အမေရိကန် အစိုးရက မြန်မာ နိုင်ငံ အတွက် ခန့် အပ် ထားတဲ့ အထူး သံ ကိုယ်စားလှယ် နှင့်
ညှို နိုင်း ရေး မှု တစ်ဦး ဖြစ်သူ ဒဲရက်(ခ) မစ်ချလ် ဟာ ဒီနေ့  မြန်မာ နိုင်ငံရောက်ရှိ နေပြီ လို့ 
သတင်း ရရှိ ပါတယ်။ အမေရိကန် အထူး သံ ဟာ ဒီနေ့  မြန်မာ နိုင်ငံ ရန်ကုန် မြို့  ကို ရောက်
ရှိ နေပြီး နက်ဖြန် မှာ စစ်အစိုးရ ရုံး စိုက်ရာ နေ ပြည်တော် ကို သွားရောက် ဖို့  ရှိ ပါတယ်။
သူ ဟာ မြန်မာ နိုင်ငံ ရဲ့  ပထမဦး ဆုံး ခရီး စဉ် ကို စက်တင် ဘာ လ က စတင် ခဲ့ တာ ဖြစ်ပြီး
အခု နှစ်လာ အတွင်း ဒုတိယ မြောက် ခရီး စဉ် ဖြစ်ပါတယ်။
ပထမ အကြိမ် ခရီး စဉ် မှာ မြန်မာ အစိုးရ တာဝန် ရှိ သူများ နဲ့  ဒေါ်အောင်ဆန်း စုကြည် တို့ 
ကို ပါ တွေ့ ဆုံ ခဲ့ ပါတယ်။ သူ့ ရဲ့  ဒုတိယ မြောက် ခရီးစဉ် မှာ တော့ ဘယ်သူတွေ နဲ့ ဆုံတွေ့ 
ဖို့  ရှိတယ် ဆိုတာ အသေးစိတ် သတင်း ထုတ် ပြန် ခြင်း မရှိ ပါဘူး။
သူ့  ကို ယခု နှစ် ဧပြီ လ မှာ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် အမေရိကန်
အစိုးရ က အဆို ပြု ခဲ့ တာ ဖြစ်ပါတယ်။
