နိုင်ငံရေး အကျဉ်းသား လွတ်မြောက် ရေး သောကြာ နေ့  ဆန္ဒ ထုတ်ဖော် မည်

မြန်မာ စစ်အစိုးရ ၏ အကျဉ်းထောင် တွင်း ဉ် ဆက် လက် ဖမ်းဆီး ထား သည့် နိုင်ငံ ရေး အကျဉ်း
သား များ လွတ်မြောက် ရေး အတွက် အောက်တိုဘာ လ ၂၁ ရက် သောကြာ နေ့ တွင် တက်ကြွ သူ
များ က ဆန္ဒ ထုတ် ဖော် မည် ဟု FNG မှ  သတင်း ရရှိ သည်။

ဆန္ဒထုတ် ဖော် မည့် သူ အချို့  က Occupy Yangon အနေ့ ဖြင့် လည်း နိုင်ငံ ရေး အကျဉ်း သား
လွတ်မြောက် ရေး အတွက် လှုံ ဆော် မှု ပြ မည် ဟု သိရသည်။

ပြီး ခဲ့ သည့် စက်တင်ဘာလ ၁၇ ရက်နေ့  က နယူးယောက် ဝေါလ်စထရိ တွင် စတင် ခဲ့ သည့် စီး
ပွား ရေး မညီမျှ မှု နှင့် ငွေရှင် ကြေး ရှင် များ ၏  အမြတ်ကြီးစား မသမာ  မှု တို့  ကို ဆန့် ကျင်
သည့် ဆန္ဒ ပြ ပွဲ များ မှာ ယခု အခါ တွင် အမေရိကန် နိုင်ငံ တ၀ှမ်း သာ မက နိုင်ငံ တကာ သို့  ပျံ
နှံ က လူထု အုံ ကြွ မှု များ မှာ လည်း ဆက် လက် အား ကောင်း လာ သည်။

သောကြာ နေ့  နိုင်ငံ ရေး အကျဉ်းသား လွတ်မြောက် ရေး အတွက် ဆန္ဒ ထုတ် ဖော် မှု အား ဦး
ဆောင် စည်း ရုံး နေသူ တစ်ဦး က ” နိုင်ငံ ရေး အကျဉ်း သား ၂၀၀ ကျော် ကို ပဲ လွှတ်တယ် ဆို
တာ ပြည်သူ လူ ထု ရဲ့  တောင်း ဆို မှု ကို လုံး သ ဂရု မစိုက် တဲ့ သဘောပဲ။ နိုင်ငံ ရေး အကျဉ်း
သား လွတ် ဖို့  ကျွန်တော် တို့  ဘာ တောင်း ဆို မှု မှမ ပြု သေး သမျှ လွတ် မှာ မဟုတ် ဘူး ၊
ဒီ အတိုင်း ဆက်ဖမ်း ထား အုံး မှာ ပဲ။ မကြာ ခင် လွှတ် မယ် ဆို တဲ့ အိပ်မက် တွေ ဆက် ပေး
နေမယ်။ အပြောင်း အလဲ လို့ သူ တို့  ပြောနေတာ တွေ  မှာ တစ်ကယ် လက်ဆုပ် လက် ကိုင်
မယ်မယ် ရရ ပြ နိုင်တာ မရှိ သေး ဘူး ” ဟု FNG သို့  ပြောသည်။

ပြီး ခဲ့ သည့် စက်တင်ဘာ လ က နိုင်ငံ ရေး အကျဉ်း သား များ လွတ်မြောက် ရေး နှင့် မြစ်ဆုံ
ရေကာတာ တည် ဆောက် မှု ရပ် တန့်  ရေး တို့  အတွ က် ရန် ကုန် မြို့  တွင် ဆု တောင်း ပွဲ များ
ပြု လုပ် ခဲ့ ကြ သည်။