ခာ စတဲ့ အရေးပေါ် အကူ
အညီ တွေ လို အပ် နေ ပြီ ဟု ကျောက်ဆည် မြို့  ပေါ် ရပ် ကွက် က ကျောင်းဆရာ ဟောင်း တစ်
ဦး ဖြစ်တဲ့ ဦးမြင့် နိုင်က FNG ကို ပြောသည်။
ရေလွှမ်းမိုး မှုမှာ ရှမ်းပြည်နယ် မိုးသည်းထန် စွာ ရွာသွန်း မှု တွင် တောင်ကျရေ များ ကျောက်ဆည်
မြို့  နှင့် ဘဲလင်း၊ကင်းရွာ ၊ငပြောင် စသည့် မြို့  ရွာ များ သို့  ၀င်ရောက် လာ မှု ကြောင့် ဖြစ်သည်။
ကျောက်ဆည် မြို့  တွင်း ရှိ မြို့ ဦး ၊ အင်းကုန်း နှင့် ပြည်တော် သာ ရပ်ကွက် အတွင်း ရှိ မြို့  များ တွင်
လည်း ရေ လွှမ်း မိုးနေ ပြီး ကျောက်ဆည် မြို့  ပြည်သူ့  ဆေး ရုံ အတွင်း သို့  ရေများ ၀င် ရောက် လာ
မှု ကြောင့် ဆေး ရုံ မှ လူ နာ များ ကို ဘေးလွတ် ရာ သို့  အရေး ပေါ် ပို့  ဆောင် လိုက် ရသည်။
ကျောက်ဆည် မြို့  တွင် ယခု တစ်ခါ ရေကြီး မှု သည် တစ်လ အတွင်း ဒုတိယ အကြိမ် ရေကြီး မှု ဖြစ်
ပြီး စက်တင် ဘာလဆန်းက တစ်ခါ ရေကြီး ခဲ့ ရာ လူနေ အိမ်များ နှင့် စိုက် ပျိုး သီး နှံ များ ပျက် စီး
ဆုံး ရှုံး မှု ရှိ သည်။
ကျောက်ဆည် မြို့  ရေလွှမ်း မိုးမှု နှင့် ပတ်သက်ပြီး ကျောက်ဆည် မြို့  နည်းပညာ တက္ကသိုလ် မှာ
ဆရာ တစ်ဦးက အခု ရုံး တွေ ၊ကျောင်း တွေ အားလုံး ပိတ် ထား ရတယ်၊ တစ်ချို့  နေရာ တွေ မှာ
ရေ ကြီး တာ မရပ် သေးလို့  လူတွေ ဘေးလွတ် ရာ ကို ထွက် ပြေး နေရတယ်။ စား စရာ မရှိ ၊ နေ
စရာ မရှိ ဖြစ် နေပြီ အကူအညီ ပေး တဲ့ အဖွဲ့  တွေ လည်း မနိုင် ဘူး။ အာဏာ ပိုင် တွေ လည်း
ပျောက် နေတယ် ဟု ပြောသည်။
ပြီးခဲ့ သည့် သီတင်းပတ် က တောင်ကြီး မြို့  ဉ် လည်း ရေ လွှမ်း မိုး ခဲ့ သည်။


မြန်မာပြည်ဒီမိုကရေစီကိုများဘာမှတ်နေလဲ၊မြန်မာမှုပြုနေတာ သူများနဲ့လာမယှဉ်နဲ့လေ