အမေရိကန် ဘဏ္ဍာရေး နှင့် ငွေကြေး ဈေး ကွက် ဖြစ်သည့် ဝေါလ်ထရိတ် လမ်းရှိ မသမာ သည့်
အရင်း ရှင် များ ကို ဆန့် ကျင် ဆန္ဒ ပြ နေ သည့် #Occupy Wall Street လှုပ် ရှား မှု အဖွဲ့  ၀င်
များ အား ယနေ့ ရဲများ က ငရုတ် ကောင်း မှုန့် များ ထည့် ထား သည့် မှုတ် ဆေး ဗူးများ
ဖြင့် ပက် ဖျန်း ခံ ရ သည် ဟု FNG မှ သတိရရှိ သည်။
Occupy Wall Street လှုပ်ရှား မှု တွင် ပါဝင် သည့် ဘရွတ်ကလင်း မှ ဆန္ဒပြသူ အယ်လင်
အိုင်ဇက် ဟေလ်း က FNG သို့  ပြော ရာ တွင် ဆန္ဒပြ သူများ မှာ အမျိုးသား လေကြောင်း နှင့်
အာကာသ ပြတိုက် သို့  ၀င်ရောက် ချိန် တွင် ရဲတပ် ဖွဲ့  ၀င် များ က တားဆီး သည့် သဘော နှင့်
ပက်ဖျန်း ခြင်း ဖြစ် သည် ဟု ပြော သည်။
ဝါရှင်တန် ဒီစီ ရှိ ဆန္ဒပြ သူများ သည် ယနေ့  ဝေါလ်စထရိ ကို သိမ်းပိုက် ရန် ၊ H လမ်းမ ကို သိမ်း
ပိုက်ရန် (သပိတ် စခန်း ဖွင့် ရန် အတွက် )၊ နေရာ မှန် သမျှ ကို သိမ်း ပိုက် ရန် အတွက် ကြွေးကျော်
ကာ စမစ်ဆိုနီးယန်း အင်စတီကျု ၏ လေကြောင်း နှင့် အာကာသ ပြ တိုက် ကို ၀င်ရောက် သိမ်း
ပိုက်ရန် ချီတက် လာ ခြင်း ဖြစ် သည်။
နယူးယောက် တွင် လည်း ထောင် နှင့် ချီ သည့် ဆန္ဒပြ သူ များ သည် ၎င်း တို့  ၂၂ ရက်ကြာ စခန်း
ချရာ ဇာကိုတီ ပန်းခြံ မှ အောက် မက်ဟတ်တန် ရှိ ၀ါရှင်တန် ရင်ပြင် သို့  ချီတက်ကြ ရာ လူထောင်
ပေါင်း များ စွာ ပါဝင် ခဲ့ သည်။
ကော်လိုယာဒို ပြည်နယ် ဒင်ဗာ မြို့  တွင် လူ ၇၀၀ ခန့် က ဗဟို ဘဏ် ရှေ့  တွင် စု ရုံး ပြီး ဆန္ဒပြ
ကြသည်။
OWS လှုပ်ရှား မှု များ ကို အမေရိကန် မြို့  ပေါင်း ၁၀၀၀ ကျော် နှင့် နိုင်ငံ တကာ ရှိ မြို့  ပေါင်း ၁၀၀
ခန့် တွင် ကျင်း ပ နိုင်ခဲ့ သည် ။
ဆန္ဒပြ သူ များ ကြောင့် နယူးယောက် ရဲတပ်ဖွဲ့  ၀င် များ ကို အချိန် ပို ကြေး လုပ်ခ ကြေး များ တိုး
ပေး ရ မှု သည် တစ်လ လျှင် ဒေါ်လာ တစ်သန်း ခန့်  ရှိ မည် ဟု နယူးယောက် တိုင်း သတင်း စာဓ
တွင် ရေး သား ထား သည်။
အမေရိကန် အရင်း ရှင် များ ၏ မသမာ မှု နှင့် လောဘဇော တိုက်ကာ စီပွား ရှာ မှု ကို ဆန့် ကျင် တိုက်
ဖျက် သည့် Occupy Wall Street သည် ပြီး ခဲ့ သည့် သီတင်း ပတ် မှာ စတင် ကာ အမေရိကန် နိုင်
ငံ တ၀ှမ်း သို့  ပျံ နှံ့ သွား ပြီး ယခု အခါ မြို့  တိုင်း နယ် တိုင်း ဉ် ဆန္ဒပြ မှု များ ဖြစ်ပွား နေသည်။
ယနေ့ ဝါရှင်တန် ၊ နယူးယောက် ၊ ဘော်စတွန် မြို့  များ တွင် ပြု လုပ် သည့် ဆန္ဒ ပြ မှု များ ဉ်
အီရတ် နှင့် အာဖဂန် နစ္စတန် ရှိ အမေရိကန် တပ် များ ပါ ရုပ်သိမ်း ရေး တို့  ပါဝင် သည်။
Occupy Wall Street လှုပ်ရှား မှု များ ကို အဆို တော် ဂျွန်လင် နွန် ၏ ဇနီး ဖြစ်သူ ယိုကို အိုနို
တင် ရော်ဘင် ၊ မိုက်ကယ် မိုး ၊ ဆူဆန် ဆာရာဒန် နှင့် မာတ်ခ် ရဖ် ဖဲ လိုး နှင့် ဟစ်ဟောပ် အဆို
တော် မာခ် ရဖ်ဖဲ လိုး တို့  က ထောက်ခံ ပူးပေါင်း ပါဝင်သည်။
နယူးယောက် မြို့ တော် ၀န် မိုက်ကယ် ဘလွန်းဘာဂ် က ဆန္ဒ ပြ သူ များ သည် အမေရိကန် လုပ်
ငန်း ခွင် များ ကို ဖျက်ဆီး နေခြင်း ဖြစ် သည် ဟု ပြောပြီး ၊ ယူထ ပြည်နယ် အထက်လွှတ်တော်
အမတ် အိုရင် ဟတ်ရှတ် က မူ ဆန္ဒ ပြ မှု များ သည် ရုတ် ရင်း ဆန် ခတ် ဖြစ် နိုင် သည် ဟု
ပြောဆို ခဲ့ သည်။
Related articles
- #OccupyWallStreet: US Activists Protest in Washington, One Arrested (censorshipinamerica.com)
- About the Occupy Wall Street Library… (batterrier.com)
- Occupy Wall Street – Who Are The 99%? (bigeasyapple.com)
- The 53% Speak To The So-Called 99% (gadabout-blogalot.com)






