မကွေးတိုင်း ၀န်ကြီး ချုပ် က ရေဘေး ဒုက္ခ သည် သတင်း ကို ဓာတ်ပုံ ရိုက် ခွင့် မပြု

စစ်ကိုင်း တိုင်း ဂန့် ဂေါ နဲ့  ကလေး မြို့  ရေကြီး မှု တွေ မှာ အနည်း ဆုံး လေးဦး သေဆုံး ခဲ့ပြီး
ကျောက်ဆည် ရေကြီး မှု မှာ တော့  တစ်နှစ် အတွင်း ရေကြီး မှု သုံး ခါ ဖြစ်ပေါ် ခဲ့တာ ကြောင့်
စပါး ခင်း ၊ ငရုတ်ခင်း တွေ အပါအ၀င် လူနေ အိမ်ခြေ အများ အပြား လည်း ပျက်စီး ဆုံး ရှုံး မှု
ဖြစ်ခဲ့ တယ် လို့  သိရပါတယ်။

မြန်မာ အစိုးရ ဒု သမ္မတ စိုင်းမောက်ခမ်းက ဒီနေ့ ပခုက္ကူ ရေဘေး ကို လာရောက် ကြည့် ရှု မယ်
လို့  သတင်း တွေ ထွက် ပေါ် နေပါတယ်။

လူ ရာ နဲ့  သေဆုံးပြီး ထောင်ပေါင်း များ စွာ အသက်ဆုံး ရှုံး ခဲ့ ရတဲ့ အထက်မြန်မာ ပြည် ရေလွှမ်း
မိုး မှု တွေ မှာ အစိုးရ က ထိထိရောက် ရောက် မကူညီ ဘုး လို့  သိရပါတယ်။ ဒါ နဲ့  ပတ်သက်ပြီး
ပခုက္ကူ ရေဘေး ဒုက္ခသည် တစ်ဦး က ” အစိုးရ က ထမင်း ထုပ် တစ်ခါ လာ ပို့ တယ် နောက် နေ့ 
တွေ မှာ ဘုန်းကြီး ကျောင်း ကို စေတနာ ရှင် တွေ က လာ လှု လို့  စား ရတယ်။ စရဖ က နင် တို့ 
ဒီရေဘေး ကိစ္စ ကို သတင်း ပို့  တာ တို့  အင်တာ ဗျူးတာ တို့  မလုပ် ရ ဘူး  နင် တို့  ကျူးကျော်
တွေ အိပ်ပါ ပျောက် သွား မယ်။ ဒါ ၀န်ကြီးချုပ် ပြောတာ ဆို ပြီး ခြိမ်းခြောက် ထား တယ် လို့ 
ပြောပါတယ်။

ပခုက္ကမှာ ရေကြီး ပြီး ချောင်းရေ လျှံ မှု ကြောင့် လူ ၂၀၀ ကျော် သေဆုံး ခဲ့ ရတာ ကို သွား
ရောက် သတင်း ယူတဲ့ သတင်း ထောက် တွေ ကို မကွေး တိုင်း ၀န်ကြီးချုပ် က ဓာတ်ပုံရိုက်
ခွင့် မပြု ဘူး လို့  FNG က သိရပါတယ်။

7 thoughts on “မကွေးတိုင်း ၀န်ကြီး ချုပ် က ရေဘေး ဒုက္ခ သည် သတင်း ကို ဓာတ်ပုံ ရိုက် ခွင့် မပြု

  1. အဲပြီးတော့……..ဘုန်းမော်ရွှေက သူခိုးအကြီးစားပဲ.. အင်္ဂလိပ်ခေတ်တုန်းကပျက်ကျခဲ့ တဲ ငဖဲဘက်မှာ လေယာဉ်ပျက်ကြိးထဲက box ကြိးတစ်ခုကိုစစ်ဆေးတော့ အဲဒီထဲမှာ ရွှေအမြောက်အများတွေ့ တာ..နေပြည်တော်ဌာနချူပ်က အဲဒီ boxကို လာသိမ်းတော့ အခွန်ပဲအပ်လိုက်တာ ..သူကိုတော့ သူတော်ကောင်းလိုလိုဘာလိုလိုနဲ့ …တကယ့် သူခိုးကြီးပဲ..

