အစ္စရေး – ပါလက်စတိုင်း (ဟားမတ်စ) အကျဉ်းသား လဲလှယ် မှု အစီအစဉ် ရ တနင်္လာနေ့  ည
မှာ အစ္စရေး တို့  က ဖမ်းဆီးထား တဲ့ ပါလက်စတိုင်း အကျဉ်းသား ၁၀၂၇ ဦး ကို လွှတ်ပေးပြီး
ပါလက်စတိုင်း ဟာမတ်(စ) အဖွဲ့  က တော့ သူတို့  ၂၀၀၆ ခုနှစ် တုန်း က ဖမ်းဆီးထား တဲ့ အစ္စ
ရေး စစ်သား ဂီလတ် ရှာ လစ် ကို ပြန်လွှတ်ပေး ခဲ့ ပါတယ်။
အစ္စရေး က ဖမ်းဆီးထား တဲ့ အကျဉ်း သား တွေ ကို နေရာ ခွဲ ပြီး ပြန်လွှတ်မှာ ဖြစ်ပါတယ်။
ဂါဇာ မှာ ၂၉၇ ယောက်လွှတ်မှာ ဖြစ်ပြီး ၊ ၁၁၇ ယောက် ကို အနောက် ဘက် ကမ်း ခြေ ၄၀
ကျော် ကို အရှေ့  ဂျေရုဆလင် နဲ့  ကျန်တဲ့ အကျဉ်းသား တွေ ကို တူရကီ၊အီဂျစ် ၊ ဂျော်ဒန်
ဆီးရီးယား စတဲ့ နိုင်ငံ တွေ ကို ပို့ မှာ ဖြစ်ပါတယ်။
အစ္စရေး က ဒီနေ့ ည လွှတ်ပေး သူ အများ စု ဟာ ပါလက်စတိုင်း လက် နက် ကိုင် အဖွဲ့  တစ်
ခု ဖြစ်တဲ့ ဟားမတ် (စ) အဖွဲ့  က ဖြစ်ပြီး အချို့  ကတော့ အစ္စရေး က ဂါဇာ ကို ၀င်ရောက် စီး
နင်း မှု မှာ အပြစ် မဲ့ စွာ ဖမ်းဆီး ခံ ရတာ ဖြစ်ပါတယ်။
အကျဉ်း သား တွေ ကို အစ္စရေး နဲ့  အီဂျစ် နယ် စပ်က ခဆီယွတ် နဲ့  နိုင်ငံ အလယ်ပိုင်းး က ဟာ
ရှရွန် အကျဉ်းထောင် တွေ က လွှတ်ပေး မှာ ဖြစ် ပါတယ်။
အခု အသက် ၂၅ နှစ် အရွာယ် ရှိ ပြီ ဖြစ်တဲ့ ဂီလတ် ရှာလစ် ပြန်လည် ရရှိ ဖို့  ကို အစ္စရေး တပ်
ဖွဲ့  က နှစ်ကြိမ် ကြိုး စား ပြီး အနောက် ဘက်ကမ်း နေ ရာ အချို့  ကို စီနင်း ခဲ့ ပေမယ့် ဟား
မတ်(စ) အရေး သိပ် မပါ တဲ့ နေရာ တွေ ဖြစ်ခဲ့ ပါတယ်။
နောက်ဆုံး ရ သတင်း တွေ အရ ဟားမတ်(စ) က ဂါလစ် ရှီလတ် ကို လွှတ်ပေး ခဲ့ ပြီး အခု
သူ ဟာ အီဂျစ် နိုင်ငံ ထဲ က တစ်ဆင့် အစ္စရေး ဘက် ကို ပြန်တော့ မှာ ဖြစ်ပါတယ်။
