တရုတ် နိုင်ငံ က သိမ်းပိုက် ထားမှု အား လွတ်မြောက် ရန် ကြိုးစား နေသည့် တိဘက် လွတ်
မြောက်ရေး တပ်ဖွဲ့  များ အား လက်နက် မှောင် ခို သွင်း ပေး နေ သည့် မြန်မာ လူ မျိုး ၁၇ ဦး
ကို လျှို့ ဝှက် သွင်းယူ လာ သည့် လက် နက် များ နှင့် အတူ ဖမ်းဆီး ရမိ ကြောင်း တရုတ် အစိုး
ရ ဆင်ဟွာ သတင်းဌာန မှ သတင်း ထုတ် ပြန် သည်။
ဖမ်းဆီး ရမိ သူများ ကို စစ်မေး ချက် အရ သူ တို့  သည် ၂၀၀၉ ခုနှစ် ကတည်းက တိဘက်
ဒေသ သို့ လက်နက် များ မှောင် ခို ပို့  ဆောင် ပေး နေ သည် ဟု တရုတ် အစိုးရ ထံ တွင်
ဖြောင့် ချက် ပေး သည် ဟု ဆင်ဟွာ က ဖော် ပြ သည်။
ဖမ်းဆီး ရမိ သူများ တွင် ပစ္စတို ၈ လက်၊ ရိုင်ဖယ် ၁ လက် နှင့် ကျဉ်ဆံ ၁၀၀ ကျော် ပါ သည်
ဟု သတင်းထုတ် ပြန် သည်။
မြန်မာ အစိုးရ က တရုတ် အစိုးရ ရင်းနှီး မြုပ် နှံ ထား သည့် မြစ်ဆုံ ဆည် စီမံ ကိန်း ကို ရပ် တန့် 
လိုက် ကတည်း က တရုတ် နှင့် မြန်မာ ဆက်ဆံ ရေး တွင် အဖု အထစ် များ ဖြစ် ပေါ် နေ ခဲ့ သည်။
ဖမ်းဆီး ရမိ သူ များ မှာ တရုတ် – မြန်မာ နယ်စပ် ယူနန် ပြည်နယ် တွင် ဖြစ် သည်။
FNG – MDY