  2. မကွေးမှာ ဘုန်းမော်ရွှေအုပ်ချူပ်ပုံက အရင်တိုင်းပဲ .သူကောင်းစားဖို့ ပဲကြည့်တယ်..မကွေးမှာ စိးပွားအောင်မြင်နေတဲ့  သူတွေစီကို သူ့ ငွေ ထောင်ပေါင်းများစွာကို တိုးတက်အောင်လုပ်ဖို့  ရှယ်ယာတွေ ထည့်.စီပွားရှင်တွေကို လုပ်ငန်းတွေ ချပေး အဲလိုပဲ လုပ်နေတာကြာပြီ။မကွေးမြို့ က ဘာမှမတိုးတက်ဘူး စုတ်ပြတ်နေတာပဲ ..မကွေးသားတွေကလဲ အမြဲကြောက်နေရတယ်..သူ့ မိန်းမဆိုလဲ ရေနံတွင်းမှာ တစ်ဂါလဲ. နှစ်ဂါလံလောက်ထွက်တဲ့ တွင်းတောင် လိုက်ပြီး ရှယ်ယာဝင်တယ်…သူအာနာတည်မြဲဖို့ ငြိမ်ငြိမ်လေး ကုတ်စားနေတဲ့ ကြောင်ပါးကြီး ..

  3. ဘာလို့ကြောက်နေကြမှာလဲ . . ဒီမိုကရေစီနိုင်ငံမှာ ဘုန်းမော်ရွှေက အာဏာရှင်ပုံစံနဲ့ အုပ်ချုပ်နေတာကို ငုံခံမနေကြပါနဲ့ မကွေးသားတို့ရေ. . ဗိုလ်ချုပ်မွေးတဲ့ နတ်မောက်က မကွေးထဲမှာရှိတာနော် .. မကွေးသားများ သွေးများနီကြပါ . . .

  4. မကွေးတိုင်းဝန်ကြီးချုပ် ဘုန်းမော်ရွှေကတော့ စံပြပါဘဲဗျို့..။ သူရာထူးတည်မြဲရေးအတွက် အကြောက်တရားကိုလက်ခံထားသူပါ။ ပြည်သူတွေ ဘာဖြစ်ဖြစ် သူကတော့စိတ်မညစ်တဲ့သူပါ။ မြန်မာနိုင်ငံ သမ္မတက ဒီမိုကရေစီခေတ်ပြောင်းနေလည်း သူကတော့ အာဏာရှင်စနစ်က မဆင်းပါဘူး။ အရင်ကထက်တောင် ပိုပြီး ဗိုလ်ကျစိုးမိုးနေကြပါတယ်။ အောက် က ၀န်ထမ်တွေလည်း စိတ်ညစ်နေကြရပါတယ်။

  5. What is the change? I dont see the change. The same thing as SPDC/SLORC.

    What is the Change? Aunty Su, tell me.

  6. စရဖ က နင် တို့ 
    ဒီရေဘေး ကိစ္စ ကို သတင်း ပို့  တာ တို့  အင်တာ ဗျူးတာ တို့  မလုပ် ရ ဘူး နင် တို့  ကျူးကျော်
    တွေ အိပ်ပါ ပျောက် သွား မယ်။ ဒါ ၀န်ကြီးချုပ် ပြောတာ ဆို။ဒါ လက်ရှိ ၀န်ကြီးတွေ၇ဲ့စိတ်ဓါတ်အ၇င်းခံဘဲ၊
    ငုတ်မခံကြနဲ့ ၊ပြည်သူတွေလက်မှတ်ထိုး ဖြုတ်ချကြ၊
    ကိုယ်ချင်းစာတ၇ား ဆိုတာ မှ နားမလည်တာ ။ဝန်ကြီးလုပ်မဲ့အစား၊ သူခိုး ဓါးပြဘဲ လုပ်နေသလို ဖြစ်နေပြီး၊
    ၇ဲ၇ဲရင့်၇င့်နဲ့ တိုက်ပွဲဝင်ကြ၊

Comments are closed.