တွံတေး မှာ ဦးအောင်ဖေ ဆန္ဒပြ

ဒီ နေ့  ကျရောက် တဲ့ ကမ္ဘာ့ ကျောင်း ဆရာ များ နေ့  မှာ တွံ တေး မြို့  က ကျူ ရှင် ဆရာ ဦးအောင်
ဖေ ဟာ မြို့  တွင်း လှည့် လည် ပြီး တစ် ကိုယ်တော် ဆန္ဒပြ ခဲ့ တယ်လို့  သူ့  ရဲ့ တပည့် ဖြစ်သူ ကို
ကျော်သောင်း က FNG က ကို ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး လည်း ဖြစ်တဲ့ ဦးအောင်ဖေ ဟာ ၂၀၀၅ ခုနှစ်တုန်းက
ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့ ရက် (ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ ) မှာ သူရဲ့  တပည့်တွေကို ဗိုလ်ချူပ်
အောင်ဆန်းအကြောင်း ဟောပြောခဲ့လို့ ၊ လွတ်လပ်ရေးကျောက်တိုင်ရှေ့ မှာ အလေးပြုတာတွေ
ပြုလုပ်ခဲ့လို့  အဖမ်းခံခဲ့ရပြီး၊ ထောင် (၃) နှစ် ကျခံခဲ့ရဖူးပါတယ်။

ဦးအောင်ဖေ ဟာ မနေ့  က တွံ့တေး ကမ်းနား ပိုင်း နဲ့  မြို့  တွင်း မှာ တစ်ကိုယ်တော် လှည့် လည်
ပြီး ဆန္ဒ ပြ နေစဉ် အရပ်ဝတ် ထောက်လှမ်း ရေး နဲ့  လုံခြုံရေး အဖွဲ့  တွေ က ဓာတ်ပုံ ရိုက်ယူ တာ
တွေ ၊ လိုက်လံ ကြည့် ရှု တာ တွေ လုပ် တယ် လို့  သိရ ပါတယ်။

ဆရာ ဦးအောင်ဖေသည် လွှတ်တော် စတင် ခေါ် စဉ် က လည်း နေအိမ် တွင် အစာ ငတ်ခံ ဆန္ဒ
ပြ ခဲ့ ဖူး သည်။

သူ့  အား စစ်အစိုးရ က ပညာသင်ကြား ပို့  ချ ခွင့် ကို ပိတ်ပင် ထား ရာ ယခု ဒီမိုကရေစီ ဘီး ကြီး
ရွေ့  နေ ပြီ ဆို သည့် အစိုး ရ က ပြန်လည် ခွင့် ပြု ခြင်း မပြုသေး ပေ။