Michelle Yeoh နဲ့ Luc Besson က နိုင်ငံရေး အကျဉ်းသား လွတ်မြောက် မှု ကို ကြိုဆို

မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသား အချို့ ကို  ပြန်လွှတ်လိုက်တဲ့ အတွက် The Lady  ဇာတ်
ကား မှာ မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ် ဆောင် ခဲ့ တဲ့
မင်းသမီး မစ်ရှယ်(လ)ယိုလ်း က ကြိုဆို လိုက်ပါတယ်။

နိုင်ငံကျော် ဟာသ ပညာရှင် ကို ဇာဂနာ ပြန် လွတ်တာ ဟာ ၀မ်းသာ စရာ သတင်း ပဲ လို့  လည်း
သူက Sky News ကို ပြော ခဲ့ ပါတယ်။ နိုင်ငံ ရေး အကျဉ်းသား တွေ လွတ်မြောက် မှု  ကို ဒီဇာတ်
ကား ရဲ့  ဒါရိုက်တာ ဖြစ်သူ Luc Besson ကလည်း ၀မ်းသာစကား ဆို ခဲ့ ပါတယ်။

The Lady ဇာတ်ကား ဟာ တောင်ကိုရီးယား နိုင်ငံ ပူဆန် မြို့  မှာ လုပ် တဲ့ ရုပ် ရှင် ပွဲ တော် မှာ ပါ
ဝင် ပြ သ လျှက် ရှိ ပါတယ်။

မလေးရှား နိုင်ငံ ဇာတိ မင်းသမီး မစ်ရှယ်(လ)ယိုလ်း ဟာ ဂျိမ်းဘွန်း ရုပ်ရှင် ဇာတ်ကား အပါအ၀င်
Crouching Tiger Hidden Dragon နဲ့  Memories of Geisha ဇာတ်ကား တွေ မှာ သရုပ်
ဆောင် ခဲ့ ပါတယ်။

မနေ့  က ပြန်လွတ်ပေး လိုက် တဲ့ နိုင်ငံ ရေး အကျဉ်း သား တွေ ဟာ ယခင် စစ်အစိုးရ လက်ထက်
က ဖမ်းဆီးထား သူ တွေ ရဲ့  ၁၀ ရာ ခိုင်နှုန်း နီး ပါး ပဲ ရှိတဲ့ အတွက် အား ရ ကျေနပ် စရာ မကောင်း
ဘူး လို့  လူ့  အခွင့် အရေး လေ့လာ စောင့် ကြည့် ရေး အဖွဲ့  တွေ က ထောက် ပြ ကြ ပါတယ်။