အောက်တိုဘာ လ ၁၉ ရက်နေ့  ဗုဒ္ဓဟူးနေ့  နေ့ လည် ၁၂ နာရီ နောက်ဆုံး ရ သတင်း များ အရ
မုန်တိုင်း ငယ် အဖြစ် အသွင်း ပြောင်း သွား သည့် လေဖိအားနည်း ရပ်ဝန်း သည် မြန်မာ နိုင်ငံ
အနောက် မြောက် ဘက် ဆီ ကို ဦးတည် ရွေှ့ လျှား နေသည် ဟု သိရသည်။
မုန်တိုင်း ၏ အရှိ န်ကြောင့် ရန်ကုန်တိုင်း ၊ ဧရာဝတီ တိုင်း နှင့် ရခိုင် ပြည်နယ် တို့  တွင် မိုးဆက်
လက် ရွာသွန်း လျှက် ရှိ သည်။
မြန်မာ စံတော် ချိန် နံနက် ၁၀ နာရီ နောက်ဆုံး ရရှိ သည့် သတင်း များ အရ လေဖိအား နည်း ရပ်
ဝန်း သည် ပိုမို အားကောင်းလာ ပြီ နောက် ၂၄ နာရီ အတွင်း မုန်းတိုင်း တစ်ခု အဖြစ် အသွင်ပြောင်း
လဲဖွယ် ရှိ သည် ဟု သိရသည်။
ဘင်္ဂလား ပင်လယ် အော်တွင် အောက်တိုဘာလ ၁၇ ရက် နေ့  မှစတင်ကာ လေဖိအားနည်း ရပ်
ဝန်း တစ်ခု ဖြစ်ပေါ် နေပြီး အဆိုပါ လေဖိအား နည်း ရပ် ၀န်း သည့် အား ကောင်း သည့် လေမုန်
တိုင်းကြီး တစ်ခု ဖြစ်ပေါ် ရန် အလား အလာ ရှိ နေသည် ဟု Times of India သတင်းစာ နှင့်
မြန်မာ မိုးလေ ၀သ နှင့် ဇလ ဗေဒ ပညာ ရှင် ဒေါက်တာထွန်းလွင် ၏ အင်တာနက် စာ မျက် နှာ
တွင် ဖော်ပြထား သည်။
မိုးနှောင်ပိုင်း လေဖိ အား နည်း ရပ် ၀န်း သည် ပိုမိုအားကောင်းလာ ပြီး မုန်တိုင်း အဖြစ် အားကောင်း
လာပါက လေကြောင်း အပြောင်း အလဲ ကြောင့် မြန်မာ နိုင်ငံ သို့  ၀င် နိုင် ခြေ နည်း သော်လည်း
အားကောင်း သော် မုန်တိုင်း အဖြစ် ပြောင်းလဲ ပါက မြန်မာ နိုင်ငံ ကမ်းရိုးတန်းများ သို့  တစ်နာ
ရီ မိုင် ၉၀ နှုန်း ခန့်  ဖြင့် ၀င်ရောက် နိုင် သည် ဟု သတင်း ရရှိ သည်။
ယမန် နေ့ ည နှင့် ယ နေ့  မနက် တွင် ရန် ကုန် တိုင်း နှင့် ဧရာဝတီ တိုင်း ဒေသ အချို့  ဉ် မိုး သည်း
ထန် စွာ ရွာ သွန်း နေသည်။
