FNG ၊ ၊မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်
အစိုးရ ၏ လှို့ ဝှက်မှတ်တမ်း (ပေးစာ ၊ ပြန်စာ ) များ ကို ဖော် ထုတ် သူ သြစတေးလျှ နိုင်ငံ
သား ဂျူလီယန် အဆန်း တို့  မှာ ဖေ့ဘွတ် တည် ထောင် သူ မာခ် ဇူကာ ဘဂ် ကဲ့
သို့ ပင် သောကြာနေ့  ည တွင် ကြေငြာ မည့် မည့် နိုဘဲလ် ငြိမ်းချမ်း ရေး ဆု အတွက် ရေပန်းစား
နေ သူများ ဖြစ်သည်။
အမေရိကန် အစိုးရ ၏ မှတ်တမ်း များ ကို စီဒီ ချပ်များ တွင် နေ့ တိုင်း ကူးယူ ထည့်သွင်း ပြီး
ဝီကီလိခ် အင်တာနက် စာ မျက် နှာ ကို လွှဲပြောင်း ပေး အပ် ခဲ့ သူ အမေရိကန် စစ်တပ် ၏
ထောက်လှမ်း ရေး အစီရင် ခံစာ ခွဲခြမ်းစိတ်ဖြာ သူ ဘရက် ဒလေ မန်းနင်း ကို အများ စုက
ဆန္ဒ ပြု ကြ သည် ဟု ဂါးဒီးယန်း သတင်း စာ တွင် ဖော် ပြ ထား သည်။
အာရပ် တော်လှန်း ရေး လှုပ်ရှား မှု (Arab Spring) နှင့် ဖေ့ဘွတ် စာမျက် နှာ မှ တစ်
ဆင့် အီဂျစ် သမ္မတမူဘာရက် ကို ဖြုတ် ချရန် လှုံ ဆော် သူ ၀ါအီလ် ဂိုနင် တို့  မှာ လည်း
နိုဘဲလ် ငြိမ်းချမ်း ရေး ဆု ရ မည် ဟု တစ်ပြေး နေ သည်။
အကယ်၍ ယခင် နှစ် က နေအိမ် အကျယ် ချုပ် မှ လွတ်မြောက် လာခဲ့ သည့် မြန်မာ့ ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သာ နိုဘဲလ် ငြိမ်းချမ်းရေး ဆု ရရှိ ပါက
လူပုဂ္ဂိုလ် တစ်ယောက် ခြင်း အနေဖြင့် ဒုတိယ အကြိမ် မြောက် ရရှိ သူ ဖြစ် မည် ဟု
ထိုင်း နိုင်ငံ ဆိုင် ရာ နော်ဝေ သံရုံး မှာ ဒုတိယ အတွင်းဝန် တစ်ဦး က Freedom
News Group သို့  ပြော သည်။
ယခင်က ကမ္ဘာ့ ကြက်ခြေ နီ အဖွဲ့  ကုလသမဂ္ဂ ဒုက္ခ သည် များ ဆိုင်ရာ မဟာ မင်းကြီး
ရုံး တို့  မှာ နိုဘဲလ် ငြိမ်းချမ်းရေး ဆု နှစ်ခါ ရရှိ ဖူး ခဲ့ သည်။
ယမန် နှစ်က နိုဘဲလ် ငြိမ်းချမ်းရေး ဆု ကို တရုတ် နိုင်ငံ မှ ထောင်သွင်း အကျဉ်းချထား
ခြင်း ခံရတဲ့ တက်ကြွ သူ လျှူရှောင် ဘို ရရှိ ခဲ့ပါတယ်။
သူ ဟာ တရုတ် နိုင်ငံ တွင်း မှာ အကျဉ်းချခံထားရတာ ၁၁ နှစ် ရှိသွားပြီ ဖြစ်ပါတယ်။



Who should get N.P.P between Daw Su,always used non-violent and Julian Asan,founder of WI KI LI?