လွန် ခဲ့ တဲ့ ကိုး လ က တူနီးရှား အာဏာရှင် ဘင်အလီ ပြုတ်ကျသွားပြီး နောက် ပိုင်း မှ ပထမ
ဦးဆုံး အကြိမ် အဖြစ် တူနီးရှား နိုင်ငံ သား တွေ မဲပေးမှု စတင် နေပြီ ဖြစ်ပါတယ်။ တူနီးရှား
နိုင်ငံ သား တွေ ဟာ သူ တို့  ရဲ့  ဒီမိုကရေစီ အစိုးရ ကို ရွေးကောက်ပွဲ မှာ မဲပေး နိုင်ခဲ့ တဲ့ အတွက်
ပျော်ရွင် နေကြတယ် လို့  ရိုက် တာ သတင်း တစ်ရပ် မှာ ဖော်ပြထား ပါတယ်။
ရွေးကောက်ပွဲ မှာ ပါဝင်ယှဉ်ပြိုင် တဲ့ သူ တွေ ထဲ မှာ တူနီးရှား အစ္စလာမစ် အခြေခံ ၀ါဒီ အချို့  နဲ့ 
ဇန်န၀ါရီလ ၁၄ ရက်နေ့ မှာ တိုင်းပြည်က ထွက်ပြေးသွား ရတဲ့ သမ္မတ ဟောင်း ဘင်အလီ ကို
ထောက်ခံ သူ အချို့ လည်း ပါဝင်ယှဉ်ပြိုင်ကြပါတယ်။
တူနီးရှား နိုင်ငံ ရဲ့  အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှား မှုကြီး စတင် ခဲ့ သူ လည်း ဖြစ် အာရပ် နွေ
ဦး ကို အစပျိုးပေး ခဲ့ သူ လည်း ဖြစ်တဲ့ မိုဟာမက် ဘူဇာဇီ ရဲ့  မိခင် ဖြစ်သူ လည်း ရွေးကောက်ပွဲ
မှာ လာရောက် မဲပေးခဲ့ ပါတယ်။ သူက ဒီရွေးကောက်ပွဲ ဟာ ဂုဏ်သိက္ခာ နဲ့  လွတ်မြောက် မှု တို့ 
ရဲ့  အောင်ပွဲ လို့  ပြောပါတယ်။ သူ မရဲ့  သားဖြစ်သူ ဘွဲ့ ရ တက္ကသိုလ် ကျောင်းသား ဟာ သူ ရောင်း
တဲ့ သစ်သီးလှည်း ကို သတ်မှတ် နေရာ မှာ မရောင်း လို့  ရဲ က သိမ်းယူရာ ကနေ ကိုယ့် ကို ကိုယ်
မီးရှို့ ဆန္ဒပြ မှု ပေါ်ပေါက် ကာ ဘင်အလီ ဆန့် ကျင်ရေး တွေ စတင် ခဲ့ တာ ဖြစ်ပါတယ်။
လွှတ်တော် အမတ် နေရာ ၂၁၈ နေရာ အတွက် နိုင်ငံရေး ပါတီပေါင်း ၆၀ ကျော် နဲ့  တစ်သီးပုဂ္ဂလ
တွေက ဒီနေ့  ပါဝင်ယှဉ်ပြိုင် ကြ မှာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲ မှာ နှစ်ပေါင်း များ စွာ ပြည်ပရောက် အတိုက်အခံ အဖြစ် နဲ့  နေလာ ခဲ့ ကြတဲ့ တူနီး
ရှား အတိုက်အခံ တွေ လည်း ပါဝင် ယှဉ်ပြိုင်ကြပါတယ်။
